Africa & Middle East
အာဖဂန်မြောက်ပိုင်း၌ အိုင်အက်စ်(IS) တိုက်ခိုက်ရေးသမား ၂ဝဝ လက်နက်ချ
ရှီဘာဂန်၊သြဂုတ် ၁ ရက်(ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ၌ လှုပ်ရှားနေသည့် အိုင်အက်စ်(IS) တိုက်ခိုက်ရေးသမား ၂ဝဝ ကျော်သည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့်အတူ နိုင်ငံမြောက်ပိုင်း Jawzjan ပြည်နယ် ၊ Darzab ခရိုင်ရှိ ဒေသဆိုင်ရာအာဏာပိုင်များထံ ယနေ့သြဂုတ် ၁ ရက်တွင် လက်နက်ချအညံ့ခံခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Mawlawi Lutfullah Azizi က ပြောကြားခဲ့သည်။(Xinhua)