Connect with us

Asia

တောင်ကိုးရီးယားသမ္မတလုံခြုံရေးဌာနတပ်ဖွဲ့များက သမ္မတအိမ်တော်အဆောက်အအုံအတွင်း ရှာဖွေစစ်ဆေးမည့် စုံစမ်းစစ်ဆေးရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်

ဆိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်တော်အဆောက်အအုံရှေ့တွင် ရာထူးမှ ရပ်ဆိုင်းထားခံရသော သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့်ကို သမ္မတလုံခြုံရေးဌာနတပ်ဖွဲ့ အကြီးအကဲထံ ပြသခဲ့သော်လည်း လုံခြုံရေးဌာနတပ်ဖွဲ့ အကြီးအကဲက “ရှာဖွေခွင့်မပြုကြောင်း” ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား “ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်” က ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။ 
တောင်ကိုရီးယားနိုင်ငံ အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက အဆိုပါနေ့ နံနက်ပိုင်းတွင် သမ္မတအိမ်တော်အတွင်းရှိ တပ်ဖွဲ့များ၏ တားဆီးမှုကို ကျော်ဖြတ်နိုင်ခဲ့ပြီး သမ္မတအိမ်တော်အဆောက်အအုံရှေ့ ရောက်ရှိလာခဲ့ရာ သမ္မတလုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်လျက်ရှိကြောင်း Yonhap News Agency ၏ အစောပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ Yongsan ဒေသ၊ Hannam-dong ရှိ သမ္မတအိမ်တော်အတွင်းသို့ ဝင်ရောက်ရန် တံခါးဝတွင် စောင့်ဆိုင်းနေသော တောင်ကိုရီးယားနိုင်ငံ အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ/Newsis)

“ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်” မှာ တောင်ကိုရီးယားရဲတပ်ဖွဲ့ဌာနအဆင့်မြင့်အစိုးရအရာရှိများ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲဖွဲ့စည်းထားခြင်းဖြစ်သည်။ အဆင့်မြင့်အစိုးရအရာရှိများရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန စုံစမ်းစစ်ဆေးရေးဝန်ထမ်း ၃၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၂၀ ဦးတို့သည် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက ဆိုးလ်မြို့ Yongsan ဒေသ၊ Hannam-dong တွင် တည်ရှိသော သမ္မတအိမ်တော်သို့ သွားရောက်၍ ယွန်းဆက်ယိုအား ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်။ ဤဖမ်းဝရမ်းအမိန့်အား ဆောင်ရွက်ခြင်းသည် “တရားမဝင်၊ အကျုံးမဝင်” ကြောင်း၊ တရားဥပဒေဆိုင်ရာ အစီအမံများလုပ်ဆောင်၍ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ယွန်းဆက်ယိုက ပြောကြားခဲ့သည်။ (Xinhua)
#SouthKorean #ပူးတွဲစုံစမ်းစစ်ဆေးရေး #သမ္မတယွန်းဆက်ယို #တောင်ကိုရီးယားနိုင်ငံ #ဖမ်းဝရမ်းအမိန့် #သမ္မတအိမ်တော်
…………………………………….
(Chinese Version)
韩国总统警卫处拒绝配合调查人员搜查官邸建筑物内部
新华社首尔1月3日电(记者陆睿)韩国“共同调查本部”3日表示,已在总统官邸建筑物前向总统警卫处处长出示对被停职总统尹锡悦的逮捕令,警卫处处长表示“不允许搜查”。
据韩联社早些时候报道,韩国高级公职人员犯罪调查处(公调处)当天上午突破总统官邸内的军队阻拦,抵达官邸建筑物前,与总统警卫处对峙中。
“共同调查本部”由韩国警察厅、公调处和国防部联合设立。据报道,共有30名公调处调查人员、120名警方人员3日上午进入位于首尔龙山区汉南洞的总统官邸执行对尹锡悦的逮捕令。尹锡悦方面当天表示,逮捕令执行“非法无效”,将采取法律措施应对。(完)
图说1:1月3日上午,韩国高级公职人员犯罪调查处工作人员乘坐的车辆驶向首尔龙山区汉南洞的总统官邸。新华社/纽西斯通讯社
图说2:1月3日上午,韩国高级公职人员犯罪调查处工作人员和警方在首尔龙山区汉南洞的总统官邸大门外等待进入。新华社/纽西斯通讯社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.