International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လာလီဂါတွင် ဘာစီလိုနာက လေးမှတ်ဖြတ်၍ ဦးဆောင်ထားနိုင်သော်လည်း ရှုံးပွဲကြုံခဲ့သည့် ရီးရဲလ်မက်ဒရစ်အား အမှတ်ဖြတ်နိုင်မည့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့
ဧပြီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက ရီးရဲလ်ဘက်တစ်အား အိမ်ကွင်း၌ ၁ ဂိုးစီ သရေကျခဲ့သဖြင့် ချန်ပီယံပြေးလမ်းပေါ်တွင် ရီးရဲလ်မက်ဒရစ်အား ပြတ်ပြတ်သားသား ဦးဆောင်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ လေးမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲကစားချိန် ၇ မိနစ်တွင် ဖယ်ရန်တောရက်စ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂါဗီက ဘာစီလိုနာအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပွဲကစားချိန် ၁၇ မိနစ်တွင် နာတန်က ထောင့်ကန်ဘောမှတစ်ဆင့် အပြင်းခေါင်းတိုက်သွင်း၍ ဘက်တစ်အတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ၁၀ ရက်အတွင်း ၄ ပွဲမြောက် ယှဉ်ပြိုင်ကစားခဲ့ရသည့် အဆိုပါပွဲစဉ်၌ ယခင်နှင့်မတူဘဲ ပြိုင်ဘက်အသင်း၏ ဂိုးဧရိယာထဲတွင် ထက်မြက်သည့် စွမ်းဆောင်ရည် ပျောက်ဆုံးနေခဲ့သလို လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ခိုင်မာစေရန် ကြိုးပမ်းနေသည့် ဘက်တစ်အသင်းကလည်း အကောင်းဆုံး ပိတ်ဆို့ကာကွယ်နိုင်ခဲ့သည်။ ယင်းနေ့အစောပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဗလင်စီယာအသင်း၏ ပွဲစဉ်တွင်မူ ရီးရဲလ်အသင်းက အိမ်ကွင်း၌ ၁-၂ ဂိုးဖြင့် အမှတ်မထင်ရှုံးနိမ့်ခဲ့သည်။
…..
— အာဆင်နယ်က အဲဗာတန်နှင့် သရေကျခဲ့သဖြင့် လီဗာပူးလ်အတွက် ချန်ပီယံဆုဖလားနှင့် ပိုမိုနီးစပ်လာ
ဧပြီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်က အဲဗာတန်အား အဝေးကွင်း၌ ၁ ဂိုးစီ သရေကျခဲ့ရာ လီဗာပူးလ်အနေဖြင့် ယခုရာသီ၌ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ရန် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်သည်။
အာဆင်နယ်အသင်း သရေကျခဲ့သည့်အတွက် လီဗာပူးလ်အနေဖြင့် လက်ကျန် ၈ ပွဲတွင် ၁၁ မှတ်သာ လိုတော့ပြီး ဧပြီ ၆ ရက်တွင် ဖူဟမ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဂွတ်ဒီဆင်ပါ့ခ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အာဆင်နယ်အတွက် ဂါဘရီရယ်လ်၊ ရီကာဒို ကာလာဖီအိုရီ စသော အဓိကကစားသမားအချို့ ပါဝင်နိုင်ခြင်းမရှိသော်လည်း ဒုတိယပိုင်းတွင် ဂျူရီယန် တင်ဘာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့သည်။
မစ်ကယ် အာတေတာ၏အသင်းမှာ ပထမပိုင်းတွင် ပွဲချိန်အများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၃၄ မိနစ်တွင် ရာဟင် စတာလင်၏ ပေးပို့မှုမှတစ်ဆင့် လီယန်ဒရို ထရော့ဆက်ဒ်က တည်တည်ငြိမ်ငြိမ်ဖြင့် အဆုံးသတ်ခဲ့သည်။
ထရော့ဆက်ဒ်အနေဖြင့် ဒုတိယဂိုးသွင်းယူနိုင်ရန် နီးစပ်ခဲ့သော်လည်း အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် လူငယ်ခံစစ်ကစားသမား မီလက်စ် လူးဝစ်စ်-စကယ်လီက ဂျက်ခ်ဟယ်ရစ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်ရာမှာ ရရှိသော ပင်နယ်တီအား အီလီမန် အင်ဒီယာရီက တည်တည်ငြိမ်ငြိမ်ကန်သွင်းကာ အဲဗာတန်အတွက် သရေတစ်မှတ် ရယူပေးခဲ့သည်။
…..
