Europe
ဂျာမနီ ဝန်ကြီးချုပ် ယူကရိန်းအရေး ဆွေးနွေးရန် ဝါရှင်တန်သို့ သွားရောက်မည်

ဘာလင်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz သည် ယူကရိန်းသမ္မတ Volodymyr Zelensky ၊ အခြား ဥရောပခေါင်း ဆောင်များနှင့်အတူ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် တွေ့ဆုံစကားပြောရန် သြဂုတ် ၁၉ ရက်တွင် ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်ကြောင်း ဂျာမန် အစိုးရက သြဂုတ် ၁၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ထရမ့် နှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင် တို့ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် သြဂုတ် ၁၆ ရက် တွေ့ဆုံမှုပြီးနောက် ယခုသွားရောက်မှုသည် သတင်းအချက်အလက်ဖလှယ်ရေး အတွက် ဖြစ်ကြောင်း ထုတ် ပြန်ချက်အရ သိရသည်။
အလက်စကာ ထိပ်သီးဆွေးနွေးပွဲ ပြီးနောက် Zelensky က သြဂုတ် ၁၉ ရက်တွင် ထရမ့်နှင့် ဝါရှင်တန် ၌ တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Merz သည် လက်တလောငြိမ်းချမ်းရေးလုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဟု မျှော်လင့်ရကြောင်း လုံခြုံရေးအာမခံချက်များ၊ နယ်နိမိတ်ကိစ္စရပ်များနှင့် ယူကရိန်း နိုင်ငံအား ဆက်လက်ထောက်ခံမှု အကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)
……………………..
(English Version)
German chancellor to travel to Washington for talks on Ukraine
BERLIN, Aug. 17 (Xinhua) — German Chancellor Friedrich Merz will travel to Washington on Monday, joining Ukrainian President Volodymyr Zelensky and other European leaders for talks with U.S. President Donald Trump, the German government announced on Sunday.
According to a statement, the visit is for an “exchange of information” with Trump following his meeting with Russian President Vladimir Putin in the U.S. state of Alaska on Friday.
After the Alaska summit, Zelensky announced that he will meet Trump in Washington on Monday.
Merz is expected to discuss the current state of peace efforts, the statement said, adding that security guarantees, territorial issues, and continued support for Ukraine will be addressed.
Photo : German Chancellor Friedrich Merz attends a press conference in Brussels, Belgium, May 9, 2025. Merz arrived here for a visit on Friday. (Xinhua/Peng Ziyang)