Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ရီးရဲလ်မက်ဒရစ်က လက်စ်ပါမားကို အနိုင်ယူ၍ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာ
ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်နှင့် ဘာစီလိုနာတို့ အသီးသီး အမှတ်ဆုံးရှုံးနေချိန်တွင် ရီးရဲလ်မက်ဒရစ်က ဇန်နဝါရီ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်တွင် လက်စ်ပါမားအား အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ပွဲစပြီး စက္ကန့် ၃၀ အကြာတွင် ဖေဘီယို ဆေးဗားက အနီးကပ်ပိတ်သွင်းကာ လက်စ်ပါမားအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၁၈ မိနစ်တွင်မူ လက်စ်ပါမားကစားသမား ဆန်ဒရို ရာမီရက်ဇ်က အန်တိုနီယို ရူဒီဂါအား ဆွဲလှဲခဲ့သဖြင့် ရရှိခဲ့သည့် ပင်နယ်တီကို ကီလီယန် အမ်ဘာပေက အမှားအယွင်းမရှိ ကန်သွင်းကာ ချေပဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် ၃၃ မိနစ်တွင် ဘရာဟင် ဒီယက်ဇ်၏ ပေးပို့မှုမှတစ်ဆင့် လူးကက်စ် ဗက်ဇ်ကေးက ဦးဆောင်ဂိုး သွင်းယူခဲ့သလို မိနစ်ပိုင်းအကြာတွင် အမ်ဘာပေက တတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။
ပွဲချိန် ၅၇ မိနစ်တွင် ဖရန်ဂါစီယာ၏ ဖန်တီးပေးမှုကို ရိုဒရီဂိုက ပိတ်သွင်းကာ စတုတ္ထဂိုး သွင်းယူခဲ့သလို လက်စ်ပါမားအသင်းမှ ဘန်နီတို ရာမီရက်ဇ်မှာလည်း ဗက်ဇ်ကေးကို ဖျက်ထုတ်ပုံကြမ်းသဖြင့် ထုတ်ပယ်ခံရပြီးနောက် ပွဲပြီးသလောက်နီးပါး ဖြစ်သွားခဲ့သည်။
…..
ဩစတြေးလျအိုးပင်း ကွာတားဖိုင်နယ်တွင် ပွဲကြီးပွဲကောင်းအဖြစ် အယ်လ်ကာရက်ဇ်နှင့် ဂျိုကိုဗစ် ထိပ်တိုက်တွေ့ဆုံ
— ဇန်နဝါရီ ၁၉ ရက်က ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ပွဲစဉ်များတွင် အနိုင်ရရှိခဲ့သည့် ဆီဒင်-၃ တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်နှင့် ဂရင်းစလင်းချန်ပီယံဆု ၂၄ ကြိမ် ရရှိထားသည့် နိုဗက် ဂျိုကိုဗစ်တို့ ကွာတားဖိုင်နယ်၌ ပွဲကြီးပွဲကောင်းအဖြစ် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ရော့ဒ်လေဗာ အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ဂရင်းစလင်းချန်ပီယံဆု လေးကြိမ်ရရှိထားသည့် အယ်လ်ကာရက်ဇ်က ၇-၅၊ ၆-၁ ဖြင့် ဦးဆောင်ထားချိန်တွင် ပြင်းထန်သော မွန်းလွဲပိုင်း နေအပူဒဏ်ကြောင့် ပြိုင်ဖက်ဖြစ်သူ ဂျက်ခ်ဒရေပါမှာ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ အရှုံးပေးခဲ့ရသည်။
၃၇ နှစ်အရွယ် ဂျိုကိုဗစ်ကလည်း ဆီဒင်-၂၄ ကစားသမား ဂျီရီ လီဟက်ကာနှင့် ၂ နာရီ ၃၉ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ၆-၃၊ ၆-၄၊ ၇-၆ (၄) ဖြင့် အနိုင်ယူခဲ့သည်။
…..
— အင်္ဂလန်ကွင်းလယ်လူ ဒယ်လီ အယ်လီ စီးရီးအေကလပ် ကိုမိုအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်း‌ရွှေ့
အင်္ဂလန် ကွင်းလယ်ကစားသမား ဒယ်လီ အယ်လီမှာ အီတလီ စီးရီးအေကလပ် ကိုမိုအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ကြောင်း ကလပ်အသင်းဘက်က ဇန်နဝါရီ ၁၉ ရက်၌ အတည်ပြုခဲ့သည်။
“ကိုမို ၁၉၀၇ က အင်္ဂလန်ကစားသမား ဒယ်လီ အယ်လီကို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ရှိတဲ့ ၁၈ လ စာချုပ်နဲ့ လက်မှတ်ရေးထိုး ခေါ်ယူလိုက်တဲ့အကြောင်း တရားဝင်ကြေညာပါတယ်။ ကလပ်အနေနဲ့ သူ့ရဲ့ ပါရမီထူးခြားမှုကို အသိအမှတ်ပြုသလို အသင်းကို ခေါ်ယူနိုင်ခဲ့တဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်” ဟု ကလပ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
…..
— ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်ထွန်းညှိ
၂၀၂၅ ခုနှစ် ဟားအယ်ပင်း အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင် ထွန်းညှိခြင်းကို အားကစားပြိုင်ပွဲ ဖွင့်လှစ်ရန် ၁၈ ရက်အလိုတွင် ဟားအယ်ပင်းမြို့ရှိ နေကျွန်း ရှုခင်းသာနေရာ၌ ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ်၏မြို့တော် ဟားအယ်ပင်းသည် ယင်းအားကစားပြိုင်ပွဲအား ဖေဖော်ဝါရီ ၇ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၌လည်း တတိယအကြိမ် ဆောင်းရာသီအားကစားပြိုင်ပွဲအား လက်ခံကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

