Connect with us

North America

အမေရိကန်နိုင်ငံက အီကွေဒေါနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၄,၀၀၀ နီးပါးကို ၂၀၂၅ ပထမနှစ်ဝက်အတွင်း ပြည်နှင်ဒဏ်ပေး

ကွီတို၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း အီကွေဒေါနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃,၉၇၇ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ အရေအတွက်တွင် ဇူလိုင် ၁ ရက်က အမေရိကန် စစ်ဘက်လေယာဉ်ဖြင့် အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်သော ဂွာယာကေးလ်သို့ ရောက်ရှိလာသည့် အီကွေဒေါနိုင်ငံသား ၃၈ ဦးလည်း ပါဝင်သည်။ အမေရိကန်သံရုံးက အဆိုပါ ပြည်နှင်ဒဏ်ပေးမှုကို လူမှုကွန်ယက်မှတစ်ဆင့် အတည်ပြုခဲ့ပြီး အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ဖော်ဆောင်နေခြင်းဖြစ်ကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးနေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန် ၃၀ ရက်အထိ အီကွေဒေါနိုင်ငံသား ၃,၉၃၉ ဦးသည် လေယာဉ်ခရီးစဉ် ၄၆ ကြိမ်ဖြင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး နောက်ဆုံး ရောက်ရှိလာသူများ မပါဝင်သေးပေ။ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမေရိကန်နိုင်ငံသည် အီကွေဒေါနိုင်ငံသား ၅၁,၁၀၇ ဦးကို လေယာဉ်ခရီးစဉ် ၄၅၁ ကြိမ်ဖြင့် ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်မှစ၍ ပြည်နှင်ဒဏ်ပေးရာတွင် စစ်ဘက်လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရသည်။
အီကွေဒေါအစိုးရသည် ပြည်နှင်ဒဏ်ပေးခံရပြီး နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများအား ပြည်တွင်းအနိမ့်ဆုံးလုပ်ခလစာနှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၄၇၀ ကို အများဆုံး သုံးလအထိ လစဉ် ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ပညာသင်ဆုများပေးခြင်း စသည့် အစီအစဉ်များလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ (Xinhua)
………………….
(English Version)
U.S. deports nearly 4,000 undocumented Ecuadorian migrants in H1 2025
QUITO, July 1 (Xinhua) — The United States deported 3,977 irregular Ecuadorian migrants in the first half of 2025, the Ecuadorian Foreign Ministry said on Tuesday.
The figure includes 38 Ecuadorians who arrived Monday in the southwestern coastal city of Guayaquil on a U.S. military flight. The U.S. Embassy confirmed the deportation on social media, stating that it is enforcing the U.S. immigration laws and deporting illegal entrants.
According to the ministry, 3,939 Ecuadorians were expelled via 46 flights by June 30, excluding the latest arrivals. From 2019 to 2025, the United States deported 51,107 Ecuadorians on 451 flights, with military flights being used since Jan. 28, 2025.
In response, the Ecuadorian government is offering returnees a monthly stipend of 470 U.S. dollars — equivalent to the national minimum wage — for up to three months. Additional support includes job training, educational opportunities and scholarship programs to aid reintegration.