Environment, Disasters & Accidents
တမူးမြို့၊ အောင်လံမြို့ နှင့် တောင်တွင်းကြီးမြို့တို့တွင် မိုးရေချိန်စံချိန်သစ်တင်
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နှင့် တောင်တွင်းကြီး မြို့ များ တွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တမူးမြို့ ၏ မိုးရေချိန်စံချိန်ဟောင်း မှာ ၅.၉၁ လက်မ ရှိပြီး စံချိန်သစ်မှာ ၆.၉၇လက်မ ရှိကာ နှစ်ပေါင်း ၄၀ အတွင်းစံချိန်ကျိုးခဲ့ခြင်းဖြစ်သည်။ အောင်လံမြို့ ၏ မိုးရေချိန်စံချိန်ဟောင်း မှာ ၃.၈၂ လက်မ ရှိပြီး စံချိန်သစ်မှာ ၃.၉၄ လက်မ ရှိကာ နှစ်ပေါင်း ၃၅ နှစ် အတွင်းစံချိန်ကျိုးခဲ့ခြင်းဖြစ်သည်။ တောင်တွင်းကြီးမြို့ ၏ မိုးရေချိန်စံချိန်ဟောင်း မှာ ၃.၂၃လက်မ ရှိပြီး စံချိန်သစ်မှာ ၃.၅၈လက်မ ရှိကာ နှစ်ပေါင်း ၂၁ နှစ်အတွင်း အတွင်းစံချိန်ကျိုးခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)