Connect with us

China

အမေရိကန်ကုမ္ပဏီလုပ်ငန်းများအပါအဝင် တရုတ်နိုင်ငံရှိ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ကုမ္ပဏီလုပ်ငန်းများကို ယခင်အတိုင်းအာမခံချက်ပေးသွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလုပ်ငန်းများ စကားဝိုင်းဆွေးနွေးပွဲ ခေါ်ယူကျင်းပခဲ့ကြောင်း သတင်းထောက်က ဧပြီ ၇ ရက်တွင် အဆိုပါဌာနမှ သိရှိခဲ့သည်။ နိုင်ငံတကာအခင်းအကျင်း မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှု မြှင့်တင်ရေးသည် မယိမ်းမယိုင် ခိုင်မာစွာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒသည် ကမ္ဘာတွင် ရင်ဆိုင်နေရသော ခက်ခဲသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် မလွဲမသွေရွေးချယ်မှုဖြစ်ရာ တရုတ်နိုင်ငံက ဖွင့်လိုက်သော တံခါးမှာ ပို၍သာ ကြီးမားကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံအသုံးချခြင်းဆိုင်ရာ မူဝါဒသည် ပြောင်းလဲခြင်းမရှိသလို ပြောင်းလဲသွားမည်လည်းမဟုတ်ကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမေရိကန်ကုမ္ပဏီလုပ်ငန်းများ အပါအဝင် တရုတ်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလုပ်ငန်းများကို ယခင်အတိုင်း အာမခံချက်ပေးသွားမည်ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလုပ်ငန်းများ၏ ပြဿနာများနှင့် တောင်းဆိုချက်များကို တက်ကြွစွာ တွန်းအားပေးဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး၊ နိုင်ငံတကာ ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုများဆိုင်ရာ ဒုတိယကိုယ်စားလှယ် လျင်ကျီးက ပြောကြားခဲ့သည်။
မကြာသေးမီရက်များက အမေရိကန်သည် အကြောင်းပြချက်အမျိုးမျိုးဖြင့် တရုတ်နိုင်ငံအပါအဝင် ကုန်သွယ်ရေးမိတ်ဖက်များအားလုံးအပေါ် စည်းကြပ်ခွန် အလွဲသုံးချမှတ်ကြောင်း ကြေညာခဲ့ရာ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ဆိုးရွားစွာ ထိခိုက်စေပြီး နိုင်ငံအသီးသီး၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အပြင်းအထန်းထိပါးစေကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအစိုးရအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ၍ အခိုင်အမာ ကန့်ကွက်ပြီး တန်ပြန် အရေးယူမှုများအတွက် ပြတ်သားသော အစီအမံများချမှတ်ခဲ့ပြီးဖြစ်ကြောင်း လျင်ကျီးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တန်ပြန်အရေးယူမှုသည် အမေရိကန်ကုမ္ပဏီလုပ်ငန်းများ အပါအဝင် ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သလို အမေရိကန်နိုင်ငံအား နိုင်ငံပေါင်းစုံပါဝင်သော ကုန်သွယ်ရေးစနစ်၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် တွန်းအားပေးခြင်းလည်းဖြစ်ကြောင်း၊ စည်းကြပ်ခွန် ပြဿနာ၏ အရင်းခံမှာ အမေရိကန်တွင် ဖြစ်ပြီး အမေရိကန်ကုမ္ပဏီလုပ်ငန်းများအနေဖြင့် ပြဿနာ၏ မူလအစကို ခြေရာခံရန်၊ အကျိုးအကြောင်း သက်ရောက်မှုကို ရှင်းလင်းရန်၊ ဆင်ခြင်တုံတရားရှိသော စကားသံများပြောကြားရန်၊ လက်တွေ့ကျသော လုပ်ဆောင်ချက်များလုပ်ဆောင်ခြင်းဖြင့် ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက်၏တည်ငြိမ်မှုကို အတူတကွ ကာကွယ်စောင့်ရှောက်ကာအပြန်အလှန်အောင်မြင်ဖြစ်ထွန်းမှုအား မြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Tesla ၊ GE ကျန်းမာရေးကုသမှု ၊ Medtronic စသည့် အမေရိကန်ကုမ္ပဏီလုပ်ငန်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ တက်ရောက်လာကြသော ကုမ္ပဏီလုပ်ငန်းကိုယ်စားလှယ်များက ယခုအကြိမ် အစည်းအဝေးသည် အပြုသဘောဆောင်သော အချက်ပြမှုများ ဆောင်ကြဉ်းပေးကာ အချိန်နှင့် တစ်ပြေးညီ ရုံးချုပ်ကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစည်းအဝေးတွင် ကုမ္ပဏီလုပ်ငန်းကိုယ်စားလှယ်များက လက်ရှိ ရင်းနှီးမြှုပ်နှံရေးလည်ပတ်မှုတွင် တွေ့ကြုံနေရသော ပြဿနာများကို ထောက်ပြခဲ့ရာ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံက တစ်ခုချင်း ပြန်လည်ဖြေကြားပေးခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
商务部:一如既往为包括美资企业在内的在华外资企业提供保障
新华社北京4月7日电 记者7日从商务部获悉,4月6日,商务部召开美资企业圆桌会。商务部副部长兼国际贸易谈判副代表凌激表示,不论国际风云如何变幻,中国推进改革开放坚定不移,多边主义是解决世界面临困难挑战的必然选择,中国开放的大门只会越开越大,利用外资的政策没有变也不会变。商务部将一如既往为包括美资企业在内的在华外资企业提供保障,依法保护外资企业合法权益,积极推动解决外资企业问题诉求。中国过去是、现在是、将来也必然是外商理想、安全、有为的投资沃土。
凌激说,近几天,美国以各种借口宣布对包括中国在内的所有贸易伙伴滥施关税,严重损害以规则为基础的多边贸易体制,严重侵犯各国正当权益,中国政府对此强烈谴责,坚决反对,并已采取果断措施加以反制。中方反制措施既是坚定维护包括美资企业在内的企业合法权益,也是促使美国回到多边贸易体制的正确轨道上来。关税问题的根子在美国,希望美资企业追根溯源、澄清因果,发出理性声音,采取务实行动,共同维护全球产供链稳定,促进合作共赢。
特斯拉、GE医疗、美敦力等20余家美资企业代表参会。与会企业代表表示,本次会议传递了积极信号,将及时向总部报告。会上,企业代表反映了当前投资经营中遇到的问题,商务部相关司局负责人现场逐一回应。(完)