Connect with us

North America

ဟားရစ် သို့မဟုတ် ထရမ့် နှစ်ဦးစလုံးက အမေရိကန်ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ပို၍လေးလံလာစေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ရှိ သမ္မတလောင်းစကားစစ်ထိုးပွဲ မီဒီယာစင်တာမှ ရိုက်ကူးသော တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုတွင် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ၌ ပါဝင်သည့် အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း၊ ဒုတိယသမ္မတဟားရစ် (ယာ) နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်တို့အား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲသည် အကြိတ်အနယ်ပြိုင်ရသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန်ပါတီတို့၏ သမ္မတလောင်းများဖြစ်သည့် ကာမလာဟားရစ်နှင့် ဒေါ်နယ်ထရမ့် နှစ်ဦးစလုံးသည် စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ သူများအဖြစ် မိမိကိုယ်ကို ပုံဖော်ရန် အစွမ်းကုန်နိုင်ဆုံး ကြိုးစားနေကြသည်။ သို့သော်လည်း ဖက်ဒရယ်ဘတ်ဂျက် တာဝန်ခံကော်မတီက အောက်တိုဘာ ၇ ရက်က ထုတ်ပြန်သော အစီရင်ခံစာအရ နှစ်ဖက်စလုံး၏ စီးပွားရေးအဆိုပြုချက်များကို စတင် အကောင်အထည်ဖော်လိုက်သည်နှင့် အမေရိကန်ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ပို၍လေးလံလာစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီရင်ခံစာတွင် စာမျက်နှာ ၃၄ မျက်နှာပါရှိပြီး ကိုယ်စားလှယ်လောင်းနှစ်ဦး၏ မိန့်ခွန်းများ၊ မဲဆွယ်စည်းရုံးရေး စာရွက်စာတမ်းများနှင့် ဆိုရှယ်မီဒီယာပေါ်၌ ထုတ်ပြန်ထားမှုများအပေါ် အခြေခံကာ ၎င်းတို့၏ စီးပွားရေးမူဝါဒအစီအမံများကို အကျဉ်းချုပ်ဖော်ပြထားသလို စတင်အကောင်အထည်ဖော်ပြီးသည်နှင့် ဖြစ်နိုင်ခြေရလဒ်များကို ခန့်မှန်းတွက်ချက်ထားသည်။
၎င်းတို့နှစ်ဦးအနက် မည်သူက အာဏာရစေကာမူ ၎င်းတို့၏ စီးပွားရေးမူဝါဒများအောက်ရှိ စီးပွားရေးတိုးတက်မှုသည် ကြွေးမြီကြီးထွားမှုကို လိုက်မီမည်မဟုတ်ကြောင်း၊ ထို့အပြင် အများစုအား တွန်းအားဖော်ဆောင်ရာတွင် ၎င်း၏ တာဝန်သက်တမ်းအတွင်း အမေရိကန်ကြွေးမြီအဆင့်သည် လက်ရှိထက် ပိုမိုမြန်ဆန်ပြီး ပမာဏပိုမိုကြီးထွားလာမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဟားရစ်က မဲဆွယ်စည်းရုံးစဉ်အတွင်း “တာဝန်ယူသော ဘဏ္ဍာရေးမူဝါဒ” ကို အကောင်အထည်ဖော်မည်ဟု ကတိပြုခဲ့ပြီး စီးပွားရေးလုပ်ငန်းကြီးများနှင့် ချမ်းသာကြွယ်ဝသောလူတန်းစားများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းက လူလတ်တန်းစား အသုံးစရိတ်နှင့် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၏ ရင်းနှီးမြုပ်နှံမှုများကို ခုနှိမ်နိုင်ပြီး ဘဏ္ဍာရေးလိုငွေပြမှုကိုပင် လျှော့ချနိုင်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။ သို့သော်လည်း ဟားရစ်၏ စီးပွားရေးမူဝါဒများသည် ၁၀ နှစ်အတွင်း အမေရိကန်နိုင်ငံကို ကန်ဒေါ်လာ ၃.၅ ထရီလီယံ သို့မဟုတ် ၈.၁ ထရီလီယံ အထိပင် ကြွေးမြီတိုးမြှင့်လာစေနိုင်ကြောင်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
