Connect with us

Videos

တရုတ်နိုင်ငံ သည် “APSTAR-6C” အမည်ရှိ ဆက်သွယ်ရေးဂြိုလ်တုသစ်လွှတ်တင်

စီချန်၊ မေ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် “APSTAR-6C” အမည်ရှိ ဆက်သွယ်ရေးဂြိုလ်တုသစ် အား နိုင်ငံ အနောက်တောင်ပိုင်း စီချန်ဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ မေ ၄ ရက် နံနက် ၁၂း၀၆ နာရီ တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုအား Long March-3B ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။ ယခုတစ်ချိန် လွှတ်တင်မှုသည် Long March ဒုံးပျံ၏ ၂၇၃ ကြိမ်မြောက် လွှတ်တင်မှုဖြစ်ပြီး ဂြိုလ်တု နှင့် ဒုံးပျံ ၂ခုစလုံးအား တရုတ်နိုင်ငံအာကာသသိပ္ပံ နှင့် နည်းပညာကော်ပိုရေးရှင်း က ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဂြိုလ်တုအား အသုံးပြုသူ မှာ ဟောင်ကောင်အခြေစိုက် APT ဂြိုလ်တု ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ ဂြိုလ်တုမှ အာရှ-ပစိဖိတ် ဒေသတစ်လျှောက် ရုပ်သံလိုင်းများ ထုတ်လွှင့်မှု၊ ဆက်သွယ်ရေး၊ အင်တာနက် နှင့် မီဒီယာပေါင်းစုံ ဝန်ဆောင်မှုများကို ဖောက်သည်များအတွက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.