China
ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုဖြင့် အတွင်းစိတ်ပြောဆိုချက်များအား အဓိပ္ပာယ်ဖော်ရန် သုတေသီများ စမ်းသပ်ကြိုးပမ်း

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
သုတေသနအဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက “Cell” ဂျာနယ်၌ သုတေသနစာတမ်း ထုတ်ပြန်ခဲ့ရာ ၎င်းတို့သည် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာအကူအညီဖြင့် စမ်းသပ်မှုတွင် အတွင်းစိတ်ပြောဆိုချက် (လူ့ဦးနှောက်အတွင်း အသံတိတ် ပြောဆိုသည့်စကား) နှင့် သက်ဆိုင်သည့် ဦးနှောက်လျှပ်စီးလှိုင်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး တိကျမှုနှုန်း အမြင့်ဆုံး ၇၄ ရာခိုင်နှုန်းဖြင့် လိုအပ်ချက်အရ အဆိုပါလျှပ်စီးလှိုင်းကို အဓိပ္ပာယ်ဖော်နိုင်ကြောင်း ဆိုခဲ့သည်။
ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုဖြင့် သွက်ချာပါဒဝေဒနာရှင်၏ စကားပြောရန် စမ်းသပ်မှုကို အဓိပ္ပာယ်ဖော်နိုင်ကြောင်း ထိုမတိုင်မီ သုတေသနပြုလုပ်ချက်များက ဖော်ပြထားပြီးဖြစ်သည်။ အသုံးပြုသူက အသံထွက်ရန် သက်ဆိုင်ရာ ကြွက်သားများအား အသုံးပြုရန် ကြိုးပမ်းချိန်၊ အမှန်တကယ် ပါးစပ်ဟရန် ကြိုးပမ်းချိန်တွင် ပြောထွက်သောအသံ မသဲကွဲသည့်တိုင် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုသည်လည်း သက်ဆိုင်ရာ ဦးနှောက်လျှပ်စီးလှိုင်းကို ရှာဖွေ၍အဓိပ္ပာယ်ဖော်နိုင်ပြီး ၎င်းက ပြောချင်သောအကြောင်းအရာအား စာရိုက်သည့်ပုံစံဖြင့် ဖော်ပြနိုင်သည်။ သို့သော် ကြွက်သားများအား ထိန်းချုပ်နိုင်မှုစွမ်းရည် အကန့်အသတ်ရှိသူများအတွက်ကမူ ပါးစပ်ဟရန် ကြိုးပမ်းမှုသည် အလွန်အင်အားကုန်ခန်း၍ နှေးကွေးနေဆဲပင်ဖြစ်သည်။
အမေရိကန် စတန်းဖို့ဒ်တက္ကသိုလ် စသည့် အဖွဲ့အစည်းများမှ သုတေသီများက ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု၏ စွမ်းရည်အား တစ်ဆင့်တိုး ချဲ့ထွင်၍ အတွင်းစိတ်ပြောဆိုချက်အား တိုက်ရိုက် အဓိပ္ပာယ်ဖော်ရန် ကြိုးပမ်းစမ်းသပ်ခဲ့သည်။ သုတေသနအဖွဲ့သည် မိုက်ခရိုလျှပ်ခေါင်း (microelectrode) အား ဘာသာစကားပေါ်ထွက်ရာ ဦးနှောက်အပိုင်းဖြစ်သည့် Motor Cortex တွင် ထည့်သွင်းကာ ၎င်းဖြင့် ပြင်းထန်စွာ သွက်ချာပါဒဝေဒနာရှင် ၄ ဦး၏ အာရုံကြောလှုပ်ရှားမှုများကို မှတ်တမ်းတင်ခဲ့သည်။
စမ်းသပ်မှုလုပ်ဆောင်ရာတွင် သုတေသီများက စမ်းသပ်ခံသူအား အထူးသတ်မှတ်ထားသော စကားစုတစ်ခုကို စမ်းသပ်ပြောဆိုရန်နှင့် အတွင်းစိတ်တွင် စိတ်ကူးယဉ်ရန် လမ်းညွှန်ပေးခဲ့သည်။ အသံထွက်ရန် ကြိုးပမ်းမှုနှင့် အတွင်းစိတ်ပြောဆိုမှုတို့ဖြင့် လှုံ့ဆော်ပေးသော ဦးနှောက်ဇုန်သည် များစွာထပ်တူကျပြီး အာရုံကြော လှုပ်ရှားမှုပုံစံများက အလားတူသော်လည်း အတွင်းစိတ်ပြောဆိုချက်၏ လှုံ့ဆော်ပေးမှုတစ်ခုလုံး ပြင်းအားသည် အတန်အသင့် အားပျော့ကြောင်း ရလဒ်များက ဖော်ပြသည်။
အဆိုပါ သုတေသနအဖွဲ့ မိတ်ဆက်မှုအရ ၎င်းတို့သည် အတွင်းစိတ်ပြောဆိုချက် အကြောင်းအရာအား ခွဲခြားအတည်ပြုရန် ဉာဏ်ရည်တု (AI) မော်ဒယ်အား လေ့ကျင့်ထားသည်။ အယူအဆအား အတည်ပြုစမ်းသပ်မှု တစ်ကြိမ်တွင် ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုသည် စကားစုပေါင်း ၁၂၅,၀၀၀ ရှိသည့် စကားစုအုပ်စုထဲမှ စမ်းသပ်ခံရသူ၏ အတွင်းစိတ်ပြောဆိုချက်ဝါကျကို အဓိပ္ပာယ်ဖော်ခဲ့ရာ တိကျမှုနှုန်းသည် အမြင့်ဆုံး ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ထို့အပြင် ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုသည် စမ်းသပ်ခံရသူ၏ ကိုယ်တိုင်ပြောဆိုသော အတွင်းစိတ်ပြောဆိုချက်ကိုလည်း ရှာဖွေတွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် ဖန်သားပြင်ထက်၌ ပန်းရောင်အဝိုင်းလည်ချိန်တွင် စမ်းသပ်ခံရသူက စိတ်ထဲ၌ ဂဏန်းရေရွတ်ရာတွင်လည်း စနစ်က အဆိုပါကိန်းဂဏန်းများကို အဓိပ္ပာယ်ဖော်နိုင်သည်။
