Connect with us

Africa & Middle East

လက်ဘနွန်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀ နီးပါးသေဆုံး၊ အရှေ့အလယ်ပိုင်းမှ ပြစ်တင်ဝေဖန်မှုများ မြင့်တက်လာ

လက်ဘနွန်နိုင်ငံ မာဂျေယောင်းမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင်း မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဘေရွတ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားချိန်နှင့်တစ်ဆက်တည်း လက်ဘနွန်နိုင်ငံတွင်လည်း အစ္စရေး၏ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၄၉၂ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၁,၆၄၅ ဦးအထိ ရှိလာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက် ညပိုင်း၌ ပြောကြားခဲ့သည်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူများထဲတွင် ကလေး ၃၅ ဦးနှင့် အမျိုးသမီး ၅၈ ဦး ပါဝင်ကြောင်း၊ သေဆုံးသူများစွာကိုလည်း မည်သူမည်ဝါခွဲခြား၍မသိနိုင်သေးကြောင်း လက်ဘနွန် ကျန်းမာရေးတာဝန်ရှိသူများက ပြောခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာကြား ပဋိပက္ခအသစ်ဖြစ်ပွားမှုအတွင်း လက်ဘနွန်နိုင်ငံတစ်ခွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခင်သီတင်းပတ်က လက်ဘနွန်နိုင်ငံတစ်ဝန်း ပေဂျာစက်များနှင့် လမ်းလျှောက်စကားပြောစက်များကို ပစ်မှတ်ထားဖောက်ခွဲခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆုံးတိုက်ခိုက်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး လူပေါင်းများစွာ သေဆုံးခဲ့ကာ တင်းမာမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
အလျင်အမြန်ကြီးထွားလာသော ဖြစ်ရပ်များကြောင့် ကာလရှည် တအုံ့နွေးနွေးဖြစ်နေသည့် တင်းမာမှုများမှာ မကြုံဖူးသောအဆင့်အထိ ရောက်ရှိသွားခဲ့ပြီး ဒေသတွင်းစစ်ပွဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အစ္စရေးနိုင်ငံအနေဖြင့် စစ်ဆင်ရေး “နောက်ထပ်အဆင့်များ” အတွက် ပြင်ဆင်လျက်ရှိကြောင်း၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က လက်ဘနွန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ နေရာ ၁,၁၀၀ ခန့်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်ဘက်ဆိုင်ရာ အကြီးအကဲ Herzi Halevi က စက်တင်ဘာ ၂၃ ရက် ညနေပိုင်း၌ ပြောကြားခဲ့သည်။
“ဒီမနက် (စက်တင်ဘာ ၂၃ ရက်) မှာ IDF က ကြိုတင်ထိုးစစ်ဆင်မှုတွေကို လုပ်ခဲ့တယ်” ဟု တဲလ်အဗစ်မြို့ရှိ IDF မြေအောက်စစ်ဆင်ရေးစင်တာဌာနချုပ်တွင် အခြေအနေအကဲဖြတ်ရာ၌ Halevi က ပြောခဲ့သည်။
“ကျွန်တော်တို့ ဟစ်ဇ်ဘိုလာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ ပစ်မှတ်တွေကို တိုက်ခိုက်နေသလိုပဲ နောက်ထပ်အဆင့်တွေအတွက်လည်း ပြင်ဆင်နေတယ်” ဟု Halevi က မှတ်ချက်ပြုခဲ့သည်။
ဘေရွတ်မြို့တွင် စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သော အစ္စရေးလေကြောင်းတိုက်ခိုက်မှုများသည် ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး အလီကာကီကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းကို အစ္စရေးမီဒီယာက ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နက်စ်ရာလာ၏ “နောက်ဆုံးလက်ထောက်” ဟု ခေါ်ဆိုကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂိုလ်မှာ ကျန်းကျန်းမာမာရှိကြောင်းနှင့် ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ဟစ်ဇ်ဘိုလာက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အစ္စရေးအနေဖြင့် မြောက်ပိုင်းဘက်အခြမ်းတွင် “လုံခြုံရေးမျှခြေ” ပြောင်းလဲရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ “အားလုံးကို ပစ်မှတ်ထားတယ်” ဟု လုံခြုံရေးအကဲဖြတ်အစည်းအဝေးအတွင်း နေတန်ယာဟုက နက်စ်ရာလာကို သတိပေးချက်ထုတ်ပြန်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုများက လက်ဘနွန်နိုင်ငံတွင် အကြီးအကျယ်ထိခိုက်ပျက်စီးမှုနှင့် နေရပ်ရွှေ့ပြောင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဒေသခံများအနေဖြင့် Tyre ၊ Nabatieh နှင့် Iqlim al-Tuffah စသည့်မြို့များမှ ဘေရွတ်မြို့နှင့် လက်ဘနွန်တောင်ပေါ်သို့ ထွက်ပြေးခဲ့ကြရသည်။
ထို့ပြင် လက်ဘနွန်နိုင်ငံမှ ထွက်ပြေးလာသူများသည် ဆီးရီးယား-လက်ဘနွန်နယ်စပ် ဆီးရီးယားနိုင်ငံအတွင်းသို့ သိသိသာသာပြောင်းရွှေ့လာကြောင်း ဆီးရီးယားမီဒီယာက သတင်းဖော်ပြထားသည်။ ဂျော်ဒန်နိုင်ငံ မြို့ပြလေကြောင်းကြီးကြပ်ရေးကော်မရှင်ကလည်း ဒေသတွင်း အခြေအနေတင်းမာမှုများနှင့် မြို့ပြလေကြောင်းလုပ်ငန်း ဘေးကင်း လုံခြုံရေး လိုအပ်ချက်ကြောင့် နောက်ထပ်ကြေညာထုတ် မထုတ်ပြန်မချင်း ဘေရွတ်မြို့သို့ ပျံသန်းမည့် ဂျော်ဒန်လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သည်။
အစ္စရေးတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာတို့သည် စက်တင်ဘာ ၂၃ ရက်တစ်လျှောက်လုံး အစ္စရေးနိုင်ငံ မြောက်ပိုင်းထံ ဒုံးကျည် ၁၈၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အချို့ဒုံးကျည်များကို အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားနိုင်ခဲ့သလို အချို့မှာလည်း အစ္စရေးပိုင်နက်အတွင်းကျရောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ အမြောက်ဆန်များကြောင့် ဒဏ်ရာရရှိသူ ငါးဦးရှိကြောင်း Magen David Adom ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။
ဟစ်ဇ်ဘိုလာဘက်ကလည်း အစ္စရေးစစ်တပ်၏ မြောက်ပိုင်းတပ်ဖွဲ့ဌာနချုပ်ခွဲနှင့် ဟိုင်ဖာမြို့ မြောက်ဘက် ရာဖယ်စစ်ဘက်ဆိုင်ရာစုပေါင်းရုံးနေရာများ အပါအဝင် အစ္စရေးစစ်ရေးပစ်မှတ်များစွာကို ဒုံးကျည်များစွာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
လာမည့်ရက်များအတွင်း ဟစ်ဇ်ဘိုလာတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာဖွယ်ရှိသည့်အတွက် အများပြည်သူများအနေဖြင့် တည်ငြိမ်မှုရှိစေရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က တိုက်တွန်းထားသည်။ “အဲဒီရက်တွေမှာ အစ္စရေးပြည်သူတွေ တည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုတာကို ပြရပါလိမ့်မယ်” ဟု ၎င်းက ဗီဒီယိုသတင်းထုတ်ပြန်ချက်၌ ပြောခဲ့သည်။
ဟစ်ဇ်ဘိုလာက တန်ပြန်တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖွယ်ရှိသည့်အတွက် စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် အစ္စရေးတစ်နိုင်ငံလုံးကို “အထူး” လုံခြုံရေးအခြေအနေအဖြစ် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများကို ဒေသတွင်းရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပြစ်တင်ရှုတ်ချမှု ချက်ချင်းလုပ်ဆောင်ခဲ့သည်။
လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် နာဂျစ် မီကာတီကလည်း အစိုးရအဖွဲ့အစည်းအဝေးတွင် “အမြစ်ပြတ်သုတ်သင်ခြင်းစစ်ပွဲ” ဟု ဖော်ပြကာ အစ္စရေးတိုက်ခိုက်မှုများကို ရှုတ်ချခဲ့သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “ရပ်တည်ပေးကြရန်နှင့် ကျူးကျော်ရန်စမှုကို တားဆီးပေးရန်” ၎င်းက တိုက်တွန်းခဲ့သည်။
“နိုင်ငံတကာဥပဒေကို ဆိုးဝါးစွာချိုးဖောက်ခြင်း” အဖြစ် ပြောကြားလျက် အစ္စရေးတိုက်ခိုက်မှုများကို ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။
ထို့ပြင် အီဂျစ်နိုင်ငံကလည်း လက်ဘနွန်တွင် အစ္စရေးတိုက်ခိုက်မှုများကို ရှုတ်ချခဲ့ကာ စစ်ရေးအရှိန်မြင့်တက်ခြင်းက ပဋိပက္ခကို ပိုမိုဆိုးဝါးမှုကိုသာ ဖြစ်စေကြောင်း စက်တင်ဘာ ၂၃ ရက်က သတိပေးခဲ့သည်။
နိုင်ငံတကာအင်အားစုများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ဒေသတွင်း အစ္စရေး၏ စစ်ရေးအရှိန်မြှင့်တင်ခြင်းကို ဟန့်တားရန်လည်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ တိုက်တွန်းခဲ့သည်။
အစ္စရေးနိုင်ငံ၏ “အနောက်အာရှဒေသတစ်ခွင် ပဋိပက္ခတိုးချဲ့မှု” ၏ ဆိုးရွားသောအကျိုးဆက်များကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nasser Kanaani က သတိပေးခဲ့သလို တူကီယဲနိုင်ငံကလည်း “အစ္စရေး၏ စစ်ရေးအဆင့်သစ်တိုးချဲ့မှုများက ဒေသတစ်ခုလုံးကို ပရမ်းပတာအခြေအနေသို့ ဆွဲချလိုက်ခြင်း” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် လက်ဘနွန်နိုင်ငံတွင် အစ္စရေး၏ လတ်တလော စစ်ရေးလှုပ်ရှားမှုများကို ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အပြင်းအထန်ရှုတ်ချခဲ့သည်။ အစ္စရေး၏လုပ်ရပ်များတွင် အမေရိကန်နိုင်ငံက ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ နိုင်ငံတကာဥပဒေများအရ တာဝန်ခံမှုများမှလည်း အစ္စရေးကို အကာအကွယ်ပေးထားကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လာခြင်းအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပေါက်ကွဲတော့မည့်အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုလသမဂ္ဂဝန်ထမ်းများ အပါအဝင် အရပ်သားများ ဘေးကင်းလုံခြုံရေးအတွက်လည်း လွန်စွာစိုးရိမ်ပူပန်မိသည်ဟု ဆိုသည်။ ပဋိပက္ခကို ချက်ချင်းအရှိန်လျှော့ချရေးနှင့် သံတမန်နည်းလမ်းအရ အဖြေရှာရေးကိုလည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Israel’s large-scale airstrikes on Lebanon kill nearly 500, prompting condemnation from Mideast
JERUSALEM/BEIRUT, Sept. 23 (Xinhua) — The death toll from the largest Israeli airstrikes in Lebanon since the onset of the Israel-Palestine conflict has risen to 492, with injuries reported at 1,645, the Lebanese Health Ministry said on Monday night.
The death toll from the Israeli airstrikes included 35 children and 58 women, with many victims still unidentified, according to Lebanese health officials.
Israel’s sweeping airstrikes across Lebanon have raised the conflict between Israel and Hezbollah to a new peak. This latest surge in hostilities comes on the heels of last week’s explosions targeting pagers and walkie-talkies throughout Lebanon, which left dozens dead and a nation on edge.
