Connect with us

Europe

ဂျာမနီက ယူကရိန်းကို AI ဒရုန်းယာဉ်များ ပံ့ပိုး ၊ တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးခြင်းက တင်းမာမှုအရှိန်အဟုန်ကို မြင့်တက်စေမည်ဟု ရုရှားပြောကြား

တရုတ်နိုင်ငံ လေကြောင်းပြပွဲဖွင့်ပွဲအခမ်းအနားတွင် ရုရှား "Warriors" သရုပ်ပြ ပျံသန်းရေးတပ်ဖွဲ့ သရုပ်ပြပျံသန်းနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်/မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်းကို ဂျာမနီ လက်နက်ထုတ်လုပ်သူက AI နည်းပညာ တိုက်ခိုက်ရေး ဒရုန်းယာဉ် အစင်း ၄,၀၀၀
ပံ့ပိုးမည် ဖြစ်သည်ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး Boris Pistorius က အတည်ပြုပြီးဖြစ်ကြောင်း 《Ukrainska Pravda》က ဂျာမနီ《Bild》သတင်းအား ကိုးကား၍ နိုဝင်ဘာ ၁၈ ရက်က ဖော်ပြခဲ့သည်။
အနောက်နိုင်ငံများက ယူကရိန်းကို တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးပြီး ရုရှားပစ်မှတ်များကို တိုက်ခိုက်ခြင်းက တင်းမာမှု အရှိန်အဟုန်ကို မြင့်တက်စေမည် ဖြစ်ကြောင်း ရုရှားဘက်က သတိပေး ပြောကြားခဲ့သည်။

《Bild》သတင်းတွင် ဂျာမနီ ပံ့ပိုးသည့် ဤအသုတ် ဒရုန်းယာဉ်များမှာ ဂျာမနီ AI လက်နက်ထုတ်လုပ်သူ Helsing ကုမ္ပဏီမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး ဒီဇင်ဘာလတွင် အသုတ်အလိုက် လွှဲပြောင်းပေးသွားမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။ ယင်းဒရုန်းယာဉ်များသည် အီလက်ထရွန်းနစ် နှောက်ယှက်မှုနှင့် အစွန်းရောက်ရာသီဥတု အခြေအနေမျိုးတွင် ခရီးဝေး စစ်ဆင်ရေးတာဝန် ထမ်းဆောင်နိုင်စွမ်းရှိကြောင်း၊ ၎င်း၏ မူလပုံစံဒရုန်းယာဉ်ကို ယူကရိန်းအရှေ့ပိုင်း စစ်မြေပြင် လက်တွေ့တိုက်ပွဲများ၌ စမ်းသပ်ပြီး ဖြစ်ကြောင်း သိရသည်။ AI တပ်ဆင်ထားသည့် ဂျာမနီ ဒရုန်းယာဉ်များကို စတင်လွှဲပြောင်းပေးနေပြီဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် ဤဒရုန်းယာဉ်များကို အသုံးပြု၍ ရုရှား စစ်တပ်ကွပ်ကဲရေးစခန်းများ စသည့် တန်ဖိုးမြင့် ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်စွမ်းရှိကြောင်း Boris Pistorius ၏ ပြောကြားချက်အား ကိုးကား၍ ဖော်ပြထားသည်။