— ဘိုင်ယန်မြူးနစ်တွင် ၂၅ နှစ်ကြာ ဖြတ်သန်းပြီးနောက် သောမတ်စ်မူလာ အသင်းမှထွက်ခွာတော့မည်
အသင်း၏ ဝါရင့်ကစားသမားဖြစ်သူ သောမတ်စ်မူလာမှာ ယခုနွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးချိန်၌ အသင်းမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့ပြီး အသင်းထံ၌ ခေတ်တစ်ခေတ်ကို အဆုံးသတ်ကာ အသင်းနှင့်အတူ ၂၅ နှစ်ကြာ ဖြတ်သန်းခဲ့သည့် အံ့မခန်းဖွယ် ခရီးရှည်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဧပြီ ၅ ရက်၌ တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။
ဘိုင်ယန်က အော့စ်ဘတ်အား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တစ်ရက်အကြာ ဧပြီ ၅ ရက်၌ အသက် ၃၅ နှစ်အရွယ် မူလာက အသင်းပရိသတ်များထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး ၎င်းအနေဖြင့် အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံတွင် ယခုနွေရာသီ၌ ပြုလုပ်မည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘိုင်ယန်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးမည်ဖြစ်ကြောင်း သိရသည်။
…..
— ဂွါဒါလာဂျာရာတွင် ကျင်းပသည့် World Aquatics Diving World Cup ပြိုင်ပွဲ တတိယမြောက်နေ့တွင် တရုတ်နိုင်ငံက ရွှေတံဆိပ်ဆုလေးဆု ဆွတ်ခူး
ဧပြီ ၅ ရက်က မက္ကဆီကိုနိုင်ငံ ဂွါဒါလာဂျာရာမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် World Aquatics Diving World Cup ပြိုင်ပွဲ တတိယမြောက်နေ့တွင် တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု လေးဆုလုံးကို ဆွတ်ခူးနိုင်ခဲ့သလို ငွေတံဆိပ်တစ်ခုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲ၌ ဆက်လက်စိုးမိုးထားနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………………………………
(English Version)
Barca extends lead in La Liga but misses chance to stamp authority on league after Madrid loses
FC Barcelona extended its lead at the top of La Liga to four points over Real Madrid on Saturday, but missed the chance to give an almost definitive statement in the title race after being held to a 1-1 draw at home to Betis.
Gavi put Barca ahead in the seventh minute after an assist from Ferran Torres, but Natan’s powerful header from a 17th-minute corner leveled the score for Betis.
Barcelona controlled most of the ball after the break, but the team playing its fourth game in 10 days lacked its usual sharpness in the Betis penalty area, while Betis also defended well to strengthen its case for a place in next season’s Champions League.
Earlier in the day, Real Madrid was stunned by a 2-1 defeat at home to Valencia.
…..
Liverpool moves closer to title without kicking a ball as Arsenal held by Everton
Liverpool moved closer to winning this season’s Premier League title without kicking a ball on Saturday after Arsenal was held to a 1-1 draw away to Everton.
The draw means Liverpool now needs just 11 points from eight matches, starting with Sunday’s match away to Fulham, to assure the title. Arsenal was missing several key players, such as Gabriel Magalhaes and Riccardo Calafiore, although Jurrien Timber was able to appear as a second half substitute at Goodison Park.
Mikel Arteta’s side controlled most of the play in the first half and took the lead after 34 minutes when Leandro Trossard finished calmly after an assist from Raheem Sterling.
Trossard almost added a second, but his effort was scrambled away by Jordan Pickford, before young defender Myles Lewis-Skelly fouled Jack Harrison to allow Iliman Ndiaye to calmly score the penalty and earn Everton a draw.
…..
Thomas Muller to leave Bayern Munich after 25 years
An era is coming to an end at Bayern Munich after Thomas Muller announced he will leave the club when his contract expires this summer, ending a remarkable 25-year journey with the German giants, the club confirmed in an official statement on Saturday.
The 35-year-old confirmed his departure in an open letter to fans published on Saturday, a day after Bayern’s 3-1 win at Augsburg. His final games for the club will be at this summer’s FIFA Club World Cup in the United States.
…..
China sweeps 4 golds on third day of Diving World Cup in Guadalajara
China continued its dominance at the 2025 World Aquatics Diving World Cup in Guadalajara, sweeping all four gold medals on the third day of competitions on Saturday, along with one silver.