Africa & Middle East
လစ်ဗျားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ် အား IS တို့ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၅ဦးရှိလာ
ထရီပိုလီ၊ မေ ၃ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ ရွေးကောက်ပွဲများဆိုင်ရာ အဆင်မြင့်ကော်မရှင်ရုံးချုပ် အား မေလ ၂ရက်တွင် IS အသေခံ ဗုံးခွဲသမားများက တိုက်ခိုက်ခဲ့၍ သေဆုံးသူ ဦးရေသည် ၁၅ဦး အထိ မြင့်တက်လာခဲ့ကြောင်း ဆေးကုသရေးရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ထရီပိုလီ ဖီးထ် ပြည်သူ့ဆေးရုံ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Abdaddaem al-Rabti က ကော်မရှင်ဝန်ထမ်း ၉ဦး၊ လုံခြုံရေးဝန်ထမ်း ၄ဦး နှင့် အကြမ်းဖက်သမား ၂ဦးသေဆုံးပြီး အခြားလူ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီ ၂ရက် နှောင်းပိုင်းတွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
အကြမ်းဖက်သမားများသည် ဧပြီ ၂ ရက်တွင် ကော်မရှင်အဆောက်အအုံ၏ အဓိက ဝင်ပေါက်အား တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဝန်းရံလိုက်ချိန်တွင် အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင် နှင့် ပူးပေါင်းထားသည် ကုလသမဂ္ဂကျောထောက်နောက်ခံ အစိုးရအဖွဲ့ က မစ်ရှင်အကြီးအကဲ Ghassan Salame တင်သွင်းသည့် ယခုနှစ် မကုန်ခင် သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများ ပြုလုပ်ရန် ပြင်ဆင်နေစဉ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)