ရုရှားစစ်တပ်က အိုဒက်ဆာမြို့ လူနေရပ်ကွက်တစ်ခုကို နိုဝင်ဘာ ၁၈ ရက်တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရဲတပ်ဖွဲ့က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားစစ်တပ် ပဲ့ထိန်းဒုံးကျည်ဖြင့် အိုဒက်ဆာမြို့ လူနေရပ်ကွက်အားရုတ်တရက်ဝင်ရောက်တိုက်ခိုက်သည့်အပေါ် ပြစ်တင်ရှုတ်ချကြောင်း လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၈ ရက် သတင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၄ နာရီက ရုရှားစစ်တပ်အနေဖြင့် လေတပ်စစ်သည်၊ ဒရုန်း၊ ဒုံးကျည်နှင့် အမြောက်တပ်ဖွဲ့များကို စေလွှတ်၍ ယူကရိန်း စစ်ဘက်သုံးလေဆိပ် အခြေခံအဆောက်အဦ၊ စစ်တပ်စက်မှုလုပ်ငန်းအသုံးပြုသည့် စွမ်းအင်အဆောက်အဦ၊ ဒရုန်းယာဉ်မောင်း လေ့ကျင့်ရေးနေရာနှင့် ဒရုန်းသိုလှောင်ထားသည့် ဂိုဒေါင်များကို တိုက်ခိုက်ခဲ့သလို ဒေသ ၁၃၅ ခု ရှိ ယူကရိန်းစစ်တပ်နှင့် လက်နက်သိုလှောင်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်အနေဖြင့် ယူကရိန်းကို တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးပြီး ရုရှား အတွင်းပိုင်းဒေသကို တိုက်ခိုက်စေခြင်းမှာ “အန္တရာယ်များပြီး မဆင်မခြင် မိုက်ရူးရဲဆန်ခြင်း” ဖြစ်ကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က မီဒီယာများအား နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းကို တာဝေးပစ်လက်နက် ပံ့ပိုးသည့် အနောက်နိုင်ငံများက ရုရှား၏ သက်ဆိုင်ရာ ရပ်တည်ချက်ကို နားလည်သိရှိကြောင်း၊ “တင်းမာမှုအခြေအနေ အရှိန်အဟုန်မြင့်တက်ဖို့ သူတို့အနေနဲ့ ဒီလို အန္တရာယ်များပြီး မဆင်မခြင် မိုက်ရူးရဲဆန်စွာ လုပ်ဆောင်မလားဆိုတာ၊ ကျွန်တော်တို့ အတူစောင့်ကြည့်ရတာပေါ့” ဟု Dmitry Peskov က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ယူကရိန်းကို ရုရှားအတွင်းပိုင်း ပစ်မှတ်များအား တိုက်ခိုက်ရန် ကြည်းတပ် နည်းဗျူဟာ ဒုံးကျည်စနစ်(ATACMS)စသည့် တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးထားပြီး ဖြစ်ကြောင်း အမေရိကန် မီဒီယာများ နိုဝင်ဘာ ၁၇ ရက် သတင်းတွင် ဖော်ပြထားသည်။ ထို့နောက် 《Le Figaro》သတင်းတွင်လည်း ပြင်သစ်၊ ဗြိတိန် တို့ အနေဖြင့် ယူကရိန်းကို ရုရှားပစ်မှတ်များအား တိုက်ခိုက်ရန် ခရုဇ်ဒုံးကျည် အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပေါ် ရုရှား အရာရှိများက အနောက်နိုင်ငံများ၏ ဤလုပ်ရပ်သည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် “NATO အဖွဲ့ဝင်နိုင်ငံ တိုက်ရိုက်ပါဝင်လာခြင်း” ကို ဖော်ပြရာ လက်ရှိ အခြေအနေကို ကြီးကြီးမားမား ဆိုးရွားစေမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းကို ရုရှားအား တိုက်ခိုက်ရန် တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးမည်ဆိုလျှင် “ဤပဋိပက္ခ၏ မူလအသွင်နှင့် ပုံစံလက္ခဏာကို သိသိသာသာ ပြောင်းလဲလိုက်ခြင်း” ဖြစ်ရာ ရုရှားအနေဖြင့် ကြုံတွေ့ရသည့် ခြိမ်းခြောက်မှုပေါ် မူတည်ကာ တုံ့ပြန်သွားမည်ဟု ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁၂ ရက် တွေ့ဆုံမေးမြန်းမှုအစီအစဉ်တစ်ခု၌ ပြောကြားခဲ့ကြောင်း TASS သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)
#Ukraine #Russia #AI #Drone #ယူကရိန်း #ရုရှား #ဉာဏ်ရည်တု #ဒရုန်း

德向乌提供人工智能无人机 俄称允许乌使用远程武器将致局势升级
新华社基辅/莫斯科11月18日电(记者李东旭 黄河)《乌克兰真理报》18日援引德国《图片报》报道说,德国国防部长鲍里斯·皮斯托里乌斯已证实,德国武器制造商将向乌克兰提供4000架配备“人工智能”技术的攻击型无人机。俄罗斯方面警告说,西方国家允许乌克兰使用远程武器攻击俄目标将导致局势升级。
《图片报》报道说,德国提供的这批无人机由德国人工智能武器制造商赫尔辛公司生产,预计将于12月开始批量交付。这批无人机具备抗电子干扰和在极端天气条件下执行远距离作战任务的能力,其原型机已在乌东部战场进行了实战测试。报道还援引皮斯托里乌斯的话说,安装了智能技术的德国无人机已经开始交付,乌方将能够使用这些无人机攻击俄军的指挥所等高价值目标。
乌克兰国家警察局18日在社交媒体发文说,俄军当天对敖德萨市一处居民区发动的导弹袭击已造成10人死亡、39人受伤。乌克兰总统泽连斯基在社交媒体发文指责俄军使用弹道导弹对敖德萨居民区发动袭击。
俄罗斯国防部18日通报说,过去24小时,俄军出动航空兵、无人机、导弹和火炮部队,袭击了乌克兰军用机场基础设施、军工企业使用的能源设施、无人机操作人员培训场所和无人机储存仓库,并对135个地区的乌军及武器库实施了打击。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.