Connect with us

Europe

ဥရောပသမဂ္ဂလည်း ယူကရိန်း၏ သတ္တုအရင်းအမြစ်များကို “မျက်စိကျနေ”

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂရုံးချုပ်ရှေ့မှ ဖြတ်လျှောက်သွားသူများကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂဘက်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းအစိုးရထံ သတ္တုထုတ်ကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်စောင် ပေးပို့ခဲ့ကြောင်း Interfax-Ukraine သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ဖော်ပြသောသတင်းအရ သိရသည်။

ယူကရိန်း ပြန်လည်ထူထောင်ရေးအတွက် ယူရို ၅၀၀ ဘီလီယံ လိုအပ်မည်ဟု ခန့်မှန်းထားပြီး ယင်းသည် ဥရောပကုမ္ပဏီလုပ်ငန်းများအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု နေရာ ပံ့ပိုးပေးသလို ယူကရိန်းက လစ်သီယံ၊ တိုက်တေနီယံ၊ ယူရေနီယံ၊ သဘာဝဓာတ်ငွေ့ စသည်တို့အပါအဝင် လက်တွေ့ကျသော “မဟာဗျူဟာမြောက် အားသာချက်” အရင်းအမြစ်များကို ဥရောပအား ပံ့ပိုးမည်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Denys Shmyhal က ယူကရိန်းအစိုးရနှင့် ဥရောပကော်မရှင် ကျင်းပသော ပူးတွဲအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။
ဥရောပကော်မရှင် ကုန်ထုတ်လုပ်ငန်းမဟာဗျူဟာဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Stéphane Séjourné နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းမြို့တော် ကိဗ်သို့ အတူလာရောက်လည်ပတ်ခဲ့ပြီး ယူကရိန်းအစိုးရထံ သတ္တုထုတ်ကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် “အပြန်အလှန်အကျိုးပြု” သဘောတူစာချုပ်တစ်စောင် ပေးပို့ခဲ့ကြောင်း သတင်းအရ သိရသည်။ ဥရောပက လိုအပ်သော အဓိက သတ္တုထုတ်ကုန် အမျိုး ၃၀ အနက် ယူကရိန်းက ၂၁ မျိုး ပံ့ပိုးပေးနိုင်ကြောင်း၊ သို့သော် ဥရောပအနေဖြင့် အပြန်အလှန်အကျိုးပြုမှု လုံးဝမရှိသော မည်သည့် သတ္တုထုတ်ကုန်ဆိုင်ရာသဘောတူညီမှုရရှိရန် ဘယ်သောအခါမျှ ယူကရိန်းကို တောင်းဆိုမည်မဟုတ်ဟု Séjourné က မီဒီယာများထံ ပြောကြားခဲ့သည်။

လက်ရှိတွင် ယူကရိန်းနှင့် အမေရိကန်တို့သည် သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီမှုနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းလျက်ရှိသည်။ အမေရိကန်- ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်သည် “ပြီးစီးဖို့ အလွန်နီးကပ်နေပါပြီ”၊ အကြောင်းအရာများက ယူကရိန်း “မြေရှားသတ္တုနှင့် အခြားပစ္စည်းအများအပြား” နှင့်သက်ဆိုင်မည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် “ဒီရက်သတ္တပတ် ဒါမှမဟုတ် နောက်ရက်သတ္တပတ်” တွင် အမေရိကန်သို့ လာရောက်ပြီး သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
欧盟也“盯上”乌克兰矿产资源
新华社基辅2月25日电(记者李东旭)据乌克兰国际文传电讯社25日报道,欧盟方面24日向乌政府递交了一份矿产合作协议。
据报道,乌克兰总理什梅加尔24日在乌克兰政府与欧盟委员会举行的联席会议上说,乌克兰重建预计需要5000亿欧元,这为欧洲企业提供了巨大投资空间,乌克兰将向欧洲提供切实的“战略优势”资源,包括锂、钛、铀、天然气等。
报道说,欧盟委员会分管产业战略的执行副主席塞茹尔内和欧盟委员会主席冯德莱恩24日一同访问乌克兰首都基辅,并向乌政府递交了一份矿产合作的“互惠”协议。塞茹尔内对乌克兰媒体表示,欧洲需要的30种关键矿产中,乌克兰可提供21种,但欧洲永远不会要求乌方达成任何不具有互惠性质的矿产协议。
目前,乌克兰和美国正在进行矿产协议谈判。美国总统特朗普24日称,美乌矿产协议已“非常接近完成”,内容将涉及乌“稀土和许多其他东西”。乌总统泽连斯基可能“本周或下周”赴美签署协议。(完)
图说:2月24日,在比利时布鲁塞尔,人们走过欧盟总部。新华社记者 孟鼎博 摄