Videos
တရုတ်နိုင်ငံအစိုးရက ကူညီပေးသည့် ၁၅ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၅ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မေ ၂၅ ရက်တွင် ရန်ကုန်မြို့၌ လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။ ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများတွင် ဒီဇယ်ဆီ တန်ချိန် ၁၂,၀၀၀၊ ဓာတ်ဆီ တန်ချိန် ၃,၀၀၀၊ အသင့်တပ်ဆင်ရန် သာမန်နေအိမ် အလုံးရေ ၁,၁၂၀ လုံး၊ အသင့်တပ်ဆင်ရန် ရုံးခန်း အဆောက်အဦ ၁၆၀ လုံးနှင့် အခြားသော ရုံးပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)
#China_Aid #Myanmar #Quake #တရုတ် #မြန်မာ #အကူအညီ #ငလျင်