Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လွတ်လပ်စွာ ကုန်သွယ်မှုအား ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် တိုက်တွန်း

ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ချဲ့ထွင်ရေး၊ စက်မှုလုပ်ငန်းဆိုင်ရာ ပေါင်းစည်းမှု ခိုင်မာအားကောင်းစေရေး၊ လွတ်လပ်စွာ ကုန်သွယ်မှုကို ကာကွယ်ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မေ ၂၄ ရက်၌ တိုက်တွန်းခဲ့သည်။၂၀၂၅ ခုနှစ် အင်ဒိုနီးရှား-တရုတ် စီးပွားရေးဆိုင်ရာ ကြိုဆိုပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် လီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သည် တရုတ်-အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် အခါသမယနှင့် ဘန်ဒေါင်းညီလာခံ နှစ် ၇၀ ပြည့် အခါသမယလည်း ဖြစ်သည်ဟု လီက အလေးအနက်ပြောကြားလျက် ကမ္ဘာကြီးသည် လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုကျော်က သမိုင်းဝင် အလှည့်အပြောင်းကာလတစ်ခု၌ တည်ရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ သဘောထားကွဲလွဲမှု၊ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်နေစဉ် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် အခြားသော အာရှနှင့် အာဖရိကနိုင်ငံများနှင့်အတူ ဘန်ဒေါင်းမြို့တွင် စုရုံးခဲ့ပြီး စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုဟူသော ဘန်ဒေါင်းစိတ်ဓာတ်ကို အခိုင်အမာ ပုံဖော်တည်ဆောက်ခဲ့ရာ အဆိုပါ စိတ်ဓာတ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာ၌လည်းကောင်း၊ ကမ္ဘာကြီးအား အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ထိန်းကျောင်းလမ်းညွှန်ပေးရာ၌လည်းကောင်း အခရာကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု လီက ဆိုသည်။

သို့ဖြင့် ဆယ်စုနှစ် ခုနစ်ခုကျော်အကြာ မျက်မှောက်ကာလတွင်လည်း ကမ္ဘာကြီးသည် အလွန်အရေးပါသော အလှည့်အပြောင်းကာလဆီသို့ တစ်ကျော့ပြန် ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာ အခြေအနေမှာ ဝရုန်းသုန်းကား အခြေအနေနှင့် ရောထွေးကာ ပြောင်းလဲဖြစ်ပေါ်နေချိန်တွင် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတို့ အရှိန်မြင့်တက်လျက်ရှိပြီး ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ရပ်များလည်း မြင့်တက်လျက်ရှိကြောင်း လီက ပြောကြားခဲ့သည်။

ထိုအခြေအနေ၌ ဘန်ဒေါင်းစိတ်ဓာတ်၏ မျက်မှောက်ခေတ် တန်ဖိုးမှာ ပိုမိုပေါ်လွင်ထင်ရှားလာခဲ့သည်ဟု လီက ဆိုသည်။
သို့ဖြစ်ရာ နှစ်ဖက်အနေဖြင့် သမိုင်းဝင် တိုးတက်မှု၏ ယေဘုယျ လားရာအတိုင်း ဆက်လက်လျှောက်လှမ်းရန်၊ မတူကွဲပြားမှုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတို့ကို ထိန်းသိမ်းကာ အခြေခံတူညီမှု ရှာဖွေခြင်းကို တစ်စိုက်မတ်မတ် လုပ်ဆောင်ရန်၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် မတူကွဲပြားမှုများကို ဖြေရှင်းရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန်အကျိုးရှိသော ရလဒ်များကို အားပေးမြှင့်တင်ရန်၊ အတူတကွ တည်ဆောက်မှုနှင့် အကျိုးအမြတ် မျှဝေမှုတို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုတို့ကို ဖန်တီးရယူရန် ၎င်းက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ လက်တွေ့ကျသော ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်ဖော်ဆောင်ရာ၌ ဘန်ဒေါင်းစိတ်ဓာတ်ကို အစဉ်တစိုက် ထိန်းသိမ်းခဲ့သည်ဟု အလေးထားပြောဆိုလျက် တရုတ်-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်မှုမှာ လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် အဆင့်သစ်ဆီသို့ စဉ်ဆက်မပြတ် တိုးတက်လာခဲ့ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)
………………………………………….
(English Version)
Premier Li urges China, Indonesia to expand cooperation, safeguard free trade
JAKARTA, May 25 (Xinhua) — Chinese Premier Li Qiang on Saturday urged China and Indonesia to make the pie of cooperation bigger, strengthen industrial integration and safeguard free trade.
Li made the remarks when addressing the Indonesia-China Business Reception 2025.
Noting that this year marks the 75th anniversary of the establishment of China-Indonesia diplomatic ties and the 70th anniversary of the Bandung Conference, Li said that more than seven decades ago, the world stood at a historical crossroads.
Amid global discord and confrontation, China and Indonesia, together with other Asian and African nations, gathered in Bandung and forged the Bandung Spirit of solidarity, friendship and cooperation, which has played a pivotal role in advancing South-South cooperation and steering the world toward positive development, Li said.
Today, more than seven decades later, the world is once again at a critical crossroads, Li said, adding that amid evolving international situation intertwined with turmoil, unilateralism and protectionism are on the rise, and acts of bullying are increasing.
Against this backdrop, the contemporary value of the Bandung Spirit has become more prominent, Li said.
He called on both sides to follow the general trend of historical progress, adhere to seeking common ground while reserving differences and peaceful coexistence, resolve differences through consultation, promote win-win results through cooperation, and achieve development and prosperity through joint construction and shared benefits.
Noting that China and Indonesia have consistently upheld the Bandung Spirit in advancing all-round practical cooperation, Li said that under the strategic guidance of the two heads of state in recent years, China-Indonesia cooperation has continuously reached new heights.
English Caption
Chinese Premier Li Qiang addresses the Indonesia-China Business Reception 2025 in Jakarta, Indonesia, on May 24, 2025. (Xinhua/Li Xiang)