Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

— အိုလ်မို၏ သွင်းဂိုးဖြင့် ဘာစီလိုနာအသင်း လာလီဂါတွင် ခုနစ်မှတ်ဖြတ်၍ ဦးဆောင်
ဧပြီ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက ဒါနီ အိုလ်မို၏ ဒုတိယပိုင်းသွင်းဂိုးဖြင့် မာယော့ကာကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ရီးရဲလ်မက်ဒရစ်အား ခုနစ်မှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်လျက်ရှိသည်။
ဘာစီလိုနာက ပွဲကိုစိုးမိုးထားသော်လည်း မာယော့ကာဂိုးသမား လီယို ရိုမန် အံ့မခန်းလက်စွမ်းပြကာ အလွန်ကောင်းမွန်သော ဂိုးပေါက်ကာကွယ်မှု အများအပြား ပြုလုပ်ခဲ့သည်။
ဧပြီ ၂၆ ရက်၌ စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သလို ရောဘတ် လီဝန်ဒေါစကီးမှာလည်း ဒဏ်ရာရရှိနေသည့်အတွက် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ဟက်တာဖို့ထ်ကို ခံစစ်တွင် ကစားစေပြီး အဲရစ် ဂါစီယာကိုလည်း ကွင်းလယ်၌ ပွဲထွက်ကစားစေခဲ့သည်။ ထို့အတူ အန်ဆုဖာတီမှာလည်း ကြုံတောင့်ကြုံခဲအဖြစ် ပွဲထွက်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
ဘာစီလိုနာအနေဖြင့် ခံစစ်ပိုင်းတွင် အနည်းငယ် အပြောင်းအလဲ ပြုလုပ်ထားသဖြင့် ပွဲချိန်အစောပိုင်းတွင် ဟာကွက်အနည်းငယ် ရှိနေပုံရသော်လည်း ပွဲကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ပြီး ပက်ဒရီကလည်း ကွင်းလယ်ကို စိတ်ကြိုက်ထိန်းချုပ်ထားခဲ့သည်။
ပွဲကစားချိန် ၄၆ မိနစ်တွင် အိုလ်မိုက နေရာလွတ်ရှိရာသို့ အချိန်ကိုက်ပြေးဝင်၍ ဂိုးထောင့်ထဲသို့ ကန်သွင်းခဲ့ရာ ပြိုင်ဘက်ဂိုးသမား မည်သို့မျှမကာကွယ်နိုင်ဘဲ ဘာစီလိုနာအသင်း အနိုင်ဂိုးရရှိသွားသည့်အတွက် ပထမပိုင်းတွင် အကောင်းဆုံးခံစစ်ကစားပုံကို ပြသနိုင်ခဲ့သည့် မာယော့ကာအဖို့ စိတ်ပျက်စရာဖြစ်ခဲ့သည်။
…..
— ရီးရဲလ်မက်ဒရစ် နည်းပြအလုပ်ကို မြတ်နိုးကြောင်း အန်ဆယ်လော့တီ ပြော
ရီးရဲလ်မက်ဒရစ်အနေဖြင့် ဧပြီ ၂၃ ရက်တွင် လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သလို ဧပြီ ၂၆ ရက်တွင် ဘာစီလိုနာအသင်းနှင့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ရာ အဆုံးအဖြတ် ဖြစ်လာဖွယ်ရှိသော သီတင်းပတ်မတိုင်မီ နည်းပြအန်ဆယ်လော့တီအနေဖြင့် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်ထားဆဲဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ချန်ပီယံလိဂ်တွင် အာဆင်နယ်အား အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အီတလီလူမျိုးနည်းပြဖြစ်သော အန်ဆယ်လော့တီအနေဖြင့် ရာသီကုန်တွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းမီဒီယာများက ထင်ကြေးပေးဖော်ပြလျက်ရှိသည်။ သို့သော် ၎င်းမှာ အနာဂတ်အတွက် စိုးရိမ်ပူပန်တတ်သူ မဟုတ်ကြောင်း အန်ဆယ်လော့တီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ကျွန်တော် ဒီအလုပ်ကို မြတ်နိုးပါတယ်။ တတ်နိုင်သမျှ အချိန်အကြာကြီး ဆက်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ တစ်နေ့နေ့မှာ အဆုံးသတ်သွားခဲ့ရင်တောင် ကျွန်တော် ကျေးဇူးတင်နေမှာဖြစ်ပြီး ဒီအသင်းကို ချီးကျူးလေးစားနေမှာပါ” ဟု ၎င်းက ဆိုသည်။
…..
