Social, Education & Health
စာတတ်မြောက်ရေးဆိုင်ရာ ဆန်းသစ်တီထွင်ထားသော ပညာရေးစီမံကိန်းများအား ယူနက်စကိုကွန်ဖြူးရှပ်ဆု ချီးမြှင့်

ကျိနန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ်၊ ကျူဖူးမြို့တွင် စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော ၂၀ ကြိမ်မြောက် စာတတ်မြောက်ရေးဆိုင်ရာ ယူနက်စကိုကွန်ဖြူးရှပ်ဆုချီးမြှင့်ပွဲ၌ ဘင်္ဂလားဒေ့ရှ်၊ အိုင်ယာလန်နှင့် မော်ရိုကိုနိုင်ငံများမှ ပညာရေးစီမံကိန်းများအား ပညာရေးဆန်းသစ်တီထွင်မှုတွင် ၎င်းတို့၏ ပါဝင်လုပ်ဆောင်မှုများအတွက် အသိအမှတ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။စာတတ်မြောက်ရေးဆိုင်ရာ ယူနက်စကိုကွန်ဖြူးရှပ်ဆုရရှိသူများထဲတွင် ” နေရောင်ခြည်စွမ်းအင်သုံး ရေ ပေါ်ကျောင်းများ” အစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရမဟုတ်သောအဖွဲ့အစည်း Shidhulai Swanirvar Sangstha ၊ “NALA အီလက်ထရွန်းနစ်သင်ကြားရေးဝက်ဘ်ဆိုက်အသုံးပြုသင်ယူလိုက်ပါ” အစီအစဉ်အတွက် အိုင်ယာလန်နိုင်ငံမှ အမျိုးသား အရွယ်ရောက်သူများ စာတတ်မြောက်ရေး အေဂျင်စီ၊ “ဒုတိယမြောက်အခွင့်အလမ်း ကျောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်သော ပဏာမခြေလှမ်း” အစီအစဉ်အတွက် မော်ရိုကိုနိုင်ငံမှ အမျိုးသားပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဒုတိယမြောက် အခွင့်အလမ်းကျောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်သောပညာရေးဦးစီးဌာနများ ပါဝင်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ချီးမြှင့်ခဲ့သော စာတတ်မြောက်ရေးဆိုင်ရာ ယူနက်စကိုကွန်ဖြူးရှပ် ဆုမှာ ယူနက်စကို၏ဖွဲ့စည်းပုံအတွင်း တရုတ်နိုင်ငံမှ အထင်ကရပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုအမည်ပေးထား သော ပထမဆုံးနိုင်ငံတကာဆုဖြစ်သည်။ ပညာရေးကဏ္ဍတွင် ထူးချွန်ပြောင်မြောက်သော အောင်မြင်မှု များ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးများအတွက် ပညာရေးကဲ့သို့သော ကျေးလက်တောရွာ စာ တတ်မြောက်ရေးလှုပ်ရှားမှုများအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။ ယခုဆုမှာ ကွန်ဖြူးရှပ်၏ အဓွန့်ရှည်တည်တံ့သော ပညာရေးဆိုင်ရာ ဒဿနအတွေးအမြင်များကို ထင်ဟပ်နိုင်စွမ်းရှိသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တောင်အာဖရိက၊ စပိန်နှင့် ပါကစ္စတန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ စီမံကိန်း ၅၇ ခုကို အသိအမှတ်ပြု ဆုချီးမြှင့်ပေးခဲ့ပြီးဖြစ်ကာ အမျိုးသမီးများ၊ ကျောင်းမနေနိုင်သည့် လူငယ်များနှင့် ကျေးလက်ဒေသမှ ဆင်းရဲနွမ်းပါးသည့် ပြည်သူများကဲ့သို့ လူပေါင်းတစ်သန်းကျော်အား အကျိုးကျေးဇူးရရှိစေခဲ့ကြောင်း သိရသည်။ စာတတ်မြောက်ရေးဆိုင်ရာ ယူနက်စကိုကွန်ဖြူးရှပ်ဆုမှာ ကမ္ဘာလုံးဆိုင်ရာ ပညာရေး ညီတူညီမျှရှိမှုကို မြှင့်တင်ပေးနိုင်ခဲ့သလို ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော အရည်အသွေးမီ ပညာရေး ရည်မှန်းချက်ပန်းတိုင် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုးတက်လာစေခဲ့ကြောင်း သိရသည်။ (Xinhua)
—————————
(English Version)
UNESCO Confucius Prize for Literacy honors innovative education projects
JINAN, Sept. 27 (Xinhua) — The 20th UNESCO Confucius Prize for Literacy was awarded on Saturday in the city of Qufu, east China’s Shandong Province, with projects from Bangladesh, Ireland and Morocco recognized for their contributions to innovation in education.
The winners included Bangladesh’s non-governmental organization “Shidhulai Swanirvar Sangstha” for its “Solar-powered Floating Schools” program, Ireland’s National Adult Literacy Agency for its “Learn with NALA eLearning website” program, and Morocco’s Directorate of the Second Chance School and Inclusive Education of the Ministry of National Education for its “Second Chance School and Inclusive Education” initiative.
Established in 2005, the UNESCO Confucius Prize for Literacy is the first international award named after a Chinese figure within the UNESCO system. It honors outstanding achievements in education, particularly in rural literacy, as well as women’s and children’s education. The prize reflects Confucius’ enduring educational philosophies.
Over the past two decades, the prize has recognized 57 projects across 36 countries, including South Africa, Spain and Pakistan, benefiting over a million individuals such as women, out-of-school youth, and rural poor. It has promoted global educational equity and advanced the UN’s Sustainable Development Goal of quality education. ■
Photo:
A drone photo shows the sculpture of Confucius at Nishan Sacredland scenic spot in Qufu, east China’s Shandong Province, May 21, 2025. (Xinhua/Xu Suhui)