Economy
မက္ကဆီကိုအနေဖြင့် စည်းကြပ်ခွန် ချိန်ညှိပြင်ဆင်မှုအား သတိရှိရှိ လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံအနေဖြင့် စည်းကြပ်ခွန်ဆိုင်ရာ ချိန်ညှိပြင်ဆင်မှုများ မလုပ်ဆောင်မီ သတိရှိရှိဖြင့် အလေးအနက် စဉ်းစားသုံးသပ်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။မက္ကဆီကိုနိုင်ငံက တရုတ်နိုင်ငံ အပါအဝင် ယင်းတို့နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်၌ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် နိုင်ငံများမှ ကုန်ပစ္စည်းအမျိုးအစား ၁,၄၀၀ ခန့်အား သွင်းကုန်ခွန်တိုးမြှင့်ရန် စီစဉ်နေသည်ဟူသော သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မက္ကဆီကိုနိုင်ငံ၏ စည်းကြပ်ခွန်ဆိုင်ရာ လုပ်ဆောင်ချက်များကို နီးနီးကပ်ကပ် စောင့်ကြည့်လေ့လာကာ နောက်ဆုံးအဆင့် အစီအမံများအတွက် ဂရုတစိုက် အကဲဖြတ်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံမှာ အပြန်အလှန်အားဖြင့် အရေးပါသော စီးပွားရေးနှင့် ကုန်သွယ်ရေး မိတ်ဖက်များဖြစ်သည့်အလျောက် တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို မထိခိုက်စေလိုကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အမေရိကန်၏ တစ်ဖက်သတ် စည်းကြပ်ခွန်ကောက်ခံမှုများအပေါ် တစ်ကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်လျက်ရှိရာ နိုင်ငံအားလုံးအနေဖြင့် လွတ်လပ်စွာ ကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုစနစ်တို့ကို အတူတကွ ကာကွယ်ထိန်းသိမ်းရေးအတွက် ထိတွေ့ဆက်ဆံမှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ လုပ်ဆောင်သင့်သလို ပြင်ပမှ ဖိအားပေးအကျပ်ကိုင်မှုကြောင့် တတိယနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင် မလုပ်ဆောင်သင့်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
သို့ဖြစ်၍ မက္ကဆီကိုနိုင်ငံ၏ တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းမူဘောင်အတွင်းမှ ဖြစ်လင့်ကစား တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုကို အညံ့ခံလိုက်လျောမှု၊ အလျှော့ပေးမှုအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုအစီအမံများအား အကောင်အထည်ဖော်မည်ဆိုပါက တရုတ်နိုင်ငံ အပါအဝင် သက်ဆိုင်ရာ ကုန်သွယ်ဖက်နိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေရုံသာမက မက္ကဆီကို စီးပွားရေးဝန်းကျင်၏ ရေရာသေချာမှုကို ဆိုးဆိုးရွားရွား ထိခိုက်စေကာ မက္ကဆီကို၌ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကိုလည်း လျော့ကျစေမည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများအား တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းတိုင်ပင်မှုတို့ဖြင့် ဖြေရှင်းရေးကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သည်ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ “မိမိတို့အနေနဲ့ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပုံစံမျိုးစုံနဲ့ ခွဲခြားဆက်ဆံတဲ့ အစီအမံတွေကိုရော တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ရပ်မှန်သမျှကိုပါ ဆန့်ကျင်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်ရန်အတွက် လက်တွေ့အခြေအနေအပေါ် အခြေခံကာ လိုအပ်သည့် အစီအမံများကို လုပ်ဆောင်သွားမည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
#China #Mexico #Tariff #တရုတ်နိုင်ငံ #မက္ကဆီကိုနိုင်ငံ #စည်းကြပ်ခွန်
………………………………………………..
(English Version)
China hopes Mexico to exercise caution on tariff adjustment: commerce ministry
BEIJING, Sept. 11 (Xinhua) — China hopes Mexico will exercise caution and think twice before making any tariff adjustment, the country’s commerce ministry said late Thursday.
A spokesperson with the Ministry of Commerce made the remarks when responding to media reports that Mexico is planning to increase import tariff rates on about 1,400 items from countries that have not signed free trade agreements with it, including China.
China will closely monitor Mexico’s tariff moves and carefully evaluate any final measures, said the spokesperson, noting that China and Mexico are each other’s important economic and trade partners and China does not want to see such cooperation affected.
Given widespread global opposition to the unilateral tariff impositions by the United States, all countries should strengthen communication and coordination to jointly defend free trade and multilateralism, the spokesperson said, stressing that third-party interests must not be sacrificed under pressure from external coercion.
In this context, any unilateral tariff measures taken by Mexico, even if within the framework of World Trade Organization rules, will be regarded as appeasement and compromise towards unilateral bullying, the spokesperson said.