Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ဒီဇင်ဘာ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲကို အားကစားနည်း (၂၃)မျိုးဖြင့် နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် (၁၈/၁၁/၂၀၂၄ – MRTV )
-တမူးမြို့တွင် စိုက်ပျိုးရေးမျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ (၁၈/၁၁/၂၀၂၄ – MRTV )
-အမျိုးသားအလွတ်တန်းဖိတ်ခေါ်(MOUNTAIN BIKE)စက်ဘီးပြိုင်ပွဲ ကျင်းပမည် (၁၈/၁၁/၂၀၂၄ – MRTV )
-ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ပြည်သူ့ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သွားတုပြုလုပ်တပ်ဆင်ပေးနေမှုများအား သွားရောက် ကြည့်ရှု အားပေး ( ၁၈/၁၁/၂၀၂၄ – MOI )
-စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသား/သမီး မီနီမာရသွန်၊ စက်ဘီး၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး ( ၁၈/၁၁/၂၀၂၄ – MOI )
-မြန်မာနိုင်ငံစာရေးဆရာအသင်း၏ (၃၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ ( ၁၈/၁၁/၂၀၂၄ – MOI )
-စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ထိန်းသိမ်းထားသည့် ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း (၁၂) ခုရှိရာ ယနေ့တွင် ကန်ရေ ပြည့်ရေမှတ် အထက်ကျော်လွန်၍ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံမရှိပါ ( ၁၈/၁၁/၂၀၂၄ – MOI )
-ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လှိုင်မြစ်ကူး ရွှေပြည်သာတံတား ရေလမ်းပြောင်းလဲမည်ဖြစ်ကြောင်း သတိပေးနှိုးဆော်ချက်ထုတ်ပြန် ( ၁၈/၁၁/၂၀၂၄ – MOI )
-ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ( ၁၇ /၁၁/၂၀၂၄ – MOI )
-ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအနက် ကျန်ရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့၊ မြို့ရေကြီးရေလျှံမှု ကာကွယ်ရေး အင်ဂျန်းချောင်း ရေထွက်ပေါက်နေရာ၌ ရေထိန်းတံခါး ပြုလုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက် ( ၁၇ /၁၁/၂၀၂၄ – MOI )
-(၁၉)ကြိမ်မြောက် ကလောမြို့ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ကျင်းပ (၁၇/၁၁/၂၀၂၄ – မြန်မာ့အလင်း)