Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ‘Classico’ ပွဲစဉ် သို့မဟုတ် ‘မက်ဒရစ်ဒါဘီ’ ပွဲစဉ် ဖြစ်လာဖွယ်ရှိ
စပိန်ဘုရင့်ဖလားပြိုင်ပွဲ (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ်ပွဲစဉ်များအတွက် မဲခွဲပွဲကို ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲ၌ ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ် တွေ့ဆုံမည့် ‘Classico’ ပွဲစဉ် သို့မဟုတ် ရီးရဲလ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ တွေ့ဆုံမည့် ‘မက်ဒရစ်ဒါဘီ’ ပွဲစဉ် ဖြစ်လာဖွယ်ရှိသည်။
အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ တွေ့ဆုံလျက်ရှိပြီး ပထမအကျော့ ပွဲစဉ်အား ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘာစီလိုနာ၏ အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သလို နောက်ထပ် ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နှင့် ရီးရဲလ်မက်ဒရစ်တို့ တွေ့ဆုံနေကာ ဒုတိယအကျော့ ပွဲစဉ်အား ရီးရဲလ်၏ ဆန်တီယာဂို ဘာနေဗျူး ဘောလုံးကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
…..
— ချန်ပီယံလိဂ် play-off ပွဲစဉ် ပထမအကျော့တွင် ဖီယင်နုက အေစီမီလန်ကို အနိုင်ရရှိ
ချန်ပီယံလိဂ် ရှုံးထွက်အဆင့် play-offs ပွဲစဉ် ပထမအကျော့အဖြစ် ဖီယင်နုနှင့် အေစီမီလန်အသင်းတို့ ရော့တာဒမ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဖီယင်နုက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်၏ တစ်လုံးတည်းသော အဆုံးအဖြတ်ဂိုးကို Igor Paixao က မီလန်ဂိုးသမား မိုက်ခ် မင်ညွန်၏ အမှားကို အသုံးချ၍ ပွဲကစားချိန် ၃ မိနစ်တွင် စောစောစီးစီး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုပွဲစဉ်မှာ ဖီယင်နုအသင်းအနေဖြင့် ရလဒ်ပိုင်း မတည်ငြိမ်မှု၊ အသင်းလိုက်ဟန်ချက် မညီမှုတို့ကြောင့် နည်းပြချုပ် ဘရိုင်ယန် ပရစ်စကီနှင့် ဖေဖော်ဝါရီ ၁၀ ရက်၌ လမ်းခွဲခဲ့ပြီးနောက် ပထမဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်ဖြစ်ကြောင်း သိရသည်။ လူငယ်အသင်းနည်းပြ ပါစကယ် ဘော့စ်ချက်ထ်က ယာယီနည်းပြချုပ်အဖြစ် အစားထိုးကိုင်တွယ်၍ ဖီယင်နုအတွက် အရေးပါသော နိုင်ပွဲတစ်ပွဲကို ဦးဆောင်ရယူပေးခဲ့ခြင်းဖြစ်သည်။
…..
— ကိုင်ဟားဗက်ဇ် ဒဏ်ရာရရှိခြင်းက အာဆင်နယ်အသင်း၏ တိုက်စစ်ကို ပိုမိုချည့်နဲ့စေ
အာဆင်နယ်အသင်း တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်မှာ တံကောက်ကြောဒဏ်ရာ ခံစားနေရသည့်အတွက် ရာသီကုန်အထိ အနားယူရဖွယ်ရှိသဖြင့် အသင်း၏ တိုက်စစ်ပိုင်းတွင် ကြုံတွေ့နေရသည့် ဒဏ်ရာပြဿနာက ပိုမိုဆိုးရွားလာခဲ့သည်။
၎င်းအနေဖြင့် ဒူဘိုင်းမြို့တွင် ပူနွေးသော ရာသီဥတု၌ လေ့ကျင့်ခန်းဆင်းနေစဉ် ကြွက်သားစုတ်ပြဲဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းတွင် ဒူးဒဏ်ရာရရှိထားသော တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆူး ပါဝင်နိုင်ခြင်းမရှိသလို ဘူကာယို ဆာကာမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် ဧပြီလအထိ ပြန်လည်ကစားနိုင်မည် မဟုတ်ပေ။ ထို့အတူ ဂါဘရီရယ် မာတင်နယ်လီမှာလည်း ပြီးခဲ့သည့် သီတင်းပတ်၌ နယူးကာဆယ်အား ရှုံးနိမ့်ခဲ့သည့် ကာရာဘောင်းဖလား ပွဲစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ၎င်းဘရာဇီးကစားသမား အနေဖြင့် အနည်းဆုံး လေးပတ်ကြာ အနားယူရမည်ဖြစ်သည်။
…..
