Connect with us

Media

ထိုင်းတရားရုံးက ဝန်ကြီးချုပ် ဆေထာကို အစိုးရအဖွဲ့ဝန်ထမ်းခန့်အပ်မှုနှင့်ပတ်သက်၍ ရာထူးမှဖယ်ရှား

ဘန်ကောက်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ဆေထာထဝီဆင်ကို ဧပြီလက အစိုးရအဖွဲ့ အပြောင်းအလဲ အတွင်း ပြစ်မှုမှတ်တမ်းရှိသော ဝန်ကြီးအဆင့်ကိုယ်စားလှယ်လောင်းတစ်ဦးအား အမည်စာရင်း တင်သွင်းခဲ့ခြင်းအတွက် ဩဂုတ် ၁၄ ရက်၌ ရာထူးမှဖယ်ရှားခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားခြင်းအမိန့်ကို တရားသူကြီး ၅ ဦးတွင် ၄ ဦးက ထောက်ခံမဲပေးခဲ့ခြင်းဖြစ်ကာ ယင်းမှာ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်တွင်ပင် အာဏာသက်ရောက်ခဲ့သည်။ ဆေထာအနေဖြင့် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် Pichit Chuenban ကို ခန့်အပ်ခဲ့ခြင်းက ထိုင်းနိုင်ငံ၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထိုင်းအခြေခံဥပဒေအရ ဝန်ကြီးများသည် ဂုဏ်သိက္ခာနှင့် ပြည့်စုံရမည်ဖြစ်ကာ ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများကလည်း ကျင့်ဝတ်စံနှုန်းများအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Thai court removes PM Srettha over cabinet appointment
BANGKOK, Aug. 14 (Xinhua) — Thailand’s Constitutional Court on Wednesday removed Srettha Thavisin from the prime minister’s post, ruling his nomination of a ministerial candidate with a prison record during the cabinet reshuffle in April violated the constitution.
The judges voted by 5 to 4 to order the removal, effective on Aug. 14, 2024, as Srettha’s appointment of Pichit Chuenban as minister of the Prime Minister’s Office violated Thai constitution which stipulates that ministers must be “of evident integrity” and their behavior must comply with ethical standards.