China
စီချွမ်းပြည်နယ်၏ ဆောင်းရာသီ ခရီးသွားနည်းလမ်းအသစ်များ
ကျိုကျိုက်ကိုး (စီချွမ်း)၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၇ ရက်တွင် ၂၀၂၄ ခုနှစ် စီချွမ်းပြည်နယ် ဆောင်းရာသီ ခရီးသွား စတင်ပွဲ အခမ်းအနားကို အားပါ့ဇန့်လူမျိုးနှင့် ချန်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ကျိုကျိုက်ကိုးတွင် ကျင်းပခဲ့ပြီး လူကြိုက်များ ရေပန်းစားသော “စီချွမ်း ဆောင်းရာသီ ခရီးသွား” ကို တရားဝင် စတင်ခဲ့သည်။
စီချွမ်းပြည်နယ်သည် “စီချွမ်း၏ ရေခဲနှင့် ဆီးနှင်းဖုံးလွှမ်းသော တောင်များနှင့် ဖန်းရှီး၏ နွေးထွေးသော နေရောင်ခြည်ကို ကြည့်ရှုခံစားခြင်း” ဟူသော ခေါင်းစဉ်ကို ဆက်လက်အာရုံစိုက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လ အထိ “စီချွမ်း ဆောင်းရာသီ ခရီးသွား” လည်ပတ်ရာသီများအစီအစဉ်၊ ယဉ်ကျေးမှုနှင့် ခရီးသွား အစီအစဉ်ပေါင်း ၅,၀၀၀ ကို လုပ်ဆောင်ကာ ယွမ် သန်း ၁၅၀ ရှိသော ယဉ်ကျေးမှုနှင့် ခရီးသွား လက်ဆောင်အစီအစဉ်များကို ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ နှင်းလျှောစီးအပန်းဖြေစခန်းများ၊ ထူးခြားမှုရှိသည့် ရေပူစမ်းများနှင့် အဓိက ခရီးသွားအပန်းဖြေစခန်းများ စသည့် အရည်အသွေးမြင့် ဆောင်းရာသီ ခရီးသွား ထုတ်ကုန် ၇ မျိုးကို အဓိက မိတ်ဆက်ခဲ့ပြီး အရည်အသွေးမြင့် စိတ်နှလုံးကို နွေးထွေးစေသော ဝန်ဆောင်မှုများဖြင့် ခရီးသွားဧည့်သည် အများအပြားအား စီချွမ်းသို့ လာရောက်၍ “အစားအသောက်၊ တည်းခိုနေထိုင်မှု၊ သွားလာရေး၊ အလည်အပတ်၊ စျေးဝယ်ရေး၊ ဖျော်ဖြေရေး” ၏ထောင့်စုံကဏ္ဍ ၆ ရပ် ဝန်ဆောင်မှုကို ခံစားကြည့်ရန် ဖိတ်ခေါ်ခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
在四川体验冬季旅游新玩法
九寨沟(四川),2024年12月7日
12月7日,2024四川省冬季旅游启动仪式在位于阿坝藏族羌族自治州的九寨沟举行,正式拉开“冬游四川”火热大幕。
四川将继续聚焦“赏蜀山冰雪·享攀西暖阳”主题,从2024年12月到2025年3月推出“冬游四川”消费季系列活动,开展5000场文旅活动,发放1.5亿元文旅大礼包,推出重点滑雪场、特色温泉、重点旅游度假区等7类优质冬季旅游产品,以优质暖心服务邀请广大游客到四川感受“吃住行游购娱”的“六边形”妙趣。
图说1:12月7日,在2024四川省冬季旅游启动仪式上,四川非遗宣传推广大使李子柒邀请广大游客来四川过大年。新华社记者 沈伯韩 摄
图说2:12月7日,在九寨沟景区,游客观赏藏戏表演。新华社记者 沈伯韩 摄