အခြားတစ်ဖက်ရှိ ထရမ့်ကလည်း “အလျှော့မပေး” ခဲ့ပေ။ ၎င်း၏စီးပွားရေးမူဝါဒများသည် အမေရိကန်နိုင်ငံကို ကန်ဒေါ်လာ ၃.၅ ထရီလီယံ ကြွေးမြီးတိုးမြှင့်လာစေနိုင်ပြီး “အဆိုးရွားဆုံးအခြေအနေ” တွင် ကန်ဒေါ်လာ ၁၅.၂ ထရီလီယံအထိ တိုးလာနိုင်မည်ဟု ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။ ထရမ့်က “ပြည်ပ အခွန်တိုးမြှင့်ခြင်းနှင့် ပြည်တွင်းအခွန်လျှော့ချခြင်း” ကို အဆိုပြုခဲ့သည်။ ထရမ့်၏ စီးပွားရေးမူဝါဒများသည် အကောက်ခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၇ ထရီလီယံအထိ တိုးမြင့်လာနိုင်သော်လည်း အမေရိကန်ဒေါ်လာ ၉.၂ ထရီလီယံရှိသော အခွန်လျှော့ချမှုတန်ဖိုးနှင့် နယ်စပ်တရားဥပဒေစိုးမိုးရေး၊ ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့ခြင်းစသည့်ကဏ္ဍများ၌ ကြီးမားသောအသုံးစရိတ်များကြောင့် ဖြစ်ရသည့် “ဧရာမ တွင်းကြီး” ကို ပြန်ဖြည့်ရန်ခက်ခဲလိမ့်မည်ဟု အစီရင်ခံစာက ယူဆခဲ့သည်။
အမေရိကန်အစိုးရ၏ဘဏ္ဍာရေးဝင်ငွေသည် လူမှုဖူလုံရေးနှင့် ဆေးကုသရေးအာမခံစသည့် ဗဟိုအစိုးရအစီအစဉ်များ၏ အသုံးစရိတ် မြင့်တက်လာမှုကို မလိုက်နိုင်သဖြင့် အမေရိကန် လူထုကြွေးမြီအဆင့်မှာ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း အစီရင်ခံစာအကြောင်းအရာများကို ကိုးကား၍ အေပီသတင်းဌာနက ဖော်ပြသည်။
မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချရန် အရေးကြီးကြောင်း ထရမ့်နှင့် ဟားရစ် နှစ်ယောက်စလုံးက အလေးအနက်ထား ပြောကြားခြင်းမရှိခဲ့ကြောင်း အေပီသတင်းဌာနက သတင်းထုတ်ပြန်ရာတွင် ထောက်ပြခဲ့သည်။
ဖက်ဒရယ်ဘတ်ဂျက် တာဝန်ခံကော်မတီ အစီရင်ခံစာ၏ ဖော်ပြချက်နှင့် ပတ်သက်၍ ထရမ့်နှင့် ဟားရစ် မဲဆွယ်စည်းရုံးရေးအဖွဲ့နှစ်ခုလုံးက လက်ခံခြင်းမရှိခဲ့ပေ။ အကယ်၍ ဟားရစ် သမ္မတအဖြစ် ရွေးချယ်ခံရပါက လိုငွေပြမှုကို လျှော့ချလိမ့်မည်ဟု ဟားရစ် အဖွဲ့က ပြောကြားခဲ့သည်။ ထရမ့်က “ဖြုန်းတီးမှုအသွင် အသုံးစရိတ်များကို ထိန်းချုပ်ကာ ငွေကြေးဖောင်းပွမှုကို အနိုင်ယူပြီး အတိုးဝန်ထုပ်ဝန်ပိုးကို လျှော့ချမည်ဖြစ်သလို စီးပွားရေးတိုးတက်ရန်၊ ဖက်ဒရယ်ဝင်ငွေ တိုးပွားရန် လှုံဆော်မည်” ဟု ထရမ့် အဖွဲ့က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဖက်ဒရယ်ကြွေးမြီသည် သမိုင်းဝင် အထွတ်အထိပ်အဖြစ် ကန်ဒေါ်လာ ၃၅ ထရီလီယံသို့ ရောက်ရှိပြီဖြစ်ကြောင်း ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဖက်ဒရယ်ကြွေးမြီအတိုးပေးချေမှုသည် ကန်ဒေါ်လာ ၈၇၀ ဘီလီယံအထိရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းမှာ စစ်အသုံးစရိတ်နှင့်ညီမျှကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက် တိုင်းမ်ရင်ပြင်တွင် လူများကို ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(Chinese Version)
报告:哈里斯或特朗普,都可能让美国负债更重
新华社北京10月9日电 美国总统竞选已进入白热化阶段,民主、共和两党总统候选人卡玛拉·哈里斯和唐纳德·特朗普都在竭力将自己塑造为经济治理能手。然而,根据联邦预算问责委员会7日发布的报告,双方的经济主张一旦付诸实施,均会加重美国债务负担。
这份报告长34页,依据两名候选人演讲、竞选文件以及在社交媒体上的表态,归纳出其经济政策方案,并估算一旦落实可能产生的结果。
报告显示,无论二人谁当政,其经济政策下的经济增长都赶不上债务增长的速度,且在大多数推演情形下,其任内的美国债务水平都会比当前增速更快、数额更大。
哈里斯在竞选中承诺推行“负责任的财政政策”,坚称对大企业和富裕阶层加征的税额,可以和用于降低中产阶层开销和住房建设方面的投入两相抵消,甚至能减少财政赤字。但是,报告测算,哈里斯的经济政策可能在10年内给美国增加3.5万亿美元乃至8.1万亿美元债务。
另一边,特朗普也“不遑多让”。据测算,他的经济政策可能给美国增加7.5万亿美元债务,“最糟糕情形”下会增加15.2万亿美元。特朗普主张“对外加税、对内减税”。报告认为,特朗普的经济政策或可增加2.7万亿美元关税收入,但难以填平9.2万亿美元减税金额和边境执法、驱逐移民等方面巨额支出形成的“巨大窟窿”。
美联社援引报告内容报道,由于美国政府财政收入跟不上社会保障、医疗保险等联邦项目支出的增长步伐,预计美国公共债务水平还会继续攀升。
美联社报道指出,特朗普和哈里斯在竞选中均未强调削减财政赤字的重要性。
对于联邦预算问责委员会报告的说法,哈里斯和特朗普的竞选团队均表示不认同。哈里斯团队说,哈里斯如果当选总统将会减少赤字。特朗普团队则说,特朗普“将控制浪费性支出,战胜通货膨胀,减轻利息成本负担,并刺激经济增长、增加联邦收入”。
数据显示,美国联邦债务已经达到35万亿美元的历史峰值。预计2024年的美国联邦债务利息支出将达到8700亿美元,与军费相当。(郭倩)
图说1:这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国副总统、民主党总统候选人哈里斯(右)和美国前总统、共和党总统候选人特朗普在费城参加电视辩论。新华社记者李睿摄
图说2:这是2022年3月7日人们在美国纽约时报广场的资料照片。新华社记者王迎摄