Connect with us

Culture

နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကြသည့် မြန်မာအားကစားသမားများအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုက ဝန်ထုပ်ဝန်ပိုးများကို သက်သာလျော့ပါးစေ

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခြင်းအခမ်းအနားအား စက်တင်ဘာ ၁၃ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်လေးခုအတွက် ငွေကြေးပံ့ပိုးပေးမှုအား စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။အဆိုပါပံ့ပိုးပေးခဲ့သည့် အားကစားအဖွဲ့ချုပ်များမှာ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်နှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ဖြစ်သည်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးဌာန ဒါရိုက်တာဦးဇော်မင်းထိုက်က ယင်းပံ့ပိုးကူညီမှုက အားကစားသမားများ၏ နေထိုင်စားသောက်မှု ၊ လေ့ကျင့်မှုနှင့် သွားလာရေးကုန်ကျစရိတ်များကဲ့သို့သော နိုင်ငံတကာပြိုင်ပွဲများနှင့် ဆက်စပ်သည့် ဘဏ္ဍာရေးလိုအပ်ချက်များ လျော့ပါးသက်သာစေရေး မည်ကဲ့သို့ အကူအညီဖြစ်စေကြောင်း အလေးပေး ပြောကြားခဲ့သည်။

အဆိုပါကူညီပံ့ပိုးမှုများက နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အားကစားသမားများအပေါ် ဝန်ထုပ်ဝန်ပိုးအား လျော့ကျစေပြီး ၎င်းတို့၏ အားကစားရည်မှန်းချက်များ အောင်မြင်ရေး အာရုံစိုက်နိုင်စေရေး အထောက်အကူ ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အားကစားအဖွဲ့ချုပ်တွေကို စေတနာနဲ့ ငွေကြေးပံ့ပိုးကူညီပေးတဲ့အတွက် တရုတ်နိုင်ငံကို အထူးပဲ ကျေးဇူးတင်ပါတယ်။ဒါက အားကစားသမားတွေအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ၊ အားကစား အသုံးအဆောင်ပစ္စည်းတွေလိုမျိုး မရှိမဖြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးခင်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက “တရုတ်နိုင်ငံက ပံ့ပိုးကူညီမှုက ကျွန်တော်တို့ အဖွဲ့ချုပ်တွေကို ပြိုင်ပွဲတွေမှာ ရလဒ်တွေ ပိုကောင်းအောင် ကြိုးပမ်းဖို့ တွန်းအားပေးရာမှာ အထောက်အကူ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အားကစားကဏ္ဍအား ငွေကြေးအကူအညီ၊ နည်းပညာပံ့ပိုးကူညီမှုနှင့် ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခြင်း၊ ပစ္စည်းကိရိယာများ လှူဒါန်းခြင်း နည်းလမ်းသုံးသွယ်ဖြင့် ကူညီပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။”ကျွန်တော်တို့ တစ်နှစ်ကို နိုင်ငံတကာပြိုင်ပွဲတွေ ခြောက်ကြိမ် ပါဝင်ယှဉ်ပြိုင်ပါတယ်။ ဒါကြောင့် သွားလာရေး၊ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် အများကြီး ကုန်ကျပါတယ်။ ဒီလိုပံ့ပိုးကူညီမှုက ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ့်ကို တန်ဖိုးရှိပြီး အားကစားမှာ အောင်မြင်မှုတွေ ပိုမိုရရှိဖို့အတွက် ထိရောက်စွာ အသုံးချသွားမှာ ဖြစ်ပါတယ် “ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးသန်းထွန်းက “ဒီလိုငွေကြေးကူညီမှုက ကျွန်တော်တို့ အားကစားကဏ္ဍ တိုးတက်ဖြစ်ထွန်းဖို့ အရေးပါပါတယ်။ဒါတွေ မရှိရင် ကျွန်တော်တို့ရဲ့ အားကစားသမားတွေကို ပံ့ပိုးပေးရေးအတွက် ရုန်းကန်ရနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

———————————–

China’s support eases burden for Myanmar’s athletes competing in int’l competitions
YANGON, Sept. 14 (Xinhua) — The Chinese Embassy in Myanmar provided financial support to four Myanmar sports federations in Yangon on Friday.
The supported federations are the Myanmar Wushu Federation, the Myanmar Rowing and Canoeing Federation, the Myanmar Football Federation, and the Myanmar Sepaktakraw Federation.
Zaw Min Htike, director of the Media Department at the Myanmar Football Federation, emphasized how this support helps alleviate financial demands associated with international events, such as athlete’s nutrition, training, and travel costs.
The contributions reduce the burden on the athletes competing in international events, enabling them to focus on achieving their sporting ambitions, he said.
“I am deeply grateful to China for its generous financial support to our sports federations, which will help fulfill essential needs such as sports equipment and nutritious food for athletes,” said Khin Soe, joint secretary of the Myanmar Wushu Federation.
Thaung Htike Min, president of the Myanmar Rowing and Canoeing Federation said “the support from China is helpful in motivating our federations to strive for better results in competitions.”
He said China helps Myanmar’s sports sector in three ways: financial assistance, supporting technology and conducting joint training, and donating equipment.
“We compete in international competitions six times a year. So, it costs a lot for transportation, food, and accommodation. Support like this is incredibly valuable for our development, and we are committed to using it effectively to further our success in the sport,” he added.
Than Tun, executive of the Myanmar Sepaktakraw Federation, said “such financial assistance is crucial for the growth and improvement of our sports sector. Without it, we would struggle to support our athletes.” ■
Photo –