— ဘရာဇီးအသင်းနည်းပြဟောင်း မီနီဇက်စ် ဂရီမီယိုနည်းပြအဖြစ် တစ်ကျော့ပြန်တာဝန်ယူ
ဘရာဇီးလက်ရွေးစင်အသင်း နည်းပြဟောင်းဖြစ်သူ မာနို မီနီဇက်စ်အား ဘရာဇီးစီးရီးအေကလပ် ဂရီမီယို၏ မန်နေဂျာအဖြစ် ရာသီကုန်အထိ ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။
မီနီဇက်စ်အနေဖြင့် ဘရာဇီးစီးရီးအေပြိုင်ပွဲတွင် သုံးပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်၌ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဂူစတာဗို ကွင်တာရော့စ်၏နေရာတွင် အစားထိုးတာဝန်ယူသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ အသက် ၆၂ နှစ်အရွယ် မီနီဇက်စ်အနေဖြင့် ပေါ်တိုအယ်လီဂရီမြို့ခံအသင်းအား ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းအား ဒုတိယအကြိမ် ကိုင်တွယ်သွားမည်လည်းဖြစ်သည်။
…..
— လီမာမြို့တွင် ကျင်းပသည့် ISSF ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Sun Yujie က အမျိုးသမီး ၂၅ မီတာ ပစ္စတိုပစ်ပြိုင်ပွဲ၌ နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆွတ်ခူး
ဧပြီ ၂၁ ရက်က ပီရူးနိုင်ငံ လီမာမြို့တွင် ကျင်းပပြီးစီးသွားပြီဖြစ်သည့် ယခုရာသီအတွက် ဒုတိယမြောက် ISSF ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ သေနတ်ပစ်အားကစားမယ် Sun Yujie က အမျိုးသမီး ၂၅ မီတာ ပစ္စတိုပစ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)


………………………………………………………………………………..
(English Version)
Olmo strike sends Barcelona seven clear in La Liga
Dani Olmo’s second-half goal allowed FC Barcelona to extend its lead at the top of La Liga to seven points over Real Madrid with a 1-0 win at home to Mallorca on Tuesday night.
Barcelona dominated the game, but was denied time after time by a magnificent display from Mallorca goalkeeper Leo Roman, who made a string of excellent saves.
With the Copa del Rey final on Saturday and Robert Lewandowski injured, Barca coach Hansi Flick brought Hector Fort into defense, while Eric Garcia started in midfield, and there was a rare appearance for Ansu Fati in the starting 11.
With a slightly makeshift defense, Barcelona looked slightly vulnerable in the opening minutes but quickly took control, with Pedri controlling everything in midfield.
Mallorca will be frustrated that, after some first-half defensive heroics, Barca went ahead in the first minute of the second half, with Olmo timing his run to arrive in space and score with a shot into the corner that gave Roman no chance.
…..
Ancelotti says he loves his Real Madrid job
Real Madrid coach Carlo Ancelotti remains tight-lipped over his future at the club ahead of what could be a decisive week, with a La Liga game away to Getafe on Wednesday and the final of the Copa del Rey against FC Barcelona on Saturday.
The press has speculated the Italian will leave Real Madrid at the end of the season in the wake of last week’s Champions League exit to Arsenal. But speaking to the press, Ancelotti didn’t seem like a man worried about his future.
“I love this job and I hope this can continue as long as possible, it ends one day, then I will be grateful and I’ll take my hat off to this club.” he said.
…..
Ex-Brazil boss Menezes returns to Gremio
Former Brazil national team boss Mano Menezes has been appointed manager of Gremio for the rest of the Brazilian Serie A season.
Menezes replaces Gustavo Quinteros, who was sacked last week after the club’s third straight top-flight defeat. It will be the 62-year-old’s second spell in charge of the Porto Alegre club, having also been at the helm from 2005 to 2007.
…..
Sun claims back-to-back gold in women’s 25m pistol at ISSF World Cup in Lima
China’s Sun Yujie clinched her second consecutive gold medal in the women’s 25m pistol, as the second ISSF World Cup this season concluded here on Monday.