The rapid succession of events has catapulted the long-simmering tensions to unprecedented levels, raising fears of a broader regional conflagration.
Herzi Halevi, Israel’s military chief, announced on Monday evening that the country was preparing for “the next phases” of its military operation, as the Israeli Defense Forces (IDF) targeted approximately 1,100 sites in southern and eastern Lebanon.
“This morning, the IDF launched a proactive offensive operation,” Halevi said during a situational assessment at the IDF Headquarters Underground Operations Center in Tel Aviv.
“We are targeting combat infrastructure that Hezbollah has been building for the past 20 years,” Halevi noted, adding, “We are striking targets and preparing for the next phases.”
Also on Monday, Israeli airstrikes in Beirut targeted Ali Karki, a senior Hezbollah commander, who was called by Israeli media the “last deputy” of Hezbollah leader Hassan Nasrallah. Hezbollah later said he was “in full health and has moved to a safe place.”
Prime Minister Benjamin Netanyahu said Israel was acting to change the “security balance” in the north. He also issued a stark warning to Nasrallah during a security assessment meeting on Monday, stating that “everyone is in the crosshairs.”
The strikes have caused widespread destruction and displacement in Lebanon, with residents fleeing from cities such as Tyre, Nabatieh, and Iqlim al-Tuffah towards Beirut and Mount Lebanon.
Syrian media reported a significant movement of people fleeing from Lebanon into Syria at the Syrian-Lebanese border. Jordan’s Civil Aviation Regulatory Commission announced that it has suspended flights of Jordanian airlines to Beirut until further notice, citing increasing regional tensions and the need to ensure safety and security in civil aviation.
In response to the Israeli attacks, Hezbollah fired over 180 rockets toward northern Israel throughout Monday, the Israeli military reported. Israel’s aerial defense systems intercepted some projectiles, while others fell within Israeli territory, causing fires. The Magen David Adom rescue service reported that five people were injured by shrapnel.
Hezbollah said in a statement that it had bombed several Israeli military targets, including the reserve headquarters of the Israeli army’s northern corps and Rafael’s military-industrial complexes north of Haifa, “with dozens of missiles.”
Defense Minister Yoav Gallant urged the public to remain calm in anticipation of potential escalated attacks by Hezbollah in the coming days. “These are days in which the Israeli public will have to show composure,” he noted in a video statement.
The Israeli Defense Ministry also announced a “special” security situation across the entire country on Monday night, amid concerns that Hezbollah might broaden the range of its retaliatory attacks.
The attacks have prompted condemnations from both regional and international communities.
Lebanese Prime Minister Najib Mikati condemned the Israeli attacks, describing them as “a war of extermination” during a cabinet meeting. He called on the United Nations and the international community to “stand up and deter aggression.”
The Palestinian Ministry of Foreign Affairs also condemned the Israeli attacks, describing them as a “flagrant violation of international law.
Egypt on Monday condemned Israel’s attacks on Lebanon, warning that its military escalation will only aggravate the crisis.
In a statement, the Egyptian foreign ministry urged international powers and the UN Security Council to intervene to stop Israel’s escalation in the region.
Iranian Foreign Ministry Spokesman Nasser Kanaani warned of the serious consequences of Israel’s “bids to expand the conflict in the entire West Asia region,” while the Turkish Foreign Ministry stated that the attacks “mark a new phase in Israel’s efforts to drag the entire region into chaos.”
The Syrian Foreign Ministry on Monday issued a strong condemnation of Israel’s ongoing military actions in Lebanon. It said the Israeli actions “would not be possible without the protection and complicity provided by the United States, which shields Israel from accountability under international law.”
UN Secretary-General Antonio Guterres expressed “grave alarm” over the escalating tensions in the region and voiced serious concern for the safety of civilians, including UN personnel. He urged immediate de-escalation and a diplomatic solution to the crisis.
Photo 1, 2, 3- This photo taken on Sept. 23, 2024 shows the smoke caused by Israeli airstrikes in Marjeyoun, Lebanon, Sept. 23, 2024. (Photo by Taher Abu Hamdan/Xinhua)