Connect with us

Politics, Law & Military

ဒက္ခီဏသီရိမြို့နယ်နှင့်ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဧရာဝတီဘဏ်ခွဲများမှ ငွေများလိမ်လည်ထုတ်ယူမှု ဖြစ်ပွား

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ဒက္ခီဏသီရိမြို့နယ်နှင့်ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဧရာဝတီဘဏ်ခွဲများမှ ငွေများလိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်၊ ၁၃း၂၀ နာရီအချိန် နေပြည်တော်၊ ဒက္ခီဏသီရိမြို့နယ် (ဧရာဝတီ) Capital Mini ဘဏ်ခွဲသို့ ဒေါ်ကြွယ်ကြွယ်ဝင်း (၄၂)နှစ် သည် ငွေသွင်းရန်သွားရောက်စဉ် ၎င်းအမည်ဖြင့် ပျဉ်းမနားမြို့ ဧရာဝတီဘဏ်ခွဲ၌ ငွေစာရင်းအမှတ် ၀၀၃၈၂၂၄၀၁၀၀၀၁၈၄ ဖြင့် ဖွင့်လှစ်စုထားသည့် ငွေ ၁၂,၀၀၀,၀၀၀ ကျပ်အား ငွေထုတ်စာရင်းတွင် ၆ ကြိမ်ခွဲ၍ ထုတ်ယူသွားကြောင်း သိရသဖြင့် ဘဏ်တာဝန်ရှိသူများမှ ဒေါ်ကြွယ်ကြွယ်ဝင်း၏ ငွေထုတ် ပုံစံများအား စစ်ဆေးခဲ့ရာ ၂၀၁၇ မေလ ၂၅ ရက် မှ ဒီဇင်ဘာလ ၁၈ ရက်ထိ ဘဏ်ကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူ ကျော်စိုးဝင်း(၂၆)နှစ် မှ ဒေါ်ကြွယ်ကြွယ်ဝင်း၏ လက်မှတ်အတုများ ရေးထိုးကာ ၂၀၁၇ အောက်တိုဘာလ ၂၃ ရက်တွင် ငွေကျပ် ၁၀ သိန်း၊ အောက်တိုဘာလ ၃၀ ရက်တွင် ငွေကျပ် ၁၀ သိန်း၊ နိုဝင်ဘာလ ၁ ရက်တွင် ငွေကျပ် ၂၀ သိန်း၊ စုစုပေါင်း ငွေကျပ် ၄၀ သိန်း လိမ်လည်ထုတ်ယူ သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဧပြီလ ၅ ရက်၊ ၁၆း၁၅ နာရီ အချိန် ဧရာဝတီဘဏ်လီမိတက်၊ ဘဏ်မန်နေဂျာ ဦးအေးမင်းအောင်(၄၂)နှစ် မှ တိုင်တန်း၍ ကျော်စိုးဝင်း (ဖမ်းမမိ)အား ဧည့်ဂေဟာနယ်မြေရဲစခန်း(ပ)၁၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။

အလားတူ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်(ဧရာဝတီ)ဘဏ်ခွဲ (၃)တွင် ဒေါ်ကြွယ်ကြွယ်ဝင်း ၏ လက်မှတ်အတုများရေးထိုးကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်တွင် ငွေကျပ် ၂၀ သိန်း၊ အောက်တိုဘာလ ၂ ရက်တွင် ငွေကျပ် ၅၀ သိန်း၊ နိုဝင်ဘာလ ၁၅ ရက်တွင် ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း ငွေကျပ် ၈၀ သိန်းအား ကျော်စိုးဝင်းမှ လိမ်လည်ထုတ်ယူသွားကြောင်း ထပ်မံ တွေ့ရှိခဲ့သဖြင့် ဧပြီလ ၅ ရက်၊ ၁ရး၀၀ နာရီ အချိန် ကျော်စိုးဝင်း(ဖမ်းမမိ)အား ထုံးဖိုမြို့မရဲစခန်းမှ (ပ)၂၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု)ဖြင့် ထပ်မံအမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.