International Organizations
ကျစ်လစ်သည့်အသင်းကိုတည်ဆောက်မည့် ချဲလ်ဆီးကြောင့် တိုက်စစ်မှုး ဂျက်ဆင်၏အနာဂတ် မသေချာ

လန်ဒန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)
ယမန်နှစ်ရာသီက ချဲလ်ဆီးအတွက် ၁၃ ဂိုးသွင်းယူနိုင်ခဲ့သည့် ဆီနီဂေါတိုက်စစ်မှုး နီကိုးလက်စ်ဂျက်ဆင်ကို ရောင်းထုတ်ရေးနှင့်ပတ်သက်၍ နည်းပြအန်ဇိုမာရက်စ်ကာက ယတိပြတ်ငြင်းဆန်ခြင်းမရှိဘဲ ဘာမဆိုဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ခြင်းနှင့်အတူ ကစားသမား၏ ချဲလ်ဆီးအနာဂတ်သည်လည်း မသေချာဖြစ်လာခဲ့သည်။
ချဲလ်ဆီးမှာ မက်စ်ဂရူကို ဆန်းဒါးလန်းသို့ အငှားချလိုက်သော်လည်း နွေစျေးကွက်အတွင်း လီယန်ဒီလပ်နှင့် ယာအိုပက်ဒရိုတို့ကို ခေါ်ယူခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးမျှခြေစည်းမျဥ်းနှင့် ထပ်မံမငြိစွန်းစေရေးအတွက် ကစားသမားများကို ရောင်းထုတ်ရန် လိုအပ်လျက်ရှိသည်။
ဂျက်ဆင်ကို ပရီးမီးယားလိဂ်နှင့်ဆော်ဒီပရိုလိဂ်မှ ကလပ်အသင်းအများအပြားက ခေါ်ယူရန်စိတ်ဝင်စားနေကြပြီး အဆိုပါတိုက်စစ်မှုး၏အနာဂတ်နှင့်ပတ်သက်၍ မာရက်စ်ကာက မပြတ်မသားပြောဆိုခဲ့ခြင်းဖြစ်ကာ အသင်းမှဂျက်ဆင်ထွက်ခွာမည့်အရေးကို တားဆီးခြင်းမရှိဟု သြဂုတ် ၇ ရက်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“အပြောင်းအရွေ့စျေးကွက်ဖွင့်တဲ့အခါ ကံမကောင်းတာလား၊ ကံကောင်းတာလားမသိဘူး။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒါကတော့ ဂျက်ဆင်ရဲ့လတ်တလောအခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ အမေရိကန်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ တိုက်စစ်မှုးသစ် ၂ ဦးဖြစ်တဲ့ ယာအိုပက်ဒရိုနဲ့ လီယန်ဒီလပ်တို့ အသင်းကို ရောက်လာတယ်။ ဒါကြောင့် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲ” ဟု မာရက်စ်ကာက ပြောခဲ့သည်။
ချဲလ်ဆီး၌ ယခုနွေ ရာသီစျေးကွက်အတွင်း ကစားသမားအဝင်အထွက်များ လျင်မြန်စွာဖြစ်ပေါ်ခဲ့ပြီး အသင်းမှ ကစားသမား ၁၁ ဦးထွက်ခွာသွားပြီးဖြစ်သလို မျက်နှာသစ်ကစားသမား ၈ ဦးကိုလည်း ပြန်လည်ခေါ်ယူထားပြီးဖြစ်သည်။ ထို့အတူ သြဂုတ်လမကုန်မီ လိုက်ဇစ်မှ ဇာဗီဆိုင်မွန်ကဲ့သို့သော ကစားသမားသစ်များလည်း ချဲလ်ဆီးသို့ ထပ်မံရောက်လာဖွယ် ရှိနေသည်။
အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ခရစ္စတိုဖာ အန်ကွန်ကူး၊ ဘရိုဂျာ၊ ရာဟမ်စတားလင်းတို့၏အခြေအနေနှင့်ပတ်သက်၍လည်း “အခြေအနေကတော့ လုံးဝကို ရှင်းပါတယ်။ သူတို့လည်း လေ့ကျင့်ခန်းဆင်းနေကြရင်းနဲ့ အဖြေတစ်ခုထွက်လာဖို့စောင့်နေကြတယ်လို့ပဲ ကျွန်တော် ရှင်းရှင်းလင်းလင်း သိထားပါတယ်” ဟု မာရက်စ်ကာက ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မာရက်စ်ကာက အသင်းမှထွက်ခွာရန်လိုအပ်နေသည့် ကစားသမားများကို အာရုံစိုက်ခြင်း မရှိကြောင်း၊ လေ့ကျင့်ရေးများကို မည်ကဲ့သို့ ပြင်ဆင်ရမည်ဆိုသည်နှင့် ပွဲများအနိုင်ရအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကိုသာ အာရုံစိုက်ကြောင်း၊ လက်ရှိအချိန်တွင် ချဲလ်ဆီးကလိုအပ်သည့် ကစားသမားများနှင့်သာ လက်တွဲလုပ်ကိုင်နေသည်ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။
(Xinhua)
……………………..
(English Version)
Striker Jackson faces unsure summer as Chelsea aims to trim squad
LONDON, Aug. 7 (Xinhua) — Chelsea coach Enzo Maresca refuses to rule out selling Senegal striker Nicolas Jackson, saying that “anything can happen” over the future of the player who scored 13 goals last season.
Chelsea has brought in Liam Delap and Joao Pedro over the summer, and despite loaning Marc Guiu to Sunderland, still needs to sell to avoid again falling foul of UEFA’s financial fair-play rules.
Jackson has several sides in both the Premier League and Saudi Arabia interested in signing him, but when asked about the forward in his press conference on Thursday, although Maresca was evasive about his future, he didn’t close the door on his departure.
“When the transfer window is open, unfortunately, or fortunately, anything can happen, so this also involves Nico’s situation at the moment.”
“Two new strikers arrived in the USA (Club World Cup), Joao (Pedro) and Liam (Delap), so we’ll see what happens,” he said.
Chelsea has already seen 11 players leave the club over another busy summer, with eight new faces arriving and others such as Xavi Simmons also set to come to the club before the end of August.
Maresca was asked about players such as Christopher Nkunku, Broja and Raheem Sterling, who also seem to be heading for the exit door.
“The situation, I think, is quite clear. They are training, I guess they are waiting for a solution,” said Maresca.
“I don’t pay attention to the ones that need to leave. I just focus on how we prepare the session, how we can win games. In this moment, we are working with the ones that we want,” added the coach.