Connect with us

Videos

တရုတ်နိုင်ငံ မှ သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေးအတွက် ကမ္ဘာမြေစူးစမ်းရှာဖွေရေး ဂြိုလ်တုသစ် လွှတ်တင်

တိုင်ယွန်၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေစူးစမ်းရှာဖွေရေး စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Gaofen-5 ရောင်စဉ်တန်းရိုက်ကူးရေး ဂြိုလ်တုအား မေ ၉ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Gaofen-5 ဂြိုလ်တုအား Long March 4C ဒုံးပျံ၏နောက်ကျောတွင်သယ်ဆောင်၍ ပေကျင်းစံတော်ချိန် နံနက် ၂း၂၈နာရီတွင် ရှန်ရှီးပြည်နယ်မြောက်ပိုင်းရှိ တိုင်ယွန်ဂြိုလ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုသည် Long March ဂြိုလ်တုသယ်ဆောင်ရေးဒုံးပျံ၏ ၂၇၄ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။

ယင်းဂြိုလ်တုအား သဘာဝပတ်ဝန်းကျင် အလုံးစုံ လေ့လာစောင့်ကြည့်ရေး အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုလ်တုကို တရုတ်နိုင်ငံ လေကြောင်းအာကာသ သိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း မှ ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၈နှစ် အသုံးပြုနိုင်ရန် ပုံစံရေးဆွဲထားကြောင်း သိရသည်။

တရုတ်နိုင်ငံ သည် ယခုနှစ်အတွင်း Gaofen-5 ဂြိုလ်တုကိုလည်း လွှတ်တင်သွားမည်ဖြစ်ပြီး ဂြိုလ်ပတ်လမ်းကြောင်းအတွင်းရှိ အခြားသော Gaofen ဂြိုလ်တုများ နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.