Europe
ယူကရိန်း-ရုရှား အပစ်ရပ်ရေးက နယ်မြေပိုင်နက်ကိစ္စနှင့် မချိတ်ဆက်သင့်ဟု ဇယ်လန်းစကီး ဆို

ကိဗ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ယူကရိန်း-ရုရှား နှစ်နိုင်ငံ အပစ်ရပ်ရေး၏ “ပထမ ခြေလှမ်း” သည် နယ်မြေပိုင်နက်ကိစ္စနှင့် မဆက်နွှယ်သင့်ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁၅ ရက်က ယူကရိန်း မြို့တော် ကိဗ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အလေးထားပြောကြားခဲ့သည်။
နယ်မြေပိုင်နက်ပြဿနာက “ရှုပ်ထွေး” ကြောင်း၊ နောက်နောင်မှ “ဆွေးနွေးပွဲ စကားဝိုင်း” တွင် ဖြေရှင်းသင့်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက ယူကရိန်းအနေဖြင့် သိမ်းပိုက်ခံထားရသည့် နယ်မြေကို ရုရှားပိုင်ဟု အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း-အမေရိကန် ကိုယ်စားလှယ်များသည် မတ် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း “နယ်မြေပိုင်နက် အလျှော့ပေးရနိုင်မည့်” ကိစ္စအား ဆွေးနွေးခဲ့သည်ကို ဇယ်လန်းစကီးက ဝန်ခံခဲ့သော်လည်း နယ်မြေပိုင်နက်ကိစ္စအပေါ် အမေရိကန်ဘက်က ယူကရိန်းကို တောင်းဆိုခြင်းမရှိသေးကြောင်း သိရသည်။
ယူကရိန်းအနေဖြင့် အမေရိကန် အဆိုပြုသည့် ရက်ပေါင်း ၃၀ “ခြွင်းချက်မရှိ” အပစ်ရပ်ရေး အဆိုပြုချက်ကို လက်ခံလိုကြောင်း၊ အကယ်၍ ရုရှားဘက်က ငြင်းဆိုခဲ့မည်ဆိုလျှင် ယင်းမှာ ယူကရိန်းကို ငြင်းဆိုခြင်းမဟုတ်ဘဲ အမေရိကန် သမ္မတ ထရမ့်ကို ငြင်းဆိုခြင်း ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် “မိမိတို့၏ နည်းလမ်းအစီအစဉ်အားလုံးကို အမေရိကန်တို့က ရေးဆွဲထားခြင်း” ကြောင့်ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
泽连斯基:乌俄停火不应与领土问题“挂钩”
乌克兰总统泽连斯基15日在乌首都基辅举行的记者会上强调,乌俄两国停火的“第一步”不应与领土问题联系在一起。
泽连斯基说,领土问题“复杂”,应当留到日后“在谈判桌上”解决。他同时表示,乌克兰不会承认被占领土属于俄罗斯。
泽连斯基承认,乌美代表11日在沙特阿拉伯城市吉达会谈期间曾就“可能的领土让步”问题进行了讨论,但美方并未就领土问题向乌方提出要求。
泽连斯基说,乌方愿意接受美国提出的30天“无条件”停火提议,如果俄方拒绝,那将不是拒绝乌克兰而是拒绝美国总统特朗普,因为“我们所有的方案都是美国人制定的”。(完)
1. 3月10日,乌克兰总统泽连斯基抵达沙特阿拉伯的吉达市。 新华社发(沙特通讯社供图)