International Organizations
တိုကျိုမြို့ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပီချာဒို အနိုင်ရရှိ

တိုကျို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပေါ်တူဂီနိုင်ငံ၏ တိုကျိုအိုလံပစ်ချန်ပီယံ ပက်ဒရိုပီချာဒိုသည် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ၎င်း၏ နောက်ဆုံကြိုးပမ်းမှုတွင် ကမ္ဘာ့ဦးဆောင်အကွာအဝေး ၁၇.၉၁ မီတာ ရရှိသတ်မှတ်နိုင်ခဲ့သည်။
လွန်ခဲ့သည့်သုံးနှစ်က Eugene ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် အသက် ၃၂ နှစ်အရွယ် ပီဒရိုပီချာဒိုသည် ၎င်း၏ ထူးချွန်သည့်လုပ်ဆောင်ချက်ကြောင့် ဒုတိယမြောက် ကမ္ဘာ့ချန်ပီယံဆု ထပ်မံရရှိခဲ့ပြီ ဖြစ်သည်။
အီတလီနိုင်ငံမှ အန်ဒရီယာဒယ်လာဗယ်လီ က ၁၇.၆၄ မီတာ ခုန်ကာ ငွေတံဆိပ်ဆု၊ ကျူးဘားနိုင်ငံမှ လာဇာရိုမာတီနက်ဇ် က ရာသီအတွင်းအကောင်းဆုံးနှင့်ကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ကြောင်းသိရသည်။
တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သူ တရုတ်နိုင်ငံမှ Zhu Yaming က ၁၆.၅၁ မီတာ ဖြင့် အဆင့် ၁၁ နေရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)
………………….
(English Version)
Pichardo leaps to men’s triple jump title at Tokyo worlds
TOKYO, Sept. 19 (Xinhua) — Portugal’s Tokyo Olympic champion Pedro Pichardo soared to victory in the men’s triple jump at the World Athletics Championships on Friday, delivering a world-leading mark of 17.91 meters on his final attempt.
The 32-year-old’s stellar performance secured his second world title, following his triumph in Eugene three years ago.
Italy’s Andrea Dallavalle claimed silver with a 17.64-meter jump, while Cuba’s Lazaro Martinez earned bronze with a season-best 17.49 meters.
China’s Zhu Yaming, a silver medalist at the Tokyo Olympics, finished 11th with a mark of 16.51 meters.
Photo : Gold medalist Pedro Pichardo of Portugal celebrates after the men’s triple jump final at the 2025 World Athletics Championships in Tokyo, Japan, Sept. 18, 2025. (Xinhua/Song Yanhua)