Connect with us

Africa & Middle East

အာဖဂန်နစ္စတန်အရှေ့ပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားရာ စစ်သွေးကြွ ၁၁ ဦးသေဆုံး

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ ဝင်များ ကင်းလှည့်နေစဉ်(ဆင်ဟွာ)

ဂါဇ်နီ ၊ မေ ၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီ(Ghazni) ပြည်နယ်၌ အဝေးထိန်းမိုင်းတစ်လုံး(IED)ကို တပ်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူက မေ ၈ ရက်တွင်ပြောကြားခဲ့သည်။

“ အဲဒီပေါက်ကွဲမှုဟာ အန်ဒါခရိုင်(Andar) ၊ ဂူဇရာအီဂီလန်ရွာ(Guzara-e-Gilan)မှာ မေလ ၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူတွေထဲကအချို့ဟာ တာလီဘန် ဗုံး လုပ်ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။” ဟု ပြောရေးဆိုခွင့်ရှိသူ Harif Noori က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

တာလီဘန်စစ်သွေးကြွများ နှင့် အိုင်အက်စ်တိုက်ခိုက်ရေးသမားများသည် လမ်းဘေးဗုံးထောင်ရန် (IED) ဖောက်ခွဲရေးပစ္စည်းများ နှင့် မြေမြှုပ်မိုင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် အသုံးပြုနေသော်လည်း သားရေဖြင့်ပြုလုပ်သည့် အဆိုပါ လက်လုပ်မိုင်းများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေရသည်။

မေလ ၇ ရက်က အာဖဂန်တောင်ပိုင်းပြည်နယ် ကန်ဒါဟာပြည်နယ် Maywand ခရိုင်တွင် IED ဖောက်ခွဲရေးပစ္စည်းကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ Bashir Ahmad က ဆင်ဟွာသို့ယနေ့တွင်ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ စစ်သွေးကြွအုပ်စုဖက်က မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.