Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်ကို အီဂျစ်နှင့် နိုင်ဂျာနိုင်ငံတို့သို့ ပြန်လည်ပို့ဆောင်

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လစ်ဗျားတရားမဝင် ရွှေပြောင်းနေထိုင်သူများ ထိန်းချုပ်ရေးဌာန၊ နေရပ်ပြန်လည်ပို့ဆောင်ရေးရုံး အပြင်ဘက်တွင် ဘတ်စ်ကားပေါ်တက်ရန် တန်းစီနေသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ၏ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ထိန်းချုပ်ရေးဌာနက ဇူလိုင် ၂၅ ရက်တွင်
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော် ၎င်းတို့၏ မူရင်းနိုင်ငံများဖြစ်သည့် နိုင်ဂျာနှင့် အီဂျစ်နိုင်ငံတို့သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အရာရှိတစ်ဦးက ပြောသည်။ ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၇၀၀ မှ ၇၅၀ ကြားရှိသည်ဟု လုံခြုံရေးအရာရှိ တစ်ဦးဖြစ်သူ မိုဟာမက်ဘရီဒါက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်ပြန်လည် ပို့ဆောင်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
လစ်ဗျား ပြည်ထဲရေးဝန်ကြီး အီမတ်အယ်တာရာဘယ်စီ၏ ပြောကြားချက်အရ လက်ရှိ လစ်ဗျားနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားသားပေါင်း ၂ ဒသမ ၅ သန်းခန့်ရှိပြီး အများစုမှာ ဗီဇာမရှိဘဲ လစ်ဗျားနယ်စပ်ကို ကျော်ဖြတ်ဝင်ရောက်ခဲ့ကြသူများဖြစ်သည်ဟု ဇူလိုင်လ အစောပိုင်းတွင်ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
Libya deports over 700 migrants to Niger, Egypt: official

TRIPOLI, July 25 (Xinhua) — The Illegal Migration Control Department of Libya on Thursday deported more than 700 illegal migrants to their home countries of Niger and Egypt, an official told Xinhua.
“The number of migrants is between 700 and 750,” said Mohamed Breda, a security affairs officer of the department.
He said that “the deportation of migrants from Libya will continue.”
Libyan Interior Minister Emad al-Tarabelsi said earlier in July that the number of foreign nationals currently in Libya is around 2.5 million, most of whom crossed the Libyan borders without entry visas. ■

Migrants line up to get on a bus outside the Deportation Office of the Libyan Illegal Immigration Control Department in Tripoli, Libya, on July 25, 2024 (Photo by Hamza Turkia/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.