Connect with us

Europe

ယူကရိန်း နိုင်ငံ အစိုးရ က တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး လုပ်ငန်း တွင် တက်ကြွစွာ ပူးပေါင်းပါဝင် သွားလိုကြောင်း ပြောကြား

ယူကရိန်း နိုင်ငံ တွင် ဇူလိုင် ၄ ရက်နေ့ ၌ တရုတ်-ယူကရိန်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဖိုရမ် ကျင်းပ ပြုလုပ် နေစဉ်(ဆင်ဟွာ)

ကိယက်ဗ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ အခြေခံအဆောက်အဦ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး Dofgan က ဇူလိုင်လ ၄ ရက် ၌ ယူကရိန်း နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး လုပ်ငန်း တွင် တက်ကြွစွာ ပူးပေါင်းပါဝင် သွားလိုပြီး တရုတ် နိုင်ငံ နှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု တွင် ကောင်းမွန်သည့် အလားအလာ များစွာ တည်ရှိနေကြောင်း ပြောကြား ခဲ့သည်။

Dofgan က ဇူလိုင်လ ၄ ရက်တွင် ကျင်းပ ပြုလုပ်သည့် တရုတ်-ယူကရိန်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဖိုရမ် တွင် အထက်ပါ အကြောင်းအရာ အား ပြောကြား ခဲ့ခြင်းဖြစ်သည်။ ၎င်း က ခေတ်သစ်ပိုးလမ်းမကြီး မူဘောင် အောက်တွင် နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်း များ ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ အတွက် အရေးကြီးဆုံး အရာဖြစ်ကြောင်း ၊ ယူကရိန်း နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် သစ်များကို ရေးဆွဲ နေပြီး တရုတ် နိုင်ငံ ရင်းနှီးမြှုပ်နှံမှု များ ယူကရိန်း နိုင်ငံ အခြေခံအဆောက်အဦ တည်ဆောက်ရေး တွင် ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတကာ ကုန်သည်ကြီးများ အဖွဲ့ချုပ် ဒုတိယ အတွင်းရေးမှူး ကျန်းရိ က နှစ်နိုင်ငံ စီးပွားရေး အပြန်အလှန် အထောက်အကူ ပြုစေရန် အတွက် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ပိုမို တက်ကြွစွာ ချိတ်ဆက်သွားရမည် ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ကုန်သည်များ အကြား ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမိုကောင်းမွန်သည့် ပလက်ဖောင်း ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.