Connect with us

Africa & Middle East

အမေရိကန်က အီရန်အား လေကြောင်းတိုက်ခိုက်ပြီးနောက် နိုင်ငံတကာ လောင်စာဆီ ဈေးနှုန်းများ တစ်ရှိန်ထိုးမြင့်တက်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသော အမေရိကန် သမ္မတ ထရမ့်အား ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် ဇွန် ၂၁ ရက် ညပိုင်းတွင် အမေရိကန်စစ်တပ်က အီရန်ရှိ နျူကလီးယား အဆောက်အဦ ၃ နေရာအား “အောင်မြင်စွာတိုက်ခိုက်” ၍ “အပြီးတိုင်ဖယ်ရှား” လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇွန် ၂၂ ရက်တွင် နိုင်ငံတကာ လောင်စာဆီဈေးသည်လည်း ယင်းသတင်းနှင့်အတူ မြင့်တက်သွားခဲ့ရာ ဈေးကွက်က Hormuz ရေလက်ကြား လမ်းကြောင်း၏ အနာဂတ်အလားအလာအပေါ် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်လျက်ရှိသည်။

ဩဂုတ်လတွင် ကုန်ပစ္စည်းလွှဲအပ်မည်ဖြစ်သည့် နယူးယောက် ရေနံစိမ်း Futures ဈေးနှုန်းသည် ဇွန် ၂၂ ရက် ညနေ ၆ နာရီတွင် စတင်အရောင်းအဝယ်ပြုလုပ်ပြီးနောက် အမြင့်ဆုံးတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဒေါ်လာနှင့်အထက်အထိ ထိုးတက်သွားခဲ့ရာ ဇွန် ၂၀ ရက်၏ ဈေးကွက်အပိတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တိုးတက်လာမှုပမာဏသည် ၆ ရာခိုင်နှုန်းကျော်ရှိသော်လည်း မကြာမီ ကန်ဒေါ်လာ ၇၅ ဒေါ်လာ ဝန်းကျင်အထိ ပြန်လည်ကျဆင်းသွားခဲ့သည်။ ဩဂုတ်လတွင် ကုန်ပစ္စည်းလွှဲအပ်မည့် Brent ရေနံစိမ်း Futures ဈေးနှုန်းကမူ တစ်စည်လျှင် ကန်ဒေါ်လာ ၈၀ ကန့်သတ်ချက်ကို ထိုးဖောက်၍ အမြင့်ဆုံး ကန်ဒေါ်လာ ၈၁.၄ ဒေါ်လာအထိ မြင့်တက်သွားရာ တိုးတက်မှု ပမာဏသည် ၅.၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း မကြာမီ ၇၉ ဒေါ်လာအောက်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။

အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အန္တရာယ်များ ပြင်ပဒေသသို့ပျံ့နှံ့လာမှု ဥပမာအားဖြင့် Hormuz ရေလက်ကြောင်း ပိတ်ဆို့မှုတို့ ဖြစ်လာမည်ကို ဈေးကွက်က ပိုမိုပူပန်နေကြသည်။

အီရန်နိုင်ငံလွှတ်တော်သည် Hormuz ရေလက်ကြားပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ သဘောတူညီချက် ရရှိထားပြီး ဖြစ်ကြောင်း၊ နောက်ဆုံး ဆုံးဖြတ်ချက်ကို အီရန်ထိပ်တန်းအမျိုးသားလုံးခြုံရေးကောင်စီမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံလွှတ်တော်အမတ် Ismail Kousari ၏ ပြောကြားချက်ကို ကိုးကား၍ အီရန် Press TV က ဇွန် ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Hormuz ရေလက်ကြားသည် အီရန်နှင့် အိုမန်နိုင်ငံကြားတွင် တည်ရှိပြီး အရှေ့အလယ်ပိုင်းဒေသ ရေနံထွက်နိုင်ငံများနှင့် တစ်ကမ္ဘာလုံး အရေးကြီးရေနံဈေးကွက် အများအပြားကို ချိတ်ဆက်ပေးထားသည်။ ၂၀၂၄ ခုနှစ်တွင် အဆိုပါရေလက်ကြားကို ဖြတ်သန်း၍ ပို့ဆောင်သည့် ရေနံလောင်စာဆီထုတ်ကုန် ပမာဏသည် ပျမ်းမျှတစ်နေ့လျှင် စည်ပေါင်းသန်း ၂၀ ကျော်ရှိပြီး တစ်ကမ္ဘာလုံး ပျမ်းမျှတစ်နေ့ ရေနံလောင်စာဆီ အသုံးပြုမှုပမာဏ၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း အမေရိကန် စွမ်းအင်အချက်အလက်ဌာန၏ အချက်အလက်များအရ သိရသည်။ ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှ LNG ကုန်သွယ်ရေးပမာဏ ၂၀ ရာခိုင်နှုန်းဝန်းကျင်သည် အဆိုပါရေလက်ကြားကိုဖြတ်သန်း၍ ပို့ဆောင်ရကြောင်း သိရသည်။

