Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ယခုဘောလုံးရာသီ၏ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားမည်
ယခုနှစ် ဘောလုံးရာသီ၏ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် ခါးသီးပြိုင်ဘက်များဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ရီးရဲလ်အသင်း၏အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
လက်ရှိ လာလီဂါအမှတ်ပေးဇယား ရပ်တည်မှုတွင် ဘာစီလိုနာအသင်းက အဆင့်-၁၊ ရီးရဲလ်အသင်းက အဆင့်-၂ နေရာတို့တွင် အသီးသီးရပ်တည်နေကာ ဘာစီလိုနာအသင်းက ယခုနှစ် ဘောလုံးရာသီတွင် ၁၀ ပွဲကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ကာ ရီးရဲလ်အသင်းအား ၃ မှတ် အသာရထားသည်။
…..
ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်၌ ဖရန့်ဖွတ်က ရီဂါ အက်ဖ်အက်စ်အား အနိုင်ရရှိ
အောက်တိုဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် ပွဲစဉ်တစ်ပွဲဖြစ်သည့် ဖရန့်ဖွတ်နှင့် ရီဂါ အသင်းတို့၏ ပွဲစဉ်တွင် ဖရန့်ဖွတ်က ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဒုတိယမြောက်နိုင်ပွဲအား ရယူနိုင်ခဲ့သည်။
ပွဲချိန် ၇၉ မိနစ်တွင် ဖရန့်ဖွတ်အသင်းမှ လာဆင်က ဂိုးတိုင် ဘယ်ဘက်အောက်ခြေထောင့်သို့ ကန်သွင်းကာ ဖရန့်ဖွတ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူခဲ့သည်။ ခဏအကြာတွင် ရီဂါအသင်းအနေဖြင့် ချေပဂိုးရလုနီးနီး ဖြစ်ခဲ့သော်လည်း မာကီယက်ဗ်၏ တစ်ကိုယ်တော် ထိုးဖောက်ကန်သွင်းမှုက ဂိုးတိုင်အားထိမှန်ခဲ့သည်။ ယခုအနိုင်ရလဒ်ကြောင့် ဖရန့်ဖွတ်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲ အဆင့်ရပ်တည်မှုတွင် နံပါတ် ၆ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရီဂါအသင်းမှာမူ အဆင့်-၃၁ သို့ ရောက်ရှိသွားသည်။
…..
ဆော်ဒီလက်ရွေးစင်အသင်းနှင့် နည်းပြချုပ် မန်စီနီ လမ်းခွဲ
ဆော်ဒီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မန်စီနီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၂၄ ရက်၌ အတည်ပြုကြေညာခဲ့သည်။ အီတလီလက်ရွေးစင်အသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မန်စီနီအနေဖြင့် အဆိုပါရာထူးအား ဝာာဝန်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် အသက် ၅၉ နှစ်အရွယ် မန်စီနီ ကိုင်တွယ်ခဲ့သည့် ဆော်ဒီအသင်းသည် ယခုနှစ်အစောပိုင်းက ကျင်းပခဲ့သည့် အေအက်ဖ်စီ အာရှဖလားပြိုင်ပွဲတွင် ၁၆ သင်းအဆင့်သို့သာ ရောက်ရှိခဲ့သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း လေးပွဲကစားပြီးချိန်တွင် တစ်ပွဲသာ အနိုင်ရခဲ့သည်။ (Xinhua)


……………………………….
(English Version)
Real Madrid and Barca go into ‘first Clasico’ of the season after big midweek wins
All eyes will be on Real Madrid’s Santiago Bernabeu Stadium on Saturday night when the home side plays bitter rivals FC Barcelona for the first time this season.
As usual, the game takes place with the big two occupying the top two places in La Liga, with Barcelona three points clear of Real Madrid after winning nine of their opening ten matches to the season and drawing the other.
…..
UEFA Europa League: Frankfurt edge resilient Riga FS
Eintracht Frankfurt secured their second win of the Europa League third round with a 1-0 victory over Riga, thanks to a goal from substitute Hugo Larsson on Thursday.
Frankfurt finally broke the deadlock in the 79th minute when Marmoush set up Larsson, who drove the ball past Ondoa into the bottom left corner. Riga nearly equalized moments later, but Markhiyev’s solo effort hit the crossbar. The victory lifts Frankfurt to sixth place, while Riga FS drops to 31st in the Europa League phase.
…..
Saudi Arabia part ways with head coach Mancini
The Saudi Arabia Football Federation confirmed that it has parted ways with the head coach of the national football team Roberto Mancini on Thursday. The Italian took the position in August 2023, weeks after he resigned as the manager of Azzurri.
However, the 59-year-old only steered Saudi Arabia to a round of 16 finish in the 2023 AFC Asian Cup early this year, and just picked up one win in the World Cup qualifiers after four rounds.