Connect with us

China

တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အတွင်းအပြင်မှ လေ့လာခြင်း- လက်ဖက်ရည်တစ်ခွက် အိမ်ထောင်စုပေါင်းများစွာ အကျိုးဖြစ်ထွန်းစေ

တရုတ်နိုင်ငံ နန်နင်းမြို့ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာရှိ လျို့ပေါင်လက်ဖက်ခြောက် ပြသခန်းတွင် လက်ဖက်ရည် မြည်းစမ်းရွေးချယ်နေသူများအား စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်းနင်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အနီရောင်၊ ပျစ်နှစ်မှု၊ ရင့်သက်မှု၊ သန့်စင်နူးညံ့မှု ရှိသော… ကွမ်ရှီးလျို့ပေါင်လက်ဖက်၏ ထူးခြားသောအရသာသည် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပဧည့်သည်များအား အံ့အားသင့်စေခဲ့ပြီး လက်ဖက်ကုမ္ပဏီလုပ်ငန်းများစွာ၏ လျို့ပေါင်လက်ဖက်သည် လူကြိုက်များဝယ်လိုအားကောင်းစေခဲ့သည်။

ကွမ်ရှီးလျို့ပေါင်လက်ဖက်သည် ယခုအခါ နှစ်ပေါင်း ၁,၅၀၀ ကျော်သက်တမ်းရှိပြီဖြစ်ကာ ၎င်း၏ ထုတ်လုပ်မှုနည်းပညာကို စတုတ္ထအသုတ် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုယ်စားပြု နာမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ကွမ်ရှီးသည် ယွမ်ငွေ ဘီလီယံ ရာနှင့်ချီ တန်ဖိုးရှိသော လက်ဖက်ခြောက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ဖန်တီးရေးကို အာရုံစိုက်ကာ အစိမ်းရောင်စွမ်းဆောင်ရည်မြင့် လက်ဖက်ခြံများ တည်ဆောက်ခြင်း၊ ကုန်အမှတ်တံဆိပ် မြှင့်တင်ခြင်းနှင့် စျေးကွက်ရှာဖွေရေး စနစ်တည်ဆောက်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းပေါင်းစည်းခြင်းနှင့်လက်ဖက်ယဉ်ကျေးမှု မြှင့်တင်ခြင်း စသည့် စီမံကိန်းများစွာကိုနက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လျို့ပေါင်လက်ဖက်ကို မောင်းနှင်အားအဖြစ်အသုံးပြုသော နွေဦးကာလ ကနဦးလက်ဖက် စသည့်တစ်မူထူးခြားသော အားသာချက်ရှိသည့်လက်ဖက်နှင့်အတူ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်သောစက်မှုလုပ်ငန်းအခင်းအကျင်းကို ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့သည်။ လက်ဖက်ထုတ်လုပ်မှုလုပ်ငန်းသည် ရှင်သန်တက်ကြွလာခဲ့ပြီး လျို့ပေါင်လက်ဖက်သည် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ” မှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်ရောက်ရှိကာ ပြည်တွင်းပြည်ပတွင် ရနံ့သင်းပျံ့လျက် ကျော်ကြားလာသည်။

၂၀၂၄ ခုနှစ်တွင် ကွမ်ရှီးလျို့ပေါင်လက်ဖက် ထုတ်လုပ်မှုပမာဏသည် တန်ချိန် ၄၃,၀၀၀ ရှိခဲ့ပြီး အထွေထွေထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ဘီလီယံ ၃၀ ကျော်ရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နန်းနင်မြို့ နိုင်ငံတကာ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ပြသထားသော လျို့ပေါင်လက်ဖက်ခြောက်ထုတ်ကုန်များကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
会里会外看东博会:一盏茶 香万家
新华社照片,南宁,2025年9月19日
红、浓、陈、醇……广西六堡茶的特质风味在第22届中国—东盟博览会上给国内外观众带来惊喜,多家茶企的六堡茶引发选购热潮。
广西六堡茶距今已有1500多年的历史,其制作工艺被列入第四批国家级非物质文化遗产代表性项目名录。
近年来,广西围绕打造千亿元茶产业发展目标,深入实施绿色高效茶园建设、品牌提升和营销体系建设、产业融合和茶文化提升等多项工程,形成了以六堡茶为引擎,早春茶等特色优势茶协同发展的产业格局,茶产业焕发勃勃生机,六堡茶正沿“21世纪海上丝绸之路”运达八方,香飘海内外。
2024年,广西六堡茶产量达到4.3万吨,综合产值超300亿元。
图说 1:在南宁国际会展中心六堡茶展区,参观者在品茶选茶(2025年9月18日摄)。新华社记者 胡秋思 摄
图说 2:这是在南宁国际会展中心展出的六堡茶产品(2025年9月18日摄)。新华社记者 周汀鹭 摄