International Organizations
၂၀၂၅ ခုနှစ် မတ် ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ပရီးမီးယားလိဂ်တွင် မန်စီးတီး ရမှတ်ထပ်မံဆုံးရှုံးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ကြိုးပမ်းနေသည့် နော့တင်ဟမ်ဖောရက်စ် နိုင်ပွဲရရှိ
လာမည့်ဘောလုံးရာသီတွင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရည်မှန်းထားသော ပက်ပ်ဂွါဒီယိုလာ၏ မန်ချက်စတာစီးတီးအသင်းမှာ မတ် ၁၅ ရက်က ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွင် ၂ ဂိုးစီ သရေကျခဲ့ပြီး အဖိုးတန် ရမှတ်နှစ်မှတ်ကို ထပ်မံလက်လွှတ်ခဲ့ရသည်။
ပွဲချိန် ၁၁ မိနစ်တွင် အာလင်ဟာလန်းက ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဘရိုက်တန်မှ ပါဗစ်စ် အက်စတူပီနန်က ၁၀ မိနစ်အကြာတွင် အလွတ်တည်ကန်ဘောမှတစ်ဆင့် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
ထို့နောက် ပထမပိုင်းမပြီးဆုံးမီ ခြောက်မိနစ်အလိုတွင် အိုမာ မာမွတ်ရှ်က မီတာ ၂၀ အကွာမှ ကန်ချက်ဖြင့် အိမ်ရှင်မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဒုတိယပိုင်း ပြန်လည်စတင်ပြီး သုံးမိနစ်အကြာတွင် မန်စီးတီးနောက်ခံလူ အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲတွင် နော့တင်ဟမ်ဖောရက်စ်က အစ်ပ်ဆွစ်ချ်တောင်းအား အဝေးကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင်ယူ၍ ထိပ်ဆုံးလေးသင်းထဲတွင် အခိုင်အမာ ရပ်တည်လျက်ရှိပြီး အစ်ပ်ဆွစ်ချ်မှာမူ ယခုပွဲစဉ်တွင် ခံစစ်ပိုင်းအားနည်းချက်များ ထပ်မံဖြစ်ပေါ်ခဲ့သဖြင့် အသင်းအတွက် ပိုမိုခက်ခဲသော အခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။
နော့တင်ဟမ်ဖောရက်စ်က ရမှတ် ၅၄ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာ၌ ရပ်တည်နေကာ အဆင့်-၅ နေရာမှ မန်စီးတီးထက် ခြောက်မှတ်အသာရထားပြီး အစ်ပ်ဆွစ်ချ်မှာမူ တန်းဆင်းဇုန်ထဲတွင် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
…..
— အမ်ဘာပေ၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ လာလီဂါ အမှတ်ပေးဇယားကို ရီးရဲလ်မက်ဒရစ် ပြန်လည်ဦးဆောင်
မတ် ၁၅ ရက် ညနေခင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဗီလာရီးရဲလ်အား ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အဝေးကွင်း၌ အနိုင်ယူခဲ့ပြီး ဘာစီလိုနာအား သုံးမှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ ရီးရဲလ်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ပထမပိုင်းတွင် ခြောက်မိနစ်အတွင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်အနေဖြင့် မတ် ၁၂ ရက်က အက်သလက်တီကိုမက်ဒရစ်အား အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီး နာရီ ၇၀ နီးပါးအကြာတွင် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ရာ ကစားသမားများအနေဖြင့် ပွဲပန်းသည့်ဒဏ်ကို ခံခဲ့ရပြီး ဂိုးသမား သီဘော့ ကော်တိုအာက အဆင့်-၅ နေရာမှ ဗီလာရီးရဲလ်၏ အပိုင်ကန်သွင်းချက်အချို့ကို လက်စွမ်းပြကာကွယ်သွားခဲ့သည်။
— ဘရာဇီးတိုက်စစ်မှူး နေမာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်မည်
အသင်း၏ ဝါရင့်တိုက်စစ်မှူး နေမာမှာ ပေါင်ခြံဒဏ်ရာကြောင့် ကိုလံဘီယာ၊ အာဂျင်တီးနားတို့နှင့် ယှဉ်ပြိုင်ကစားမည့် ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ် (CBF) က မတ် ၁၄ ရက်၌ ပြောကြားခဲ့သည်။
အသက် ၃၃ နှစ်အရွယ် နေမာမှာ ဒူးဒဏ်ရာကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဘရာဇီးအသင်းအတွက် ပါဝင်မကစားနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏နေရာတွင် ရီးရဲလ်မက်ဒရစ်၏ ဆယ်ကျော်သက် တိုက်စစ်ကစားသမား အန်းဒရစ်ခ်အား ရွေးချယ်ထားကြောင်း သိရသည်။
“ဘောလုံးပြန်ကစားနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကမ္ဘာပေါ်မှာ အရေးအပါဆုံးဖြစ်တဲ့ ဘရာဇီးအသင်းဝတ်စုံကို ဝတ်ဆင်နိုင်ဦးမှာ မဟုတ်ပါဘူး” ဟု နေမာက အင်စတာဂရမ်တွင် ရေးသားခဲ့သည်။
”ကျွန်တော်တို့ အချိန်အကြာကြီး ဆွေးနွေးခဲ့ပါတယ်။ အသင်းအတွက် ပြန်ကစားပေးချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကို အားလုံးက သိကြပေမဲ့ စွန့်စားမှုမလုပ်ဘဲ ဒဏ်ရာအရှင်းပျောက်သွားတဲ့အထိ တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်သွားဖို့က အသင့်တော်ဆုံးပဲဆိုတာကို ကျွန်တော်တို့ လက်ခံခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— Badminton All England ကြက်တောင်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၁ တရုတ်ကြက်တောင်အားကစားသမား Shi ဗိုလ်လုပွဲသို့ လေးကြိမ်မြောက်တက်ရောက်
