Connect with us

International Organizations

ရီးရဲလ်ဆိုစီဒက်နောက်ခံလူ ပါချီကို ကို ဒီပို့တီပို့အဲလဗတ်အသင်း က အငှားစာချုပ်ဖြင့်ခေါ်ယူ

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ပြုလုပ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ရီးရဲလ်ဆိုစီဒက်အသင်းတို့ လာလီဂါဘောလုံးပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ Joselu (ယာ) နှင့် ရီးရဲလ်ဆိုစီဒက်အသင်းမှ Robin Le Normand(အလယ်)တို့ ယှဥ်ပြိုင် နေသည် ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ကတွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဒီပို့တီပို့အဲလဗတ်အသင်းသည် ရီးရဲလ်ဆိုစီဒက်အသင်းမှ ဗဟိုနောက်ခံလူ ဂျွန်ပါချီကို ကို ၂၀၂၅-၂၀၂၆ လာလီဂါ ဘောလုံးရာသီအကုန်အထိ အငှားစာချုပ် ချုပ်ဆိုခဲ့ကြောင်း အသင်းက သြဂုတ် ၂၅ ရက်တွင် အတည်ပြု ပြော ကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်တွင် ရီးရဲလ်ဆိုစီဒက်နှင့် ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ကစားသမား အတွက် အဲလ်ဗတ်အသင်းသို့ အမြဲတမ်းပြောင်းရွှေ့ခွင့် မပါဝင်ဘဲ ရီးရဲလ်ဆိုစီဒက်အသင်းက ပါချီကိုသည် အလှည့်ကျ ပါဝင်ကစားနိုင်မှာဖြစ်ပြီး နောက်ရာသီတွင်မှ အရေးပါ‌‌သောနေရာကနေ ပြန်လည်ကစားရန် မျှော်မှန်းထားသည်။
အသက် ၂၄ နှစ်အရွယ် ပါချီကိုသည် ၎င်း၏ပထမဆုံးအသင်းဖြစ်သည့် ရီးရဲလ်ဆိုစီဒက်အသင်းအတွက် ၉၆ ကြိမ် ပါဝင်ကစားခဲ့ပြီးဖြစ်သည်။ ပါချီကိုသည် စပိန်နိုင်ငံ၌ U-17 နှင့် U-23 ပွဲများတွင် ပါဝင်ကစားခဲ့သည်။ U-21 တွင် ၁၅ ပွဲ ၊ U-23 တွင် ၄ ပွဲ ကစားခဲ့ပြီးနောက် ၂၀၂၄ ပဲရစ်အိုလံပစ်ဂိမ်းတွင် ‌ရွှေတံဆိပ် ရရှိခဲ့သည်။
ပြီးခဲ့သည့်ဘောလုံးရာသီ၌ ပါချီကိုသည် နည်းပြဟောင်း Imanol Alguacil လက်ထက် လာလီဂါပွဲစဥ်များတွင် ၂၂ ကြိမ် ကစားခဲ့သည်။ Imanol Alguacil ရောက်ရှိချိန်မှစ၍ ပြိုင်ပွဲမှထွက်သွားချိန်အတောအတွင်းနှင့် ခရိုအေးရှား လက်‌ရွေးစဥ်ကစားသမား Duje Caleta-Car ရောက်ရှိလာခြင်းအချက် နှစ်ချက်က ၎င်းအတွက် ဦးစားပေး အနေအထားလျော့နည်းကာ ကစားရန် အခွင့်အရေးနည်းပါးခဲ့သည်။
ပါချီကိုသည် ရီးရဲလ်ဆိုစီဒက် ကစားသမားဟောင်းများဖြစ်သည့် ဂျွန်ဂူရီဒီ၊ အန်ဒါဂွာဗာရာ တို့နှင့် ပူးတွဲ ကစားရ မည်ဖြစ်ပြီး လာမည့်အပတ်တွင် အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် အိမ်ကွင်းတွင် ပွဲဦးထွက် ယှဥ်ပြိုင်ရမည် ဖြစ်သည်။ (Xinhua)
……………………..
(English Version)
Alaves snaps up defender Pacheco on loan from Real Sociedad
MADRID, Aug. 25 (Xinhua) — Deportivo Alaves has signed central defender Jon Pacheco on loan from Real Sociedad for the rest of the 2025-2026 La Liga campaign, the club confirmed on Monday.
The agreement doesn’t include the option for Alaves to make a permanent move for a player who has a contract until 2030 with Real Sociedad, with Real Sociedad hoping Pacheco can play on a regular basis and return to play a role next season.
24-year-old Pacheco has played 96 times for the Real Sociedad first team and has represented Spain at every level from under-17 to under-23, with 15 appearances for the under-21 team and four for the under-23 side that won the gold medal in the 2024 Paris Olympic Games.
Last season saw Pacheco play 22 times in La Liga under former coach Imanol Alguacil, but the arrival of Sergio Francisco after Imanol’s departure at the end of the campaign, coupled with the arrival of Croatian international, Duje Caleta-Car has pushed him down the pecking order, leaving him with few options to play.
Pacheco joins former Real Sociedad players Jon Guridi and Ander Guevara at Alaves and could make his debut next weekend at home to Atletico Madrid.
Photo : Joselu of Real Madrid (R) vies with Robin Le Normand of Real Sociedad (C) during a Spanish La Liga football match between Real Madrid and Real Sociedad in Madrid, Spain, Sept. 17, 2023. (Photo by Gustavo Valiente/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.