Connect with us

Environment, Disasters & Accidents

သဲကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၈ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှု

သဲကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၈ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မေလ ၁၁ ရက်နေ့ ၀၁း၅၀နာရီအချိန် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၁၅၃/၅-၆) ကြား၌ ကိုဖြိုး(ခ)ဖြိုးလေး(၂၅)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်ကျော်(ခ)ဗိုထိပ်(၁၈)နှစ်နှင့် ခရီးသည် ၄၈ ဦးတို့ လိုက်ပါလာသည့် “မြရတနာ”ခရီးသည်တင် မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကားဘီးချော်ကာ လမ်းယာဘက်သို့ ပက်လက်လန် တိမ်းမှောက်သွားခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုဖြိုး(ခ)ဖြိုးလေးနှင့် ယာဉ်နောက်လိုက် မောင်ကျော်(ခ)ဗိုထိပ်တို့မှာ ဒဏ်ရာရရှိခဲ့ခြင်း ဘဲ ခရီးသည် ၄၈ ဦး(ကျား ၃၀၊ မ ၁၈) အနက် အောင်စောမြင့် (၃၁)နှစ်အပါအဝင် ၈ ဦး(ကျား ၅၊ မ ၃)တို့တွင် ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး အောင်သိန်းဇော်(၃၈)နှစ် နှင့်အတူ ၂၀ ဦး(ကျား ၁၂၊ မ ၈)တို့မှာ ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ အင်းမတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ကာ ၀၈၀၀ အချိန်တွင် ယာဉ်မောင်း ကိုဖြိုး(ခ)ဖြိုးလေးအား အင်းမနယ်မြေရဲစခန်းယာဉ်(ပ)၁၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမာန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.