(250120) — MADRID, Jan. 20, 2025 (Xinhua) — Brahim Diaz (L) of Real Madrid vies with Manuel Fuster of UD Las Palmas during the LaLiga football match between Real Madrid and UD Las Palmas, at Santiago Bernabeu Stadium, Madrid, Spain, on Jan. 19, 2025. (Photo by Gustavo Valiente/Xinhua)

(250120) — MADRID, Jan. 20, 2025 (Xinhua) — Players of Real Madrid celebrate a goal during the LaLiga football match between Real Madrid and UD Las Palmas, at Santiago Bernabeu Stadium, Madrid, Spain, on Jan. 19, 2025. (Photo by Gustavo Valiente/Xinhua)

……………………
(English Version)
Real Madrid returns to top of La Liga as Athletic Club goes level with Barca
Real Madrid returned to the top of La Liga on Sunday with a 4-1 win at home to Las Palmas after Atletico Madrid and FC Barcelona both dropped points.
Real Madrid got off to a dreadful start on Sunday afternoon when Las Palmas took the lead after just 30 seconds when Fabio Silva scored from close range. Sandro Ramirez gifted Madrid a penalty in the 18th minute when he hauled back Antonio Rudiger at a corner and Kylian Mbappe made no mistake from the spot.
Brahim Diaz made it 2-1 from a pass from Lucas Vazquez’s pass after 33 minutes and Mbappe added a third for Real Madrid soon afterward.
Rodrygo scored a fourth for Real Madrid after a pass from Fran Garcia in the 57th minute and the game was virtually over for Las Palmas moments later when Benito Ramirez was sent off for a high challenge on Vazquez.
…..
Alcaraz, Djokovic set up blockbuster Australian Open quarterfinal
Men’s third seed Carlos Alcaraz and 24-time Grand Slam champion Novak Djokovic won through on Sunday to set up a blockbuster quarterfinal at the Australian Open.
Four-time Grand Slam champion Alcaraz was ahead 7-5, 6-1 when Jack Draper retired amid fierce afternoon sun on Rod Laver Arena.
37-year-old Djokovic overwhelmed 24th seed Jiri Lehecka 6-3, 6-4, 7-6 (4) in two hours and 39 minutes.
…..
England midfielder Dele Alli joins Como as free agent
England midfielder Dele Alli has joined Italian Serie A side Como as a free agent, the club confirmed on Sunday.
“Como 1907 has officially announced the signing of England international Dele Alli on an 18-month contract, with an option to extend for an additional 12 months. The club recognizes his exceptional talent and is excited to bring him into the team,” the club said in a statement.
…..
Flame for 9th Asian Winter Games lit in Harbin
The flame for the Harbin 2025 Asian Winter Games was lit at the Sun Island Scenic Area here on Monday, with 18 days to go before the opening of the Games.
Capital city of northeast China’s Heilongjiang Province, Harbin will host the Games for the second time from Feb. 7 to 14, having previously hosted the event’s third edition in 1996.