အသံထွက်ရန်ကြိုးပမ်းမှုနှင့် အတွင်းစိတ်ပြောဆိုချက်ကြောင့် ဦးနှောက် Motor Cortex အလွှာ၌ ပေါ်ထွက်သည့် အာရုံကြောလှုပ်ရှားမှုများသည် အလွန်အလားတူသော်လည်း ၎င်းတို့နှစ်မျိုးသည် သိသာသည့် ကွဲပြားမှုရှိသောကြောင့် ယုံကြည်အားထားရစွာ ခွဲခြားနိုင်ကြောင်းလည်း သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုအား အသုံးပြုသည့် ဖြစ်စဉ်အတွင်း အသုံးပြုသူအများအပြားသည် ၎င်းတို့၏ အတွင်းစိတ်ပြောဆိုချက်ကို အပြည့်အဝ အဓိပ္ပာယ်ဖော်နိုင်သည်ကို မလိုလားကြပေ။ အထက်ပါကွဲပြားမှုဖြင့် ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှုက အတွင်းစိတ်ပြောဆိုချက်အား လုံးဝလျစ်လျူရှုရန် လေ့ကျင့်ပေးနိုင်သလို လျှို့ဝှက်နံပါတ် အသုံးပြု၍ ထိန်းချုပ်ကာ အထူးသတ်မှတ်ထားသည့် အဓိကစကားလုံးများဖြင့် ဦးနှောက်-ကွန်ပျူတာချိတ်ဆက်ရာတွင် အတွင်းစိတ်ပြောဆိုချက်အား အဓိပ္ပာယ်ဖော်ခြင်း လုပ်ဆောင်ချက်ကို ယာယီဖွင့်လှစ်အသုံးပြုနိုင်ကြောင်း၊ ယင်းသည် အတွင်းစိတ်ပြောဆိုချက်ဖြင့် ပိုမိုလျင်မြန်လွယ်ကူစွာ ပြောဆိုဆက်ဆံရန် မျှော်လင့်သည့် အသုံးပြုသူများအတွက် အဆင်ပြေမှုများ ပံ့ပိုးပေးလိုက်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
လက်ရှိ ဦးနှောက်-ကွန်ပျူတာချိတ်ဆက်မှုစနစ်သည် အမှားအများအပြားဖြစ်မှုကို ရှောင်ကြဉ်၍ ကိုယ်တိုင်ပြောဆိုသည့် အတွင်းစိတ်ပြောဆိုချက်ကို အဓိပ္ပာယ်ဖော်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် အနာဂတ်တွင် ဆင်ဆာ၊ တွက်ချက်နည်းများ ပိုမိုခေတ်မီသည့် စက်ပစ္စည်းပိုမိုများပြားစွာ တွဲဖက်နိုင်မည်ဆိုပါက အဆိုပါရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြေရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
研究人员利用脑机接口尝试解码内心独白
新华社北京8月18日电 一个研究团队日前在《细胞》杂志发表论文说,他们借助脑机接口技术,在实验中成功锁定与内心独白(人脑中无声的言语)相关的脑电活动,并能以最高74%的准确率按需将其解码。
此前的研究表明,脑机接口能解读瘫痪患者的说话尝试。当使用者试图调动发声相关肌肉、真正尝试开口时,即便发出的声音含糊不清,脑机接口也能读取相应的脑电活动,并把其想表达的内容以打字形式输出。不过,对于肌肉控制能力有限的人来说,尝试开口仍然费力又缓慢。
美国斯坦福大学等机构的研究人员尝试进一步开拓脑机接口的能力,直接解码内心独白。研究团队把微电极植入负责言语产生的脑区即运动皮层,并用它记录了4名重度瘫痪患者的神经活动。实验中,研究人员引导受试者尝试说出和内心想象一组特定词汇。结果显示,尝试发声与内心独白激活的脑区高度重合,神经活动模式也相似,但内心独白的整体激活强度较弱。
据团队介绍,他们训练了人工智能模型来识别内心独白的内容。在一次概念验证实验中,脑机接口从多达12.5万个单词的词库中解码受试者内心独白的句子,准确率最高可达74%。此外,脑机接口还能捕捉到受试者自发的内心独白——例如当屏幕上出现粉色圆圈时,受试者心里默数,系统也能识别出这些数字。
研究团队还发现,尽管尝试发声与内心独白在运动皮层产生的神经活动模式非常相似,但两者仍有足够差异,可以被可靠地区分开来。
在使用脑机接口过程中,很多时候用户并不希望自己的内心独白完全被解读出来。研究人员表示,可以借助这一差异来训练脑机接口完全忽略内心独白,也可使用密码控制,用特定关键词临时解锁脑机接口读取内心独白这一功能。这为希望利用内心独白实现更快捷交流的用户提供了便利。
研究人员坦言,目前的脑机接口系统还无法在避免大量错误的前提下,解码自发的内心独白,但若未来配备更多传感器、算法更先进的设备,则这一目标有望实现。(完)
图说:2月14日,2025年苏州市“人工智能+”创新发展推进大会暨人工智能赋能新型工业化深度行(苏州站)活动现场展示的脑机接口智能装备。新华社记者 李博 摄