Connect with us

Europe

အစ္စရေး၏ ကုန်သွယ်မှု အထူးအခွင့်အရေးများကို ဆိုင်းငံ့ရန်၊ အစ္စရေး လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူရန် ဥရောပကော်မရှင် အဆိုပြု

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံးချုပ်၌ ဥရောပသမဂ္ဂအလံများ လွှင့်ထူထားသည်ကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အစ္စရေးအား ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေးများကို တစ်စိတ်တစ်ပိုင်း ဆိုင်းငံ့ထားရန်နှင့် အစ္စရေး အစိုးရဝန်ကြီးအချို့၊ အစ္စရေးအခြေချနေထိုင်သူများနှင့် ဆက်စပ်အဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူရန် အကြံပြုထားသည့် အဆိုပြုချက်တစ်စောင်အား ဥရောပသမဂ္ဂ (EU) ကောင်စီထံ တင်သွင်းထားကြောင်း ဥရောပကော်မရှင်က စက်တင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
ယင်းအစီအမံမှာ အစ္စရေးနှင့် ကုန်သွယ်မှုရပ်ဆိုင်းလိုက်ခြင်း မဟုတ်သော်လည်း အီးယူ-အစ္စရေး အသင်းအဖွဲ့ သဘောတူညီချက်အရ အစ္စရေးအား ဦးစားပေးအဆင့် သတ်မှတ်မှုကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်ဟု အီးယူ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုအစီအမံများကို လက်တွေ့ဖော်ဆောင်မည်ဆိုလျှင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခွင့်အရေးအများဆုံး ရရှိထားသောနိုင်ငံ (MFN) စည်းမျဉ်းများအရ အီးယူထံ အစ္စရေး၏ ပို့ကုန်တင်ပို့မှုများ ကျဆင်းသွားမည်ဖြစ်ကာ စည်းကြပ်ခွန်နှုန်းထားများ ပိုမိုမြင့်တက်လာမည်ဖြစ်သည်။
အစ္စရေးက အီးယူထံ ကုန်စည်တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်တွင် ယူရို ၁၅.၉ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံ) ရှိကြောင်း အီးယူ၏ ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်များအရ သိရသည်။ အီးယူမှာ အစ္စရေး၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်ကာ ယင်း၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းခန့်ရှိသည်။
ကုန်သွယ်မှုပမာဏမှာ ယခင်အတိုင်း အပြောင်းအလဲမရှိပါက အစ္စရေး ပို့ကုန်လုပ်ငန်းများအနေဖြင့် နှစ်စဉ် ထပ်တိုးစည်းကြပ်ခွန်ပမာဏ ယူရို သန်း ၂၂၀ ဝန်းကျင် ချမှတ်ခံရမည်ဖြစ်ရာ အဓိကအားဖြင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အခွံမာသီး စသော လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ပါဝင်သည့် အီးယူထံ ပို့ကုန်များ၏ ၃၇ ရာခိုင်နှုန်းခန့်အား သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဥ‌ရောပကော်မရှင်က ခန့်မှန်းထားသည်။
ထိုအစီအမံများမှာ အစ္စရေးက ဂါဇာဒေသ၏ လူသားချင်းစာနာမှု အကျပ်အတည်းအပေါ် သက်ရောက်မှုဖြစ်စေခြင်း၊ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းအား အားလျော့စေခြင်းဖြင့် အီးယူ-အစ္စရေး အသင်းအဖွဲ့ သဘောတူညီချက်အား ချိုးဖောက်မှုအတွက် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဥရောပကော်မရှင်က ဆိုသည်။
ထို့ပြင် အစ္စရေးအစိုးရဝန်ကြီး နှစ်ဦးဖြစ်သည့် အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်-ဂျီဗီယာနှင့် ဘဏ္ဍာရေးဝန်ကြီး ဘက်ဇာလာ စမော့ထရစ်ချ်တို့အပြင် အကြမ်းဖက်သည့် အစ္စရေးအခြေချနေထိုင်သူများနှင့် ဆက်စပ်အဖွဲ့အစည်းများအား ပိတ်ဆို့အရေးယူရန်လည်း ဥရောပကော်မရှင်က အဆိုပြုခဲ့သည်။ အီးယူအနေဖြင့် ဟားမက်စ်အဖွဲ့၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၁၀ ဦးကိုလည်း ဒဏ်ခတ်အရေးယူမည့် စာရင်း၌ ထည့်သွင်းကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
အီးယူ၏ စည်းမျဉ်းများအရ ကုန်သွယ်ရေး အစီအမံများကို ဥရောပသမဂ္ဂ‌ကောင်စီ၏ အများစုထောက်ခံမဲဖြင့် အတည်ပြုရမည်ဖြစ်ကြောင်း၊ ထို့နောက် အီးယူ-အစ္စရေး အသင်းအဖွဲ့ကောင်စီထံ အကြောင်းကြားပြီး ရက် ၃၀ အကြာတွင် တရားဝင် အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂါဇာမြို့ အနောက်တောင်ပိုင်းရှိ ပါလက်စတိုင်း နေရပ်စွန့်ခွာသူများအတွက် ယာယီခိုလှုံရေးစခန်းတစ်ခု၌ အစားအသောက်များ အခမဲ့ရရှိနိုင်ရန် စောင့်ဆိုင်းနေသူများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
EU Commission proposes suspending trade preferences for Israel, sanctions on Israeli individuals, entities
BRUSSELS, Sept. 17 (Xinhua) — The European Commission said on Wednesday that it has submitted a proposal to the Council of the European Union (EU), recommending a partial suspension of trade preferences granted to Israel, and sanctions on certain Israeli ministers, settlers and related entities.
According to a senior EU official, the move does not amount to halting trade with Israel, but to suspending its preferential treatment under the EU-Israel Association Agreement. Once implemented, Israeli exports to the EU would fall under the World Trade Organization’s most-favored-nation (MFN) rules, resulting in higher tariffs.
According to EU trade data, Israel’s goods exports to the EU amounted to about 15.9 billion euros (18.8 billion U.S. dollars) in 2024. The EU is Israel’s largest trading partner, accounting for roughly 32 percent of its global trade.
The Commission estimates that, if trade volumes remain unchanged, Israeli exporters would face around 220 million euros in additional tariffs annually, affecting about 37 percent of exports to the EU, which are mainly agricultural products such as fruits, vegetables and nuts.
The Commission said that the measures are a reaction to Israel’s breach of the EU-Israel Association Agreement, citing its impact on the humanitarian crisis in Gaza and the erosion of the two-state solution.
In addition, the Commission proposed sanctions against two Israeli ministers — National Security Minister Itamar Ben-Gvir and Finance Minister Bezalel Smotrich — as well as certain violent settlers and related entities. The EU also plans to add 10 Hamas political bureau members to its sanctions list, subjecting them to asset freezes and travel bans.
Under EU rules, the trade measures must be adopted by a qualified majority in the Council of the European Union and will formally enter into force 30 days after notifying the EU-Israel Association Council.
English Caption 1
Photo taken on May 23, 2025 shows European Union flags at the European Commission headquarters in Brussels, Belgium. (Xinhua/Zhao Dingzhe)
English Caption 2
Palestinians wait to receive free food at a camp for displaced people in southwest Gaza City, on Aug. 24, 2025. (Photo by Rizek Abdeljawad/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.