Media
ဝမ်ရိနှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဝန်ကြီးချုပ် Bart De Wever တွေ့ဆုံဆွေးနွေး
ဘရပ်ဆဲလ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဝန်ကြီးချုပ် Bart De Wever သည် ဒေသစံတော်ချိန် ဇူလိုင် ၁ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် Bart De Wever က ဘယ်လ်ဂျီယမ်-တရုတ် ဆက်ဆံရေး သမိုင်းကြောင်းမှာ ရှည်လျားပြီး ဒေသတွင်း ချစ်ကြည်ရေး နှီးနှောဖလှယ်မှုများ အထူးတက်ကြွမှုရှိရာ ဥရောပ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွင် တံခါးပေါက်အဖြစ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်နိုင်ငံကို အကြိမ်ကြိမ် သွားရောက်လည်ပတ်ခဲ့ဖူးပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများနှင့် စပ်လျဉ်း၍ စိတ်ထဲတွင် မှတ်မိစွဲထင်လျက်ကြောင်း၊ ဥရောပနှင့် တရုတ်နိုင်ငံတို့၏ ရှုထောင့်များသည် မတူညီကြသော်လည်း လက်ရှိရှုပ်ထွေးနေသော ပထဝီဝင်နိုင်ငံရေးကို ရင်ဆိုင်ရာတွင် နှစ်ဖက်အနေဖြင့် ဆက်ဆံဖလှယ်မှုများ အားကောင်းစေကာ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်သင့်ကြောင်း၊ ဘယ်လ်ဂျီယမ်သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာယုံကြည်ပြီး ဥရောပ၏ ကိုယ်ပိုင်ရပ်တည်မှုကို အားဖြည့်ခြင်းအား ထောက်ခံကြောင်း၊ ဥရောပ-တရုတ် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှ အပြုသဘောဆောင်သော ရလဒ်များရရှိရန် မျှော်လင့်ကြောင်း၊ ဘယ်လ်ဂျီယမ်အစိုးရသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာရာ အပြောင်းအလဲရှိမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ဘယ်လ်ဂျီယမ်နိုင်ငံသည် ဥရောပသမဂ္ဂစတင်တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံဖြစ်သလို ဥရောပသမဂ္ဂရုံးချုပ်တည်ရှိရာနေရာလည်းဖြစ်ရာ ဥရောပပေါင်းစည်းရေးလုပ်ငန်းစဉ်နှင့် တရုတ်-ဥရောပ ဆက်ဆံရေးတွင် တစ်မူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်လ်ဂျီယမ်အစိုးရအသစ်က တရုတ်နိုင်ငံအပေါ် ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျသော မူဝါဒများဖော်ဆောင်ခြင်းကို တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံနှင့်အတူ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းမြှင့်တင်သွားကာ တရုတ်-ဘယ်လ်ဂျီယမ် ဘက်စုံထောင့်စုံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ကောင်းမွန်တည်ငြိမ်စွာ ရှေ့သို့တိုးတက်ရေးအား တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့်တံခါးဖွင့်လှစ်မှုကို ထိန်းသိမ်းထားရာ ပိုမိုများပြားသော ဘယ်လ်ဂျီယမ်ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ခြင်းကို ကြိုဆိုကြောင်း၊ ဘယ်လ်ဂျီယမ်နိုင်ငံအနေဖြင့်လည်း ဘယ်လ်ဂျီယမ်သို့ သွားရောက် ရင်းနှီးမြှုပ်နှံသော တရုတ်ကုမ္ပဏီလုပ်ငန်းများအတွက် တရားမျှတမှု၊ လုံခြုံမှု၊ ကြိုတင်မှန်းဆနိုင်မှုရှိသော စီးပွားရေးပတ်ဝန်းကျင်ကိုလည်း ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ယခုနှစ်သည် တရုတ်-ဥရောပ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်နှစ်ဖြစ်ရာ အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့လှမ်းချီသည့် အရေးကြီးသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားမှု အပြည့်အဝရှိနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်သည်ကို တရုတ်-ဥရောပ၏ ရာစုနှစ်တစ်ဝက်ရှိသော ဆက်ဆံရေးသမိုင်းကြောင်းက အပြည့်အဝ သက်သေပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ရှုပ်ထွေးပြောင်းလဲနေသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် ကမ္ဘာ့အင်အားကြီး ၂ ရပ်၊ ဈေးကွက်ကြီး ၂ ခု၊ ယဉ်ကျေးမှုကြီး ၂ ရပ်အနေဖြင့် တရုတ်-ဥရောပသည် မိတ်ဖက်ဆက်ဆံရေး အနေအထားနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းမှုဖော်ဆောင်သော အဓိက အခြေခံလမ်းစဉ်ကို အခိုင်အမာ ထိန်းသိမ်းထားသင့်ပြီး ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ကာ နားလည်မှု တိုးတက်စေရန်၊ အပြန်အလှန် ယုံကြည်မှု ခိုင်ခံ့စေရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးစနစ်ကို အတူတကွ ကာကွယ်စောင့်ရှောက်ရန်၊ ကမ္ဘာကြီး၏ “တည်ငြိမ်မှုပေးသော ကျောက်ဆူး” အဖြစ် အပြန်အလှန် ယုံကြည်အားထားရပြီး ခိုင်မာအားကောင်းသော၊ အပြန်အလှန် အောင်မြင်စေသော မိတ်ဖက်များ ဖြစ်လာရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်က ယူကရိန်းအရေးနှင့် စပ်လျဉ်း၍လည်း အမြင်သဘောထားများ ဖလှယ်ခဲ့ကြသည်။ (Xinhua)
…………………………………
(Chinese Version)
比利时首相德韦弗会见王毅
新华社布鲁塞尔7月1日电 当地时间7月1日,比利时首相德韦弗在布鲁塞尔会见中共中央政治局委员、外交部长王毅。
德韦弗表示,比中交往历史悠久,地方友好交流活跃,在欧中合作中发挥着门户作用。我曾多次访华,对中国的发展成就印象深刻。欧中视角虽不同,但面对当前复杂地缘政治,双方应加强交往,增进互信。比方坚信多边主义,支持欧洲加强自主,期待欧中领导人会晤取得积极成果。比利时政府坚定奉行一个中国政策,不会有任何变化。
王毅说,比利时是欧盟创始成员国和欧盟总部所在地,在欧洲一体化进程和中欧交往中发挥着独特作用。中方赞赏比利时新政府奉行理性务实对华政策,愿同比方弘扬传统友好,推动中比全方位友好合作伙伴关系持续稳健前行。中国坚持高质量发展、高水平开放,欢迎更多比利时企业赴华发展,希望比方同样为中国企业赴比投资提供公平、安全、可预期的营商环境。
王毅表示,今年是中欧建交50周年,具有承前启后重要意义。中欧半个世纪交往历程充分证明,双方完全可以相互尊重,实现合作共赢。面对变乱交织的国际局势,中欧作为全球两大力量、两大市场、两大文明,应当坚持伙伴关系定位和合作共赢主基调,加强沟通、增进理解,筑牢互信,共同维护多边主义和自由贸易体制,做世界的“稳定之锚”,成为彼此可靠强劲、相互成就的伙伴。
双方还就乌克兰问题等交换了看法。(完)
图说:当地时间7月1日,比利时首相德韦弗在布鲁塞尔会见中共中央政治局委员、外交部长王毅。 新华社记者 彭子洋 摄