Africa & Middle East
အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းခြင်းမရှိဟု အီရန်သမ္မတ ပြော

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် ကြိုးပမ်းခြင်းမရှိကြောင်း အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
“အီရန်ဟာ နျူကလီးယားဗုံး ထုတ်လုပ်ဖို့ ဘယ်တုန်းကမှ ကြိုးပမ်းခဲ့ခြင်းမရှိသလို အနာဂတ်မှာလည်း လုံးဝကြိုးပမ်းသွားမှာ မဟုတ်ဘူးဆိုတာကို ဒီညီလာခံ မစတင်ခင်မှာ ထပ်လောင်းကြေညာချင်ပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ အချေအတင်ဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးပမ်းခြင်းမရှိပါဘူး။ ဒါဟာ ဦးသျှောင်ခေါင်းဆောင်ကြီးနဲ့ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ထုတ်ပြန်ထားတဲ့ အမိန့်ပြန်တမ်းကို အခြေခံတဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်ပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ လူအစုလိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်ဖို့ ဘယ်တုန်းကမှ ကြိုးပမ်းခဲ့ခြင်းမရှိသလို နောင်ကိုလည်း လုံးဝကြိုးပမ်းသွားမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၅ ခုနှစ် အီရန် နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သော ဥရောပနိုင်ငံ သုံးနိုင်ငံဖြစ်သည့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အီရန်အပေါ် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများမှာ တရားဝင်မှုမရှိဟု ပီဇက်ရှ်ကီယန်က ဆိုသည်။
E3 ဟု လူသိများသော အဆိုပါ သုံးနိုင်ငံက အီရန်အနေဖြင့် သဘောတူညီချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း ဩဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီထံ အကြောင်းကြားကာ Joint Comprehensive Plan of Action (JCPOA) ဟု တရားဝင် သိရှိထားသည့် အီရန် နျူကလီးယားသဘောတူညီချက်တွင် ပါရှိသော မူလဒဏ်ခတ်အရေးယူမှုများ ပြန်လည်ချမှတ်ရေး ယန္တရားကို အသက်သွင်းကြောင်း အခိုင်အမာပြောဆိုထားသည်။
သို့သော် E3 အနေဖြင့် JCPOA သဘောတူညီချက်နှင့် ထိုသဘောတူညီချက်အား အတည်ပြုထောက်ခံထားသည့် ဆုံးဖြတ်ချက်အမှတ်- ၂၂၃၁ တွင် ပါရှိသော အငြင်းပွားမှုဖြေရှင်းရေး ယန္တရား (DRM) အား အဆင့်ကျော်ကာ လုပ်ဆောင်ခဲ့သည့်အတွက် ဥပဒေနှင့်ညီညွတ်မှုရှိမရှိ ဆိုသည့်အပေါ် မေးခွန်းထုတ်ခံခဲ့ရသည်။
JCPOA နှင့် ဆုံးဖြတ်ချက်အမှတ်- ၂၂၃၁ အရ အငြင်းပွားမှုဖြေရှင်းရေး ယန္တရား (DRM) အောက်တွင် အငြင်းပွားမှုကို ဖြေရှင်းရန် ၃၅ ရက် အချိန်ပေးထားကာ ထိုယန္တရားဖြင့် ပြေလည်အောင်ဖြေရှင်းနိုင်ခြင်း မရှိမှသာလျှင် မူလဒဏ်ခတ်အရေးယူမှုများ ပြန်လည်ချမှတ်ရေးဟူသော အချက်ကို အသက်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Iran does not seek nuclear weapons: president
UNITED NATIONS, Sept. 24 (Xinhua) — Iranian President Masoud Pezeshkian told the UN General Assembly on Wednesday that his country does not seek nuclear weapons.
“I hereby declare once more, before this assembly, that Iran has never sought and will never seek to build a nuclear bomb,” he told the General Debate of the General Assembly. “We do not seek nuclear weapons. This is our belief based on the edict issued by the Supreme Leader and by religious authorities. Therefore, we never sought weapons of mass destruction, nor will we ever seek them.”
Pezeshkian said the attempts by the three European countries of Britain, France and Germany, which are parties to the 2015 Iran nuclear deal, to reinstate UN sanctions against Iran are illegitimate.
The three countries, known as the E3, claimed that they triggered the snapback mechanism provided for in the Iran nuclear deal, formally known as the Joint Comprehensive Plan of Action (JCPOA), by notifying the Security Council of Tehran’s “non-performance” on Aug. 28.
However, the legality of the E3 move has been questioned as it skipped the Dispute Resolution Mechanism (DRM) provided for in the JCPOA and Resolution 2231, which endorsed the deal.
Under the JCPOA and Resolution 2231, the DRM has 35 days to resolve the disagreement. A snapback can be triggered only after the DRM fails to resolve the issue.
English Caption
Iranian President Masoud Pezeshkian attends a press conference in Tehran, Iran, on Sept. 16, 2024. (Xinhua/Shadati)