Hormuz ရေလက်ကြားပိတ်ဆို့လိုက်ပါက အီရန်သည်လည်း အဆိုပါရေလက်ကြားမှတစ်ဆင့် ရေနံစိမ်းများ တင်ပို့နိုင်မည်မဟုတ်ကြောင်း လေ့လာအကဲခတ်သူများက ထောက်ပြပြောကြားကြသည်။ အီရန်နိုင်ငံ၏ လက်ရှိ တစ်နေ့ပျမ်းမျှ ရေနံစိမ်းထုတ်လုပ်သည့်ပမာဏသည် စည်ပေါင်း ၃.၃ သန်းဝန်းကျင်ဖြစ်ပြီး မေလတွင် အီရန်နိုင်ငံ၏ တစ်နေ့ပျမ်းမျှ ရေနံစိမ်း တင်ပို့မှုပမာဏသည် စည်ပေါင်း ၁.၈၄ သန်းဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

Rapidan Energy Group မှ လေ့လာအကဲခတ်သူများက Hormuz ရေလက်ကြားကို ကာလကြာရှည်စွာ ပိတ်ဆို့ပါက နိုင်ငံတကာလောင်စာဆီဈေးနှုန်းလည်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ထက် မြင့်မားလာမည်ဟု ယူဆကြသည်။

CIBC ပုဂ္ဂလိကပိုင်ဆိုင်မှု စီမံခန့်ခွဲရေးဌာန အဆင့်မြင့် စွမ်းအင်ဆိုင်ရာ အရောင်းအဝယ်ပြုလုပ်သူ Rebecca Babin က Hormuz ရေလက်ကြားအား တရားဝင်မပိတ်သေးသော်လည်း သင်္ဘောများ ဖြတ်သန်းသွားလာသည့် ကြာချိန်နှင့် ရေကြောင်းပို့ဆောင်ရေးအရင်းအနှီး တိုးများလာမည်ဖြစ်ကြောင်း၊ ဈေးကွက်ဘက်က အီရန်၏ တုံ့ပြန်မှုကို နီးကပ်စွာစောင့်ကြည့်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံရေးအန္တရာယ်ဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီဖြစ်သည့် Eurasia Group မှ အဆင့်မြင့် အကဲဖြတ်သူ Gregory Brew က အမေရိကန်သည်ပင်လယ်ကွေ့နှင့် အနီးတစ်ဝိုက်ဒေသများတွင် စစ်အင်အား အများအပြား စုဆောင်းနေကြောင်း၊ အီရန်ဘက်က Hormuz ရေလက်ကြားအပေါ် လှုပ်ရှားမှုလုပ်ဆောင်ပါက ကြီးမားသော စစ်ရေးတုံ့ပြန်ချက်ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့အထက်ဝေဟင်တွင် ဒုံးကျည်ဖြတ်သန်းသွားသည့်လမ်းကြောင်းအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
综述丨美国空袭伊朗 国际油价飙升
新华社纽约6月22日电 综述丨美国空袭伊朗 国际油价飙升  新华社记者刘亚南
美国总统特朗普21日晚宣称美军已“成功打击”并“彻底清除”伊朗三处核设施。22日,国际油价应声走高。市场对霍尔木兹海峡航线的前景普遍担忧。
8月份交货的纽约原油期货价格在22日下午6点开始交易后最高升至每桶78美元上方,与20日收盘价相比涨幅超6%,但随后回落至约75美元。8月份交货的布伦特原油期货价格则突破每桶80美元关口,最高升至81.4美元,涨幅达5.7%, 但随后回落至79美元下方。
市场更担心,美国空袭伊朗将触发各种风险外溢,例如霍尔木兹海峡被关闭。
伊朗新闻电视台22日援引伊朗国会议员伊斯梅尔·库萨里的话说,伊朗议会已经就关闭霍尔木兹海峡达成共识,最终决定将由伊朗最高国家安全委员会作出。
霍尔木兹海峡位于伊朗和阿曼之间,连接中东产油国和全球多个重要石油市场。美国能源信息局数据显示,2024年经过该海峡运送的油品数量日均约2000万桶,约占全球日均石油消费量的20%。2024年全球约20%的液化天然气贸易量经此运输。
分析人士指出,如果霍尔木兹海峡关闭,伊朗也将无法通过这一海峡出口原油。数据显示,伊朗目前日均原油产量约为330万桶,5月份伊朗日均原油出口量为184万桶。
高盛集团和美国咨询公司拉皮丹能源集团分析人士认为,如果霍尔木兹海峡长时间关闭,国际油价将突破每桶100美元。
加拿大帝国商业银行私人财富管理部门高级能源交易员丽贝卡·巴宾说,虽然霍尔木兹海峡尚未正式关闭,但船只通行时间和航运成本将会增加。市场将密切关注伊朗方面反应。
美国政治风险咨询公司欧亚集团高级分析师格雷戈里·布鲁表示,美国在海湾及周边地区集结大量军力,伊朗如果对霍尔木兹海峡采取行动或将触发重大军事反应。(完)
图说1:6月21日,美国总统特朗普返回华盛顿白宫。新华社记者胡友松摄
图说2:这是6月22日在耶路撒冷上空拍摄到的导弹痕迹。新华社记者陈君清摄