မတ် ၁၅ ရက်က ကျင်းပသည့် Badminton All England ကြက်တောင်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၁ တရုတ်ကြက်တောင်ကစားသမား Shi Yuqi က တစ်နိုင်ငံတည်းသားဖြစ်သူ Li Shifeng အား ၂၁-၉၊ ၂၀-၂၂၊ ၂၁-၁၉ မှတ်ဖြင့် အနိုင်ရရှိကာ အဆိုပါပြိုင်ပွဲတွင် ၎င်းအတွက် ဒုတိယမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် Shi မှာ ၂၀၂၃ ခုနှစ်က All England နှင့် အာရှအားကစားပြိုင်ပွဲ ဗိုလ်လုပွဲ နှစ်ကြိမ်စလုံးတွင် Li အား ခါးသီးဖွယ် ရှုံးနိမ့်ထားခြင်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် ၎င်းအနေဖြင့် အသက် ၂၅ နှစ်အရွယ် Li နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် သုံးကြိမ်စလုံးတွင် အသာရအောင် စွမ်းဆောင်နိုင်ခဲ့သည်။
Shi မှာ ပထမပွဲတွင် အလွယ်တကူ အနိုင်ရရှိခဲ့သော်လည်း နှစ်ပွဲအပြီးတွင် ဆီဒင်-၆ ပြိုင်ဘက်ကစားသမား၏ ကျားကုတ်ကျားခဲ တုံ့ပြန်မှုနှင့် ရင်ဆိုင်ခဲ့သည်။ (Xinhua)


………………………………………………………………
(English Version)
Man City drops more points, Nottingham Forest wins in quest for Champions League
Manchester City dropped two more vital points as Pep Guardiola’s side looks to qualify for next season’s UEFA Champions League after a 2-2 home draw with Brighton in the Premier League on Saturday.
Erling Haaland put City ahead with an 11th-minute penalty, but Pervis Estupinan leveled with a free kick that went in off the post just 10 minutes later.
Omar Marmoush hit home a 20-meter strike to restore City’s lead six minutes before the break, but it was 2-2 three minutes into the second half when Abdukodir Khusanov deflected Jack Hinshelwood’s effort into his own goal.
Nottingham Forest strengthened its top-four claim with a 4-2 win away to Ipswich Town, who sank deeper into trouble after the team’s defensive weaknesses were again exposed.
Nottingham Forest now sits third with 54 points, six more than fifth-placed Manchester City, while Ipswich remains in the relegation zone.
…..
Mbappe at double as Real Madrid returns to top of La Liga
Kylian Mbappe scored two goals in six minutes in the first half as Real Madrid fought back from a goal down to win 2-1 away to Villarreal and move three points clear of FC Barcelona at the top of La Liga on Saturday evening.
Madrid played the game less than 70 hours after its UEFA Champions League win over Atletico Madrid on Wednesday, and it was clear there were tired legs as goalkeeper Thibaut Courtois made several big saves to deny fifth-placed Villarreal.
…..
Injured Neymar ruled out of Brazil World Cup qualifiers
Veteran forward Neymar will miss Brazil’s World Cup qualifiers against Colombia and Argentina due to a thigh injury, the Brazilian Football Confederation (CBF) said on Friday.
The 33-year-old, who has not played for Brazil since October 2023 because of a knee injury, was replaced by teenage Real Madrid forward Endrick.
“The return seemed so close, but unfortunately I won’t be able to wear the most important shirt in the world for the moment,” Neymar wrote on Instagram.
“We had long conversations and everyone knows of my desire to return, but we agreed that it’s best not to take any risks and prepare as best as possible to completely eradicate the injury,” he added.
…..
China’s top seed Shi reaches fourth Badminton All England final
China’s Shi Yuqi is one victory away from his second Badminton All England title as the top seed defeated teammate Li Shifeng 21-9, 20-22 and 21-19 on Saturday.
Shi, 29, suffered a bitter loss to Li in both the All England and Asian Games finals in 2023. Since then, he has outplayed the 25-year-old in all of their three meetings.
Shi took the opening game easily, but met strong challenges from the sixth seed in the following two games.