North America
အမေရိကန်အစိုးရက Intel ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းခန့်အား ဝယ်ယူ၍ အစုရှယ်ယာရှင်ကြီး ဖြစ်လာ

ဆန်ဖရန်စစ္စကို၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် ချိ(ပ်) ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် အမေရိကန်အစိုးရနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း ဩဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်အစိုးရက Intel သာမန်အစုရှယ်ယာ ပိုင်ဆိုင်မှုတွင် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီ၏ အစုရှယ်ယာ ၉.၉ ရာခိုင်နှုန်းအား ဝယ်ယူမည်ဖြစ်သည်။ အရောင်းအဝယ် အောင်မြင်စွာလုပ်ဆောင်ပြီးနောက် အမေရိကန်အစိုးရသည် Intel ၏ အစုရှယ်ယာရှင်ကြီး ဖြစ်လာမည်ဖြစ်သည်။
အမေရိကန်အစိုးရ၏ အစုရှယ်ယာဝယ်ယူမည့်အရင်းအနှီးသည် ထိုမတိုင်မီ “ချိ(ပ်) နှင့် သိပ္ပံပညာ ဥပဒေ” အရ Intel အား ပေးအပ်ထားသော်လည်း မပေးချေရသေးသည့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံနှင့် အမေရိကန်အစိုးရက အခြားသော စီမံကိန်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံမှ ရရှိခြင်းဖြစ်သည်ဟု Intel မှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
အမေရိကန်အစိုးရသည် အစုရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၂၀.၄၇ ဈေးနှုန်းဖြင့် Intel ၏ သာမန်အစုရှယ်ယာ အစုရေ ၄၃၃.၃ သန်းအား ဝယ်ယူခဲ့ကြောင်း၊ ထိုမတိုင်မီ Intel က ရရှိထားပြီးသား အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ထောက်ပံ့ငွေပါ ထည့်သွင်းပါက အမေရိကန်အစိုးရက Intel တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁.၁ ဘီလီယံဖြစ်သည်ဟု Intel က ဆိုသည်။ အရောင်းအဝယ် အောင်မြင်စွာလုပ်ဆောင်ပြီးနောက် အမေရိကန်အစိုးရသည် Intel ၏ “အကြီးဆုံးအစုရှယ်ယာရှင်များအနက် တစ်ဦး” ဖြစ်လာမည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။
အမေရိကန်အစိုးရ Intel တွင် ရင်းနှီးမြှုပ်နှံမှုသည် ကိုယ်တိုင်ပါဝင်မှုမဟုတ်သည့် အစုရှယ်ယာပိုင်ဆိုင်မှု ဖြစ်သောကြောင့် ဘုတ်အဖွဲ့ဝင်၊ စီမံအုပ်ချုပ်ခွင့်နှင့် အကြောင်းအရာ သိရှိပိုင်ခွင့်တို့အား ခံစားရမည်မဟုတ်ပေ။ အလွန်နည်းပါးသည့် အခြေအနေမှလွဲ၍ အစုရှယ်ယာရှင်များက ခွင့်ပြုပေးရန် လိုအပ်သည့်ကိစ္စရပ်များတွင် ကုမ္ပဏီဘုတ်အဖွဲ့နှင့် တစ်ပြေးညီသဘောထားရှိမည်ဟုလည်း အစိုးရက သဘောတူထားကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
美国政府收购英特尔约10%股份 成为大股东
新华社旧金山8月22日电(记者吴晓凌)美国芯片制造商英特尔公司22日宣布与美国政府达成协议,美国政府将向英特尔普通股投资89亿美元,收购该公司9.9%的股份。交易成功后,美国政府将成为英特尔的大股东。
根据英特尔发布的声明,美国政府的收购资金来源是此前根据《芯片与科学法案》授予英特尔但尚未支付的57亿美元补贴,以及另一笔32亿美元政府资助项目资金。
英特尔称,美国政府将以每股20.47美元的价格收购4.333亿股英特尔普通股。加上此前英特尔已获得的22亿美元补贴,美国政府对英特尔的总投资额为111亿美元。美国媒体报道,交易成功后,美国政府将成为英特尔“最大股东之一”。
美国政府对英特尔的投资属于被动持股,不享有董事会席位、治理权及知情权。政府还同意除极少数例外情况,将在需要股东批准的事项上与公司董事会保持一致。(完)
图说:7月4日,在美国首都华盛顿白宫,美国总统特朗普发表讲话。新华社记者 胡友松 摄