— AFC U20 အာရှဖလား အဖွင့်ပွဲစဉ်တွင် အိမ်ရှင် တရုတ်အသင်းက ကာတာအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိ
တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်၌ ယှဉ်ပြိုင်ကစားခဲ့သည့် AFC U20 အာရှဖလား အဖွင့်ပွဲစဉ်တွင် Kuai Jiwen နှင့် Liu Chengyu တို့၏ ပွဲချိန်ပထမပိုင်း သွင်းဂိုးများဖြင့် အိမ်ရှင်တရုတ်အသင်းက ကာတာအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
၁၆ သင်း ပါဝင်သည့် အဆိုပါပြိုင်ပွဲတွင် တရုတ်အသင်းက ဩစတြေးလျ၊ ကာတာ၊ ကာဂျစ္စတန်တို့နှင့်အတူ အုပ်စု-A ၌ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ အိမ်ရှင် တရုတ်အသင်းအနေဖြင့် ၂၀၂၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ထိပ်ဆုံးလေးသင်းထဲတွင် ပါဝင်နိုင်ရေး၊ ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲနှင့် နှစ် ၂၀ ကြာ ဝေးကွာနေမှုကို အဆုံးသတ်နိုင်‌ရေးအတွက် ရည်မှန်းထားသည်။
ဖေဖော်ဝါရီ ၁၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် အုပ်စု-A ၏ အခြားပွဲစဉ်တစ်ပွဲတွင် ဩစ‌တြေးလျက ကာဂျစ္စတန်အား ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ တရုတ်အသင်းအနေဖြင့် ဒုတိယမြောက် အုပ်စုပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကာဂျစ္စတန်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)


……………………..
(English Version)
Classico or Madrid derby possible in Copa del Rey final
Wednesday’s draw for the semifinals of the Spanish Copa del Rey opened the door for another possible ‘Classico’ between FC Barcelona and Real Madrid in the final or a Madrid derby between Real and Atletico Madrid.
The semifinal, which is played on a home and away basis, pitted Barca against Atletico Madrid, with the first leg to be played in Barcelona in the week of February 26, while Real Sociedad face Real Madrid, with the return leg in Real Madrid’s Santiago Bernabeu Stadium.
…..
Feyenoord edges Milan in Champions League play-off first leg
Feyenoord claimed a 1-0 victory over AC Milan in the first leg of their Champions League knockout phase play-offs on Wednesday in Rotterdam. The decisive goal came early in the third minute, courtesy of Igor Paixao, who capitalized on a mistake from Milan goalkeeper Mike Maignan.
The match marked Feyenoord’s first since parting ways with head coach Brian Priske on Monday, a decision prompted by “inconsistent results and a lack of chemistry,” according to the club. Youth coach Pascal Bosschaart stepped in as interim head coach, guiding the team to a crucial win.
…..
Havertz injury further depletes Arsenal attack
Arsenal’s injury crisis in attack has worsened with Kai Havertz suffering a hamstring injury that could sideline him for the rest of the season.
The forward suffered a muscle tear at a warm-weather training camp in Dubai.
Arsenal had already been without Gabriel Jesus who suffered a knee injury. Bukayo Saka won’t return from his thigh problem until April. Gabiel Martinelli fell victim to a hamstring injury in last week’s Carabao Cup defeat to Newcastle United, leaving the Brazilian out of action for at least four weeks.
…..
Host China edges Qatar 2-1 in AFC U20 Asian Cup opener
Kuai Jiwen and Liu Chengyu scored in the first half as host China edged Qatar 2-1 in the AFC U20 Asian Cup opening match here on Wednesday.
In the 16-team tournament, China has been drawn into Group A alongside Australia, Qatar and Kyrgyzstan. The home team aims at entering the top four to qualify for the 2025 FIFA U20 World Cup, ending a 20-year absence from the global stage.
In the other Group A match on Wednesday, Australia crushed Kyrgyzstan 5-1. China will play its second group match against Kyrgyzstan on Saturday.