Connect with us

North America

ရုရှား-ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ထရမ့်နှင့် ပူတင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အခမ်းအနားတက်ရောက်လာသော အမေရိကန် သမ္မတ ထရမ့်အား မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့အိန်ဂျလိစ်၊ မေ ၂၀ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့သည် မေ ၁၉ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုအပြီးတွင် ထရမ့်က ရုရှားနှင့် ယူကရိန်းတို့သည် အပစ်အခတ်ရပ်စဲရေးရရှိရန် စေ့စပ်ညှိနှိုင်းမှု ချက်ချင်းစတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်က ၎င်းသည် မကြာသေးမီကမှ ပူတင်နှင့် နှစ်နာရီကြာ ဖုန်းခေါ်ဆိုခဲ့ရာ ဆွေးနွေးမှုမှာ “အဆင်ပြေ” ကြောင်း၊ “ရုရှား-ယူကရိန်းတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့ ရည်ရွယ်တဲ့ စေ့စပ်ညှိနှိုင်းမှု ချက်ချင်းစတင်တော့မှာဖြစ်တယ်။ ပိုအရေးကြီးတာက ဒါက စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ စေ့စပ်ညှိနှိုင်းမှုဖြစ်တယ်။ တိကျတဲ့အခြေအနေကိုတော့ နှစ်ဖက်က ညှိနှိုင်းပြီးအတည်ပြုလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူတို့က တခြားလူတွေ မသိနိုင်တဲ့ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ အသေးစိတ်ကို သိထားလို့ပဲ” ဟု လူမှုမီဒီယာတွေ ရေးသားဖော်ပြခဲ့သည်။
ထရမ့်က ယခုအကြိမ် ဖုန်းခေါ်ဆိုမှု၏ “အခြေအနေရော အနေအထားရော အားလုံး အလွန်ကောင်းပါတယ်”၊ ရုရှားဘက်က ရုရှား-ယူကရိန်း ပဋိပက္ခပြီးဆုံးပြီးနောက် အမေရိကန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ကုန်သွယ်မှု လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ရာ ၎င်းကလည်း ဤစိတ်ကူးနှင့် သဘောချင်း တူညီကြောင်း ပြောကြားခဲ့သည်။ “ရုရှားမှာ များလှတဲ့ အလုပ်အကိုင်နဲ့ ကြွယ်ဝချမ်းသာမှုတွေ ဖန်တီးဖို့ ကြီးမားတဲ့ အခွင့်အလမ်းတွေရှိတယ်၊ အလားအလာကတော့ အတိုင်းမဲ့ပါပဲ။ အဲဒီလိုပဲ နိုင်ငံကို ပြန်လည်ထူထောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ယူကရိန်းကလည်း ကုန်သွယ်မှုကနေ အကျိုးများစွာရနိုင်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
ဗာတီကန်က “စေ့စပ်ညှိနှိုင်းမှုကို လက်ခံကျင်းပပေးဖို့ အလွန်ဆန္ဒရှိ” ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က ၎င်းသည် ပူတင်နှင့် ဖုန်းခေါ်ဆိုမှုအပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီး၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် ဖင်လန်နိုင်ငံ ခေါင်းဆောင်များနှင့်လည်း ဖုန်းခေါ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အခမ်းအနားတက်ရောက်လာသော အမေရိကန် သမ္မတ ထရမ့်အား မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
特朗普与普京就俄乌问题通话
新华社洛杉矶5月19日电(记者黄恒)美国总统特朗普19日与俄罗斯总统普京就俄乌问题通电话。特朗普在通话后说,俄罗斯和乌克兰将立即启动谈判,以实现停火。
特朗普在社交媒体发文说,他刚刚同普京结束2个小时的通话,通话“挺顺利”。“俄乌将立即启动旨在实现停火的谈判,更重要的是,这是旨在结束战争的谈判。具体条件将由双方协商确定,因为他们掌握着其他人无法知晓的谈判细节”。
特朗普说,此次通话“基调和气氛都非常好”,俄方表示希望在俄乌冲突结束后与美开展大规模贸易,他赞同这一想法。“俄罗斯拥有巨大机会创造大量就业和财富,潜力无限。同样,在国家重建过程中,乌克兰也能从贸易中受益匪浅”。
特朗普说,梵蒂冈已表示“非常乐意主持谈判”。
特朗普说,他在与普京通话后,还与乌克兰总统泽连斯基、欧盟委员会主席冯德莱恩以及法国、意大利、德国和芬兰领导人通了电话。(完)
5月19日,美国总统特朗普在华盛顿白宫出席活动。新华社记者 胡友松 摄