Africa & Middle East
တစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်း ၄၀ ထက်မနည်းသေဆုံး
ဂျေရုဆလမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀ ထက်မနည်းသေဆုံးပြီး ၂၂၄ ဦး ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇွန် ၂၉ ရက်တွင်ပြောကြားသည်။
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စတင်ဖြစ်ပွားသည့်အချိန်မှစပြီး သေဆုံးသူပေါင်း ၃၇,၈၃၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၈၆,၈၅၈ ဦးရှိကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့နှင့် ဂါဇာစီးတီးအရှေ့ပိုင်းရှိ ရှူဂျာယာရပ်ကွက်တို့တွင် လောင်စာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အစ္စရေးတပ်ဖွဲ့နှင့် ဟားမက်စ်အဖွဲ့တို့၏အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့များသည် ရှူဂျာယာရပ်ကွက်ရှိ ဟားမက်စ်တို့၏ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အာဗီချေအာဒရာအီက ဇွန် ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့ဝင်များသည် ဟားမက်စ်အဖွဲ့ဝင်များကို သုတ်သင်ဖယ်ရှားခဲ့ပြီး နယ်မြေအတွင်းရှိ စာသင်ကျောင်းတစ်ခုအတွင်း လက်နက်သိုလှောင်ရုံတစ်ခုကိုတွေ့ရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ရာဖာမြို့၌ အစ္စရေးတပ်ဖွဲ့များသည် ဥမင်လိုဏ်ခေါင်းများအပါအဝင် ဟားမက်စ်တို့ ပုန်းအောင်းခိုသည်ဟု ယူဆရသည့် အခြေခံအဆောက်အအုံ အများအပြားကို ဖျက်ဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အာဗီချေအာဒရာအီက ဆက်လက်ပြောကြားသည်။
တစ်ချိန်တည်းတွင်ပင် ဂါဇာရှိပြည်သူများသည် အမိုးအကာ၊ အစားအသောက်၊ ဆေးဝါးနှင့်ရေသန့်များ ဆိုးရွားစွာပြတ်လပ်နေသဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း
ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများ အေဂျင်စီက အလေး ပေးဖော်ပြခဲ့သည်။
လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများပို့ဆောင်ရာတွင် အသုံးပြုသည့် ဂါဇာကမ်း ရိုးတန်းတွင် ထားရှိသော အမေရိကန်၏ ယာယီရေပေါ်ဆိပ်ခံတံတားကို ဖယ်ရှားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇွန် ၂၈ ရက်၌ ကြေညာခဲ့သည်။ ဆိပ်ခံတံတားသည် ဂါဇာကမ်းမြောင်သို့ အကူအညီများရရှိရန် အဆုံးသတ်ဖြေရှင်းချက်မဟုတ်ကြောင်းနှင့် မြေပြင်လမ်းကြောင်းများသည် အထိရောက်ဆုံးပို့ဆောင်ရေး နည်းလမ်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှတာဝန်ရှိသူများက ပြောကြားသည်။ (Xinhua)
…………………………
(English Version)
At least 40 Palestinians killed in Israeli attacks in Gaza during past day: health authorities
GAZA, June 29 (Xinhua) — At least 40 Palestinians were killed and 224 others injured in Israeli attacks across the besieged Gaza Strip over the past 24 hours, according to health authorities controlled by Hamas on Saturday.
The latest casualties bring the total Palestinian death toll to 37,834, with 86,858 injuries reported since the outbreak of the Palestinian-Israeli conflict in October 2023, the health authorities said.
Officials added that rescue teams faced significant obstacles in reaching areas targeted by attacks due to fuel shortages and intense clashes between Israeli forces and Palestinian armed factions, particularly in the city of Rafah in southern Gaza and the Shujaeya neighborhood in eastern Gaza City.
Avichay Adraee, an Israeli military spokesperson, said in a press statement on Saturday that the Israeli forces are continuing the attack on “terrorist” targets in the Shujaeya area, fighting simultaneously above and below ground.
During the past hours, the forces eliminated many “saboteurs” in clashes, and the troops found a weapons depot inside a school complex in the area, he added. In Rafah, the Israeli forces eliminated several “saboteurs” and destroyed many “terrorist” infrastructure, including tunnel openings, according to Adraee.
Meanwhile, the United Nations Relief and Works Agency for Palestine Refugees in the Near East highlighted on social media platform X that hundreds of thousands of Gazans continue to endure severe shortages of shelter, food, medicine, and clean water, exacerbated by restricted access through border crossings.
A temporary floating aid pier operated by the United States, anchored off the coast of Gaza to facilitate humanitarian deliveries, has been removed due to adverse weather conditions, the Pentagon announced on Friday. This marks the third interruption since mid-May.
“Temporarily relocating the pier will prevent potential structural damage that could be caused by the heightened sea state,” said Sabrina Singh, deputy Pentagon press secretary, during a briefing on Friday.
The pier is not an end-all solution to getting aid into Gaza, Singh said, adding that land routes are the most effective delivery method.
Israel launched a large-scale offensive against Hamas in the Gaza Strip to retaliate against a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and around 250 were taken hostage. ■
Rescue work is underway after a bombing on the Al-Hoja Street in the center of the Jabalia refugee camp in northern Gaza Strip on June 29, 2024.(Photo by Mahmoud Zaki/Xinhua)