International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— သံမဏိနှင့် အလျင်နှုန်း – တရုတ်နိုင်ငံက စက်ရုပ်အိုလံပစ်အားကစားပွဲ ကျင်းပကာ AI အားကစားခေတ်သစ်ကို အစပြု
တရုတ်နိုင်ငံ၏ စက်ရုပ်များသာပါဝင်သော ပထမဆုံးအားကစားပြိုင်ပွဲကို ဝူရှီးမြို့တွင် ကျင်းပခဲ့ရာ ဉာဏ်ရည်တု (AI) နည်းပညာသုံးအားကစားသမား ၁၅၀ ကျော်က တာတိုအပြေးပြိုင်ခြင်း၊ ဘောလုံးကန်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် အခြားအားကစားနည်းများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။ “စက်ရုပ်အိုလံပစ်အားကစားပွဲ” ဟု ခေတ်ဆန်ဆန်နာမည်ပေးထားသော အဆိုပါ ပြိုင်ပွဲတွင် နောက်ဆုံးပေါ် စက်ရုပ်များနှင့် ဉာဏ်ရည်တုနည်းပညာအား ထည့်သွင်းပြသထားပြီး နည်းပညာက အများနှင့်ယှဉ်ပြိုင်ကစားရသော အားကစားကမ္ဘာကို မည်ကဲ့သို့ ပုံဖော်ထားပုံကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားနိုင်ပြီဖြစ်ပါသည်။
………
— ရီးရဲဆိုစီဒက်က ဘီအသင်း နည်းပြ Sergio Francisco အား နည်းပြချုပ်အဖြစ် အမည်စာရင်းသွင်း
ရီးရဲဆိုစီဒက်အသင်း၏ ဘီအသင်းနည်းပြ Sergio Francisco သည် လာမည့်ရာသီအတွက် အသင်း၏ ပထမအသင်းနည်းပြသစ်ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း ရီးရဲဆိုစီဒက်က အတည်ပြုခဲ့သည်။
……..
— NBA Draft 2025 သို့ ဝင်ရောက်မည်ဟု တရုတ်ဘတ်စကက်ဘော ကြယ်ပွင့် ယန် ကြေညာ
တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် ဘတ်စကက်ဘောကစားသမား ယန်ဟန့်ဆန်းက NBA Draft 2025 သို့ ဝင်ရောက်မည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ဧပြီ ၂၆ ရက်၌ ကြေညာခဲ့သည်။
“ကျွန်တော့်ဘဝမှာ အရေးပါဆုံး ဆုံးဖြတ်ချက်ပါပဲ။ ပိုမိုကြီးမားတဲ့ စင်မြင့်ထက်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြသချင်တယ်” ဟု အသက် ၁၉ နှစ်အရွယ် ယန်က ဆင်ဟွာနှင့် အင်တာဗျူးစဉ် ပြောကြားခဲ့သည်။
……..
— အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန် မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် ၆၄ ဦးအဆင့်မှ နုတ်ထွက်
တရုတ်တင်းနစ်ကြယ်ပွင့် ကျိန့်ချင်းဝန်သည် ပွဲချိန် တစ်နာရီ မိနစ် လေးဆယ်ကြာမြင့်ခဲ့သော ရုရှားနိုင်ငံမှ အနာစတေးရှား ပိုတာပိုဗာနှင့် ယှဉ်ပြိုင်စဉ် ၆-၄ ၊ ၆-၄ ဖြင့် ရှုံးနိမ့်ခဲ့ရာ ဧပြီ ၂၅ ရက်၌ Mutua Madrid Open ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ (Xinhua)

ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်များအတွက် အားကစားနည်းမျိုးစုံ ယှဉ်ပြိုင်ကစားနိုင်သော အားကစားကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျီနန်မြို့တွင် ၂၀၂၄-၂၀၂၅ CBA league ပွဲစဉ်တွင် Shandong Heroes နှင့် ယှဉ်ပြိုင်နေသော Qingdao Eagles မှ ယန်ဟန့်ဆန်း (ဝဲ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ် ပဲရစ် အိုလံပစ်အားကစားပြိုင်ပွဲ၌ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ပိုလန်နိုင်ငံမှ အီဂါ ဆဝိုင်ယာတက်ခ်နှင့် ယှဉ်ပြိုင်နေသော ကျိန့်ချင်းဝန်အား ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(English Version)
— Steel and Speed – China’s Robolympics kicks off new era of AI sports
China’s first all-robot sports games kicked off in Wuxi, featuring over 150 AI-powered athletes competing in sprinting, football, combat and more. Dubbed a futuristic ‘Robolympics’, the event showcases cutting-edge robotics and AI, offering a bold glimpse into how technology is reshaping the world of competitive sports.
Photo 1: AI-powered robots compete in a 2v2 football match. (Xinhua)
Photo 2: This photo shows the arena of multi-sports games for AI robots. (Xinhua)
………
— Real Sociedad names B-team coach Sergio Francisco as new head coach
Real Sociedad confirmed on Friday that B-team coach Sergio Francisco will be the club’s new first team coach for next season and he had signed a contract until June 2027.
……..
— Chinese basketball rising star Yang announces entry into NBA Draft 2025
China’s teenage center Yang Hansen announced his decision to enter the NBA Draft 2025 on Saturday.
“This is the most important decision in my life. I want to showcase myself on a bigger stage,” said the 19-year-old in an interview with Xinhua.
Photo 3: The Qingdao Eagles’ Yang Hansen (L) goes for a basket during a match against the Shandong Heroes at the 2024-2025 CBA league in Jinan, east China’s Shandong Province, Dec. 23, 2024. (Xinhua/Zhu Zheng)
……..
— Olympic champion Zheng Qinwen falls in Madrid Open round of 64
Chinese tennis star Zheng Qinwen was eliminated from the Mutua Madrid Open on Friday, suffering a 6-4, 6-4 defeat to Russia’s Anastasia Potapova in a match that lasted one hour and 40 minutes.
Photo 4: Zheng Qinwen hits a return during the women’s singles semifinal match against Iga Swiatek of Poland at the Paris 2024 Olympic Games in Paris, France, on Aug. 1, 2024. (Xinhua/Gao Jing)