North America
လာမည့်သီတင်းပတ် ၂ ပတ်အတွင်း ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် ပူတင် သဘောတူကြောင်း Friedrich Merz ဆို

ဝါရှင်တန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်သည် လာမည့်သီတင်းပတ် ၂ ပတ်အတွင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲကျင်းပမည့်နေရာအား မဆုံးဖြတ်ရသေးကြောင်း၊ ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz က ဩဂုတ် ၁၈ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်၌ ပြောကြားခဲ့သည်။
ပူတင်က အမေရိကန်သမ္မတ ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြောင်း Merz က မီဒီယာများထံ ပြောကြားခဲ့သည်။
အဆိုပါနေ့ အစောပိုင်းတွင် ထရမ့်နှင့် ဇယ်လန်းစကီးတို့သည် အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ထရမ့်နှင့် Merz စသည့် ဥရောပခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုအပြီး ထရမ့်နှင့် ပူတင် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ “သမ္မတပူတင်နှင့် သမ္မတ ဇယ်လန်းစကီးတို့ တွေ့ဆုံဆွေးနွေးဖို့ စတင်စီစဉ်နေပြီ” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ပူတင်က ဖိတ်ကြားမှုအရ ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ရုရှား-ယူကရိန်းကိုယ်စားလှယ်အဖွဲ့များ တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် နှစ်ဖက်လုံးက ထောက်ခံအားပေးသည်ဟု ပြောကြားခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က အကြောင်းကြားစာ ထုတ်ပြန်၍ ပြောခဲ့သည်။ အကြောင်းကြားစာတွင် ရုရှား-ယူကရိန်း သမ္မတ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဖော်ပြထားခြင်းမရှိပေ။ (Xinhua)
………………………….
(Chinese Version)
默茨称普京同意在未来两周内会晤泽连斯基
新华社华盛顿8月18日电 德国总理默茨18日在美国首都华盛顿说,俄罗斯总统普京同意在未来两周内同乌克兰总统泽连斯基举行会晤,会晤地点待定。
默茨对媒体称,普京在同美国总统特朗普通电话时同意会晤泽连斯基。
当天早些时候,特朗普与泽连斯基在白宫举行会晤。随后,特朗普与默茨等欧洲领导人举行会晤。会晤结束后,特朗普同普京通话。特朗普在社交媒体上说,“已开始安排普京总统与泽连斯基总统的会晤”。
俄罗斯总统助理乌沙科夫发布通报说,普京应约同特朗普通电话,双方表示支持俄乌代表团继续进行直接谈判。通报没有提及俄乌总统会晤的安排。(完)
图说:8月18日,美国总统特朗普(中)在华盛顿白宫迎接乌克兰总统泽连斯基。新华社记者 胡友松 摄