Connect with us

North America

ရာထူးတာဝန်ယူပြီးနောက် “နာရီအနည်းငယ်အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့်ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ထရမ့်ပြော

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့် မိန့်ခွန်းပြောကြားနေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက် ၎င်း တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမှုအပြီး “နာရီအနည်းငယ်အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့် ကြေညာချက်အများအပြားကို ပယ်ဖျက်မည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ဘိုင်ဒန်အစိုးရ၏ “တယူသန်ပြီး မိုက်မဲသော” သမ္မတအမိန့် ကြေညာချက်တိုင်းကို ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှု အပြီး နာရီအနည်းငယ်အတွင်း ရုပ်သိမ်းမည်ဟု ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ ပြောကြားခဲ့သည်။ မိမိ၏ ရာထူးတာဝန်ထမ်းဆောင်မှုက “အမေရိကန် ဆုတ်ယုတ်ခဲ့သော လေးနှစ်တာ” ကို အဆုံးသတ်ပေးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထရမ့်က ၎င်းလက်မှတ်ရေးထိုးမည့် သမ္မတအမိန့် ကြေညာချက်များသည် နယ်စပ်လုံခြုံရေး၊ စွမ်းအင်အရင်းအမြစ်၊ ပြည်ထောင်စုအစိုးရ အသုံးစရိတ်၊ ဗီဒီယိုအတို လူမှုမီဒီယာပလက်ဖောင်း TikTok၊ “ဗဟုအသွင်၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်မှု” မူဝါဒ စသည်တို့နှင့် ပတ်သက်ကြောင်း ပြောကြားခဲ့သည်။
ထရမ့် တာဝန်ထမ်းဆောင်သည့်ရက်တွင် သမ္မတအမိန့် ကြေညာချက် ၁၀၀ ကျော်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အမေရိကန် မီဒီယာများ၏ သုံးသပ်ချက်အရ သိရသည်။
ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း သိရသည်။ သို့သော် မြို့တော် ဝါရှင်တန် အထူးဇုန်တွင် အအေးလွန်ကဲသောရာသီဥတု ဖြစ်ပေါ်မည်ဟု ခန့်မှန်းထား၍ ၎င်း၏ တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားကို အဆောက်အအုံအတွင်း ကျင်းပရန် ပြောင်းလဲထားကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ အမေရိကန်ရွေးကောက်ခံသမ္မတ ထရမ့် မိန့်ခွန်းပြောကြားနေသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
特朗普:将在上任后的“几个小时内”推翻拜登多项行政令
新华社华盛顿1月19日电(记者熊茂伶)美国候任总统特朗普19日说,他将在20日宣誓就职后的“几个小时内”推翻拜登政府的多项行政令。
特朗普19日下午在首都华盛顿特区第一资本体育馆举行的集会上说,拜登政府的每一项“激进而愚蠢”的行政命令,在他宣誓就职后的几小时内都会被废除。他还称,自己的上任将结束“美国衰退的四年”。
特朗普表示,他即将签署的行政命令涉及边境安全、能源、联邦政府开支、短视频社交媒体平台TikTok、“多元化、公平与包容”政策等。
据美国多家媒体分析,特朗普将在就职当天签署超过100项行政命令。
特朗普将于20日中午宣誓就职。由于首都华盛顿特区预计出现严寒天气,他的就职典礼将改为在室内举行。(完)
图说1:1月19日,美国候任总统特朗普在首都华盛顿特区第一资本体育馆举行的集会上讲话。新华社记者 李睿 摄