Economy
တရုတ်နိုင်ငံ၌ Unilever က ပထမဆုံး စားသောက်ကုန်မျိုးစုံ ထုတ်လုပ်မှုဗဟိုဌာနကို ဖွင့်လှစ်

ကွမ်ကျိုး၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
လန်ဒန်အခြေစိုက် လူသုံးကုန်ပစ္စည်းကုမ္ပဏီကြီး Unilever က တရုတ်နိုင်ငံတွင် ၎င်း၏ စားသောက်ကုန်မျိုးစုံ ထုတ်လုပ်မှုဗဟိုဌာနချုပ်ကို သြဂုတ် ၁၅ ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတွင်း စမတ်ကျသော ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ပေါင်းစည်းမှုကို တိုးတက်စေရန် ကြိုးပမ်းမှုများတွင် မှတ်တိုင်တစ်ခု စိုက်ထူလိုက်ပြီဖြစ်သည်။တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် တည်ရှိသည့် အဆိုပါစက်ရုံမှာ တရုတ်နိုင်ငံတောင်ပိုင်းရှိ Unilever ၏ လုပ်ငန်းလည်ပတ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် တရုတ်စျေးကွက်ရှိ ၎င်း၏ထောက်ပံ့ရေးကွင်းဆက်ကွန်ရက်ကို အားကောင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါထုတ်လုပ်မှုဗဟိုဌာနနှင့် ကပ်လျက်၌ ထောက်ပံ့ပို့ဆောင်ရေးနေရာတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ယင်းနေရာက Unilever ၏ စားသောက်ကုန်လုပ်ငန်းကို ဒေသတွင်း ဖြတ်ကျော်ဖြန့်ဖြူးခြင်းအတွက် အဓိကကျသော အချက်အချာနေရာအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ၎င်း၏ ဂိုဒေါင်သည် သာမန်ဂိုဒေါင်များထက် သိုလှောင်နိုင်စွမ်း ၇၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားပြီး လက်ခံပေးပို့နိုင်စွမ်းမှာ ၆၀ ရာခိုင်နှုန်း ပိုမြင့်သည်။
“စားသောက်ကုန်မျိုးစုံထုတ်လုပ်မှုဗဟိုဌာနကို ဖွင့်လှစ်လိုက်တာက ကျွန်တော်တို့ရဲ့ အနာဂတ်တိုးတက်မှုအတွက် ယုံကြည်မှုရှိစေပါတယ်” ဟု မြောက်အာရှဒေသဆိုင်ရာ Unilever စားသောက်ကုန်လုပ်ငန်း၏ အထွေထွေမန်နေဂျာ Joyce Zhou က ပြောကြားပြီး ကုမ္ပဏီသည် လုပ်ဆောင်နိုင်စွမ်းနှင့်တန်ဖိုး နှစ်ခုစလုံးကို မြှင့်တင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့်ညီညွတ်သော ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအနေဖြင့် Unilever သည် အရေးပါသော ထုတ်လုပ်မှုဗဟိုဌာနရှစ်ခုနှင့် ထောက်ပံ့ပို့ဆောင်ရေးစင်တာတို့ကို တရုတ်နိုင်ငံတစ်ဝန်း လုပ်ငန်းလည်ပတ်စေလျက်ရှိပြီး ဒေသဆိုင်ရာရုံးချုပ်နှင့် ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတစ်ခုတို့ကိုလည်း ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။(Xinhua)
———————————–
Unilever launches its first all-category food production base in China
GUANGZHOU, Aug. 16 (Xinhua) — The London-based consumer goods giant Unilever put its all-category food production base in China into operation on Friday, marking a milestone in its efforts to advance smart manufacturing and supply chain integration in the country.
Located in south China’s Guangdong Province, the facility is designed to enhance Unilever’s operational capabilities in southern China and strengthen its supply chain network in the Chinese market.
A logistics park opened alongside the new base, serving as a key hub for cross-regional distribution of Unilever’s food business. Its warehouse boasts about 70 percent higher storage density than standard warehouses, while its receiving and dispatching capacity has risen by 60 percent.
“The launch of the new base makes us confident in our future growth,” said Joyce Zhou, general manager of Unilever Foods North Asia, adding that the company will pursue green production to boost both capacity and value.
As one of the world’s largest consumer goods companies, Unilever operates a regional headquarters and a global R&D center in Shanghai, along with eight major production bases and logistics centers across China. ■
English Caption
A woman visits the booth of Unilever during the 4th China International Import Expo (CIIE) in east China’s Shanghai, Nov. 8, 2021. (Xinhua/Lu Peng)