China
ဟူပေပြည်နယ် အန်းစီးမြို့တွင် နွေရာသီကာလ ခရီးသွားလုပ်ငန်း ဆက်လက် အရှိန်မြင့်တက်လက်ရှိ

အန်းစီး (ဟူပေ)၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
နွေရာသီ စတင်ချိန်မှစ၍ တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်းစီး ထူကျားလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ ခရီးသွားလုပ်ငန်းဈေးကွက်မှာ ဆက်လက် အရှိန်မြင့်တက်လျက်ရှိသည်။ အဆိုပါဒေသသည် တိုင်းရင်းသားယဉ်ကျေးမှု၊ တောတောင်ရေမြေအရင်းအမြစ်နှင့် ဂေဟယဉ်ကျေးမှု အနှစ်သာရများကို အားထားကာ ယဉ်ကျေးမှုနှင့်ခရီးသွားလာမှု ပေါင်းစည်းခြင်းနှင့် အားကစားနှင့် ခရီးသွားလာမှု ပေါင်းစည်းခြင်းတို့ကို အရှိန်မြှင့် ဖော်ဆောင်ခဲ့ရာ ခရီးသွားဈေးကွက် ကြွယ်ဝသော လုပ်ငန်းအခြေအနေကို ဖန်တီးခဲ့သည်။
တစ်မူထူးခြားချက်ရှိသော ကျေးရွာလေးများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖျော်ဖြေတင်ဆက်မှု စသည့် ယဉ်ကျေးမှု လက်တွေ့ခံစားခြင်း အတွေ့အကြုံများဖြင့် စဉ်ဆက်မပြတ် ဆွဲဆောင်မှုများ လုပ်ဆောင်လျက်ရှိပြီး ကနူးလှေ၊ ရေလှိုင်းစီးခြင်း၊ ကျောက်တောင်တက်ခြင်း စသည့် အခန်းပြင်ပ၌ အားကစားလှုပ်ရှားမှု အခြေစိုက်စခန်းများကလည်း အထူး ရေပန်းစားလျက်ရှိသည်။ သစ်တောအတွင်း၌ ကျန်းမာရေးအတွက် အနားယူခြင်း၊ ဂေဟစနစ် လေ့လာသင်ကြားရေး၊ စခန်းချ၍ ကြယ်တာရာကြည့်ခြင်း စသည့် လုပ်ငန်းအခြေအနေအသစ်များ၊ မြင်ကွင်းအသစ်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာသည်။ အေးမြသော ဂေဟပတ်ဝန်းကျင်၊ ထူးခြားချက်ရှိသော အစီအစဉ်လှုပ်ရှားမှုများနှင့် ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုတို့သည် နွေရာသီကာလ ခရီးသွားလုပ်ငန်းဈေးကွက်ကို အတူတကွ အရှိန်တိုးမြှင့်ပေးပြီး ကျေးလက်ဒေသစီးပွားရေး တက်ကြွမှုအင်အားကို ထိရောက်စွာ ထုတ်လွှတ်ပေးလိုက်သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူပေပြည်နယ် လိချွမ်းမြို့ ထိန်လုံတုန့်ရှုခင်းသာနေရာရှိ သဘာဝအံ့ဖွယ်မြင်ကွင်းကို လည်ပတ်ကြည့်ရှုနေသော ခရီးသွားဧည့်သည်များအား ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
湖北恩施:暑期旅游持续升温
新华社照片,恩施(湖北),2025年7月11日
入夏以来,湖北省恩施土家族苗族自治州旅游市场持续火热。当地依托民族文化、山水资源与生态文化底蕴,大力推进文旅融合与体旅融合,打造旅游市场丰富业态。特色村寨、非遗展演等文化体验持续引流,皮划艇、漂流、攀岩等户外运动基地人气火爆,森林康养、生态研学、星空露营等新业态新场景不断涌现。清凉生态、特色活动与完善服务共同点燃暑期旅游市场,有效释放乡村经济活力。
图说1:7月10日,游客在湖北恩施大峡谷景区的峰林间游玩。新华社发(宋文摄)
图说2:7月10日,游客在利川市腾龙洞景区游览“卧龙吞江”自然奇观。 新华